ALPHA Private High School

ALPHA Private High School

Share

Education is a lifelong learning process. KG to Grade 9

13/05/2026

(၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် အတန်းတင် စာမေးပွဲကြီး၏ အောင်စာရင်းအား (၁၄.၅.၂၀၂၆) ရက်နေ့တွင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။

အောင်စာရင်းအား (၁၄.၅.၂၀၂၆) ရက်နေ့ နံနက် (၆:၀၀) မှ စ၍ လူကိုယ်တိုင် လာရောက်ကြည့်ရှုလိုပါက ကျောင်းရှေ့ကြေငြာသင်ပုန်းနှင့် Onlineမှ ကြည့်ရှုလိုပါက Website တွင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။

အောင်စာရင်းကြည့်ရန် 👇🏻👇🏻👇🏻

https://wisdomhill.education/2025-2026-final-exam-result-alpha/

10/05/2026

🌹မေတ္တာရှင်မိခင်များသို့ ဂုဏ်ပြုလွှာ

​"အမေ" ဆိုတဲ့ စကားလုံးဟာ ကမ္ဘာပေါ်မှာ အတိုဆုံးဖြစ်ပေမဲ့ အဓိပ္ပာယ်ကတော့ အကျယ်ဝန်းဆုံးနဲ့ အနက်ရှိုင်းဆုံး ဖြစ်ပါတယ်။ သားသမီးတွေရဲ့ ဘဝအစ တေးသံသာလေးကနေ စတင်ပြီး ဘဝခရီးလမ်း တစ်လျှောက်လုံးမှာ အရိပ်လိုမခွဲ၊ အမြဲတမ်း နွေးထွေးမှုပေးနေတာကတော့ အမေပဲ ဖြစ်ပါတယ်။

💞အမေဆိုတာ သားသမီးတွေအတွက် ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲ မိမိရဲ့ အချိန်တွေ၊ အိပ်စက်ခြင်းတွေနဲ့ လူငယ်ဘဝတွေကို ပေးဆပ်ခဲ့သူပါ။

💞ကျွန်မတို့ စကားစပြောတတ်ချိန်ကနေ လောကကြီးရဲ့ အမှားအမှန်ကို ခွဲခြားတတ်အောင် ပထမဆုံး လက်တွဲသင်ကြားပေးခဲ့တဲ့ လမ်းပြကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။

💞လောကကြီးက ဘယ်လောက်ပဲ ပူလောင်ပါစေ၊ အမေ့ရဲ့ ရင်ခွင်ထဲ ရောက်သွားတဲ့အခါ အရာအားလုံးက အလိုလို အေးချမ်းသွားတတ်ပါတယ်။ အမေ့ရဲ့ အပြုံးက သားသမီးတွေအတွက် အားဆေးတစ်ခွက်ပါပဲ။

💞မိမိကိုယ်တိုင် မစားရရင်နေပါစေ၊ သားသမီးတွေ ဗိုက်ဝဖို့ကိုပဲ အမြဲရှေ့တန်းတင်တတ်တဲ့ အမေ့ရဲ့ စိတ်ထားဟာ တကယ့်ကို မြင့်မြတ်လွန်းပါတယ်။

❤️ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမေများနေ့ (Mother's Day) မှာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မိခင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဦးခိုက်ဂုဏ်ပြုအပ်ပါတယ်...

#​Mother's Day! 🎉

30/04/2026

🪷{ ကဆုန်လပြည့် ဗုဒ္ဓနေ့ }🪷

*******************************
ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်များမှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်လျဉ်း၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
#ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့.

ဤထူးခြားချက်တို့နှင့်
တိုက်ဆိုင်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်များနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။
#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့

{ ကဆုန်လပြည့် (၅)နေ့ }

🙏 ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

🙏 ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

🙏 ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

🙏 ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

🙏 ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****
🌸 ယနေ့ကျရောက်သော ကဆုန်လပြည့် ဗုဒ္ဓနေ့မှ စ၍ 🌸

🌸 စိတ်၏ချမ်းသာခြင်း

🌸 ကိုယ်၏ကျန်းမာခြင်းနှင့်

🌸 စီးပွားလာဘ်လာဘများ တိုးပွား၍

🌸 အလှူရေစက် လက်နှင့်မကွာ လှူဒါန်းနိုင်ပါစေ

လို့ ALPHA မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်

🌹🌹🌹🌹🌹🌹
🙏🙏🙏🙏🙏🙏🙏🙏

#ဗုဒ္ဓနေ့
#ကဆုန်လပြည့်နေ့

Want your school to be the top-listed School/college in Pyinmana?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yarza Htarni Road
Pyinmana

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 16:00