Aung Yadanar Moe Construction
Construction, H.T Electric, Transportation & Construction Materials Sale
03/11/2024
#မြန်မာပြည်ဆောက်လုပ်ရေးလောကမှအယူအဆအလွဲများ(3)
မြေ၀င်နက်နက်တူးထားလို့ အထပ်များများဆောက်လို့ရတယ်။
အဆောက်အဦအဟောင်းတွေကို ထပ်တိုးဆောက်ချင်တဲ့အိမ်ရှင်တွေ ပြောလေ့ရှိပါတယ်
အဆောက်အဦဆောက်တုန်းက Foundation ကို
(၈ ပေလောက် ) အနက်ကြီးချထားလို့ နောက်တစ်ထပ်တက်လို့ ရပါတယ်တဲ့။ Footing size (ခွာဆိုဒ် ) အကျယ်အ၀န်းမေးတော့ သူတို့မသိပါဘူး။
Foundation နက်တော့ မြေကြီးခံနိုင်ရည်ကောင်းတဲ့အတွက် load ခံနိုင်ရည်ပိုရှိတာ မှန်ပါတယ်။
ဒါပေမဲ့ ဒီတချက်တည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။
(၁) Foundation မြေ၀င်ကို ဘယ်နှစ်ထပ်အတွက် ဘယ်လောက်ဆိုပြီး အသေသတ်မှတ်ထားလို့ မရပါဘူး။ နောက်ပြီး နှစ်ထပ်တုန်းက ၆ပေတူးတယ်၊
သုံးထပ်တုန်းက ၇ပေတူးတယ်၊ အခု ၈ ထပ်ဆောက်မယ်ဆိုတော့ ၁၂ ပေလောက် တူးရမယ်ထင်တယ်လို့ မှန်းလို့ မရပါဘူး။။
(၂) Foundation အတွက် သင့်တော်တဲ့ Depth(အနက် ) ကို မြေကြီးစမ်းလို့ရတဲ့ Result က ဘယ်နှစ်ပေမှာ မြေကြီးခံနိုင်အား ဘယ်လောက်ရှိတယ်ဆိုတာကနေ သင့်တော်တဲ့ မြေကြီးခံနိုင်အားရှိတဲ့ သင့်တော်တဲ့အနက်ကို ယူပါတယ်။ Footing အတွက်လိုအပ်တဲ့ အကျယ်
အ၀န်း ဧရိယာကိုတော့ Column တိုင်ကနေ Footing ကထမ်းရမယ့် load ကို မြေကြီးခံနိင်ရည်နဲ့စားရင် ရပါပြီ။
ဥပမာ
Footing က ထမ်းရမယ့် load က ၂၅ တန်ရှိတယ်၊ ၇ ပေအနက်မှာရှိတဲ့ မြေကြီးခံနိုင်အား (Safe Bearing Capacity) က တစ်တန်ရှိတယ်ဆိုပါစို့။ Footing ကို
၇ ပေအနက်တူးမယ်ဆိုရင် Footing အတွက်လိုအပ်တဲ့ အကျယ်အ၀န်း ဧရိယာက Load ကို မြေကြီးခံနိုင်အား
(Safe Bearing Capacity)နဲ့စားဆိုတော့ ၂၅ ကို ၁ နဲ့စားတဲ့အဖြေ ၂၅ စတုရန်းပေ ဖြစ်ပါတယ်။ ဒီတော့
၅ပေပတ်လည်ဆိုရပါပြီ။
(၃) Footing တစ်ခုက ထမ်းဆောင်နိုင်တဲ့Load ၀န်က်ို မြေကြီးခံနိုင်အား (Safe Bearing Capacity) နဲ့ Footing အကျယ်အဝန်း ဧရိယာနဲ့ မြှောက်ရင်ရတယ်ဆိုတာ သိနိုင်ပါပြီ။ ဒါကြောင့် Foundation အနက် (တနည်းအားဖြင့် မြေကြီးခံနိုင်အား Safe Bearing Capacity)
ပဲပြောနေပြီး သူ့ရဲ့မြှောက်ဖော်ကိန်း Footing အကျယ်
အ၀န်း ဧရိယာမသိရင် မပြည့်စုံတော့ အဖြေရှာဆုံးဖြတ်လို့ မရနိုင်ပါဘူး။
(BoBoKyaw(PE)ရေးသားသည်)
ကျန်းမာစေရန် လူတိုင်း တစ်သက်လုံး လိုက်နာရမည့်အချက်များ။
