Rain Moltivation
Please like my page. I will post motivational post and English sharing post and guide line to succes
04/01/2021
Rubbish Theory(အမှိုက်ထုပ်သီအိုရီ)
ဒီအကြောင်းကတော့ ဆရာမိုးရှင်း(I.M.T)ရဲ့ 'လက်ဆောင်' ဆိုတဲ့စာအုပ်မှာဖတ်မိပြီးကြိုက်လို့မျှဝေပေးတာဖြစ်ပါတယ်။အကြောင်းအရာကဒီလိုပါ။
မနက်ခင်းတစ်ခုမှာလူတစ်ယောက်ဟာလေဆိပ်သွားဖို့တက္ကစီတစ်စီးကိုငှားလိုက်တယ်။တက္ကစီစထွက်ပြီးမကြာခင်မှာပဲလမ်းဘေးမှာရပ်ထားတဲ့ကားကဝုန်းခနဲဆိုပြီးအရှိန်နဲ့ထွက်သွားတယ်။ကားဆရာကလည်းဘရိတ်ကိုဝုန်းခနဲအုပ်လိုက်ရတာပေါ့။ကံကောင်းလို့မတိုက်တာ။ကားဆရာသွားတာကလမ်းမှန်ပါ။ဒါမဲ့မှားတဲ့သူက ကားရပ်ပြီးပြန်တောင်ဆဲလိုက်သေးတယ်။ဒါပေမဲ့ကားဆရာကပြန်တောင်ပြုံးပြလိုက်တယ်။ကားပေါ်ကလူဟာတေ်တော်အံ့သြ သွားတယ်။ဘာလို့ဒေါသမထွက်ပဲပြန်ပြုံးပြလိုက်လဲလို့မေးတဲ့အခါကားဆရာက"ဒီလိုလူတွေဟာအမှိုက်ကားတွေပဲ။သူတို့မှာအမှိုက်နဲ့တူတဲ့ဒေါသတွေစိုရမ်ပူပန်မှုတွေစိတ်ရှုပ်ထွေးမှုတွေနဲ့ပြည့်နက်နေတာ။အမှိုက်တွေပြည့်လာတဲ့အခါသွန်ဖို့နေရာရှာကြတာပေါ့။တစ်ခါတစ်လေကို့ပေါ်ပုံချတက်တယ်။ဒါပေမဲ့ခင်များလက်မခံရင်ဘာမှမဖြစ်ဘူး။ပြုံးသ်င့ရင်ပြုံးပြလိုက်၊သူတို့ကိုစိတ်မစိုးနဲ့။ကိုယ့်ခရီးကိုဆက်လျှောက်။သူတို့အမှိုက်တွေကိုယူပြီးအခြားသူတွေဆီလက်ဆင့်မကမ်းနဲ့”တဲ့။ဘယ်လောက်ကောင်းလိုက်တဲ့စကားလဲ။ကျွန်တော်လည်းဒီစာကိုဖက်ပြီးတဲ့နေ့ကစပြီးဒေါသလွယ်လွယ်နဲ့မထွက်တက်တော့ပါဘူး။အရင်ထက်ဆိုင်ရင်အများကြီးစိတ်ချမ်းသာလာပါတယ်။ဒါ့ကြောင့်ဒီအကြောင်းလေးကိုsharingလုပ်ပေးရခြင်းဖြစ်ပါတယ်။
Credict-လက်ဆောင်(မိုးရှင်း(I.M.T))
21/12/2020
Use You tube instead of other social media
ဒီအပတ်မှာတော့အခြားsocial mediaတွေအစားဘာကြောင့် You tubeသုံးသင့်လဲဆိုတာရှင်းပြပေးသွားပါမယ်။ITခေတ်ရောက်လာတာနဲ့အမျှ လူတိုင်းဟာsocial media တွေသုံးလာကြတယ်။social mediaတွေအားလုံးရဲ့လုပ်ဆောင်ချက်တွေအားလုံးနည်းပါးတူညီကြပါတယ်။လုပ်ဆောင်ချက်တွေထဲကမှအကောင်းဆုံး အရာကိုပြောပါဆိုရင် You tubeလို့ပြောရပါလိမ့်မယ်။သင်ဟာသင့်အတွက်အကျိုးရှိမဲ့အရာကိုရှာချင်တယ်ဆိုပါတော့။You tubeမှာသင်တစ်ခါရှာလိုက်တာနဲ့ You tubeရဲ့new feedမှာသင်ရှာတဲ့အရာနဲ့ပတ်သတ်တဲ့အရာတွေပဲတက်ပါတယ်။အခြားsocial mediaတွေမှာဆိုရင်အခြားလူကြိုက်များတဲ့အရာတွေnew feedမှာတက်ပါတယ်။ဒါကြောင့်ကိုရှာချင်တဲ့အကြောင်းအရာနဲ့လွဲချော်သွားပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ဖူးပါတယ်။ဒါပြင်you tube ရဲ့new feedမှာကိုရှာတဲ့အကြောင်းအကြောင်းကိုတစ်ကမ္ဘာလုံးကပြောပြပေးထားတဲ့ဟာတွေပါတက်လာတဲ့အတွက်အကျိုးပိုရှိတာပေါ့။ဒါ့အပြင်ပျင်းလို့new feedကြည့်ရင်လည်းအကျိုးရှိမဲ့ဟာတွေပဲတက်တော့ကို့အတွက်ပိုအကျိုးရှိတာပေါ့။dataလေးနဲနဲပိုပေးရပင်မဲ့ပေးရကျိုးနက်တာပေါ့။ဒါကြောင့်you tubeကိုသုံးစေချင်ပါတယ်။
07/12/2020
20% Rule
20% Ruleဆိုတာဘာလဲ။ကျွန်တော်တို့နေ့စဥ်ရတဲ့အချိန်တွေကို၅ ပုံ ပုံလိုက်ရအောင်။၁၀၀မှာ၂၀ပေါ့။ပထမ၂၀% က ကိုယ့်ထက်တော်တဲ့သူတွေနဲ့နေရမယ့်အချိန်ပေါ့။ဥပမာ-ဆရာ၊ဆရာမတွေ၊ကိုယ်အားကျလေးစားရတဲ့သူတွေပေါ့။သူတို့ဆီကနေသင်ယူလေ့လာရမယ်လေ။ဒုတိယ၂၀% ကတော့ကိုယ်နဲ့တန်းတူဖြစ်သူတွေပေါ့။ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေပေါ့။ဒါမှသာလိုအပ်ရင်အကူအညီရနိုင်မှာပေါ့။တတိယ၂၀% ကတော့ကိုယ့်ထက်ညံ့တဲ့သူတွေပေါ့။ဥပမာ-ကိုယ့်ထက်ငယ်တဲ့သူတို့၊ကိုယ့်တပည့်တို့ပေါ့။သူတို့ကိုလမ်းပြပေးခြင်းအားဖြင့်ကိုယ်ကိုယ်တိုင်တိုးတက်နိုင်ပါတယ်။စတုတ္ထ၂၀% ကတော့ကိုယ်ချစ်တဲ့သူတွေပေါ့။ကိုယ့်မိသားစု၊ကိုယ့်ချစ်သူ၊ကိုယ့်သူငယ်ချင်းပေါ့။နောက်ဆုံး၂၀% ကတော့ကိုယ်ပိုင်အချိန်ပေါ့။ဥပမာ-စာအုပ်ဖက်တာတို့၊ကိုယ်ဝါသနာပါတာတို့၊ကိုယ့်ဘဝတိုးတက်ဖို့အတွက်အသုံးပြုရမယ့်အချိန်ပေါ့။ဒီလိုရတဲ့အချိန်ကို၅ ပုံ ပုံပြီးအသုံးပြုရင်တော့သင့်ဘဝဟာပုံမှန်တိုးတက်သွားမှာပါ။ဒါပေမယ့်အောင်မြင်ချင်တယ်၊ကျော်ကြားချင်တယ်ဆိုပေမယ့်ကိုယ်ပိုင်အချိန်ကိုပိုထားသင့်ပါတယ်။ဥပမာပြောရရင်ကိုယ်ပိုင်အချိန်ကို50% လောက်ထားပြီးကျန်တာအားလုံးပေါင်းမှ50% ပဲထားမှာပေါ့။ဒါဆိုရင်သင်ဟာသင်အချိန်တွေကိုအကျိုးရှိရှိအသုံးပြုနေသူတစ်ယောက်ဖြစ်လာမှာပါ
Click here to claim your Sponsored Listing.
Category
Website
Address
Maung Khin Street
Pyinmana