ည အိပ်ရေးဝဝမအိပ်လျှင်
96 ပါးရောဂါအကုန်လုံးရသည်။ အသက်တိုမည်။ ရောဂါကုပေးသော Melatonin ဟိုမုန်းနှင့် အသက်ရှည်စေသော HGH (Human Growth Hormone) ဟိုမုန်းတို့သည် ညအိပ်ချိန်၌သာထွက်သောကြောင့်ဖြစ်သည်။
ညစဉ် ၁၀ နာရီ တွင်အိပ်ပျော်သင့်ပြီး နံနက် ၄ နာရီတွင် ခန္ဓာကိုယ်ပြုပြင်မှုလုပ်ငန်းများ ပြီးစီးသည်။ နောက်ကျအိပ် နောက်ကျထလျှင် ထိုဟိုမုန်းများ မထွက်ပါ။ ညဘက် အိပ်ရေးပျက်ခံ နေ့ပိုင်းအစားပြန်အိပ်လျှင် နည်းနည်း အိပ်ရေးဝမည်။ ထိုဟိုမုန်းများမထွက်ပါ။ အိပ်ရေးပျက်လျှင်အသက်ငယ်သူ ဖြစ်သော်လည်း အရွယ်ကျအိုမင်းလွယ်မည်။ အိပ်ရေးပျက်ခြင်းကို ဆေးဖြင့်အစားထိုးကုစား၍မရပါ။ အိပ်ရေးပျက်ခံလျှက် အဘယ်အလုပ်မှ လုပ်မစားသင့်ပါ။ ပြန်လည်ကုစားရမည့်ကုန်ကျစရိတ် ခံရမည့်ဝေဒနာနှင့် မတန်ပါ။.................
ညမီးထွန်းအိပ်လျှင်
ခန္ဓာကိုယ်က နေ့ဟုသာ မှတ်ယူနေသဖြင့် ညမှောင်မှ ထုတ်လုပ်ရသော အထက်ပါ Melatonin နှင့် HGH ဟိုမုန်းတို့ကို မထုတ်လုပ်သဖြင့် အသက်တိုကြောင်း၊ ကင်ဆာ၊ သွေးတိုး၊ ဆီးချို ၊ ကိုယ်ခံအားကျ၊ အာရုံကြောပြဿနာ စသည့် 96ပါးရောဂါများ ဖြစ်သည်။.....................
GMO သီးနှံများစားလျှင်
ယခုခေတ် သီးနှံအများသည် ဗီဇပြောင်းလျှက်ထုတ်လုပ်ထားပြီး ယနေ့မြန်မာနိုင်ငံသို့တင်သွင်းနေသော ဂျုံတို့သည် ထိုမျိုးများဖြစ်သည်။ ထိုအစာတို့ကိုစားလျှင် ခန္ဓာကိုယ်၏ခုခံအားစနစ်မှ foreign body ရန်သူဟုသိမြင်ကာ တိုက်ခိုက်ဖျက်ဆီးသဖြင့် အူလမ်းကြောင်းပျက်စီးယိုစိမ့်ကာ အူလမ်းကြောင်းမကောင်းဖြစ်မည်။ ရောဂါတို့၏၈၀%သည် အူလမ်းကြောင်း မကောင်းခြင်းကြောင့်ဖြစ်ရပါသည်။ အထင်ရှားဆုံးဥပမာမှာ ခုခံအား ကစဉ့်ကလျားဖြစ်ကာ အရေပြား၊အဆစ်၊ သွေး၊ မျက်ခွံတို့ကို တိုက်ခိုက်ဖျက်ဆီးသောရောဂါများရမည်။ သကြားပြောင်းနှင့် စားတော်ပဲသည် ထိုမျိုးများဖြစ်သည်။ ဂျပန်၊ ရှရှား၊ ဥရောပနိုင်ငံတို့တွင် GMO မျိုးများကိုစိုက်ခွင့်မရှိ။ နိုင်ငံတွင်းသို့တင်သွင်းခွင့်မရှိ။ non GMO မျိုးများသာ သုံးစွဲစေသဖြင့် ထျုနိုငျငံတို့တှငျ ဂျုံ၊ ပြောင်းတို့ကို စားသုံးသဖြင့် အန္တရာယ်မဖြစ်ပါ။......................
ခြောက်နေသောအရာများတွင် အာဖလာတောက်စင်မှိုဖြစ်နေသည်။
နှစ်ပေါက်နေသော ငါးခြောက်များ အခြောက်အခြမ်းများ၊ ဆန်ဟောင်း၊ ပဲဟောင်း၊ အသီးခြောက်များကို ဟောင်းသည်အထိ ထားပြီး မသုံးသင့်ပါ။ ဆန်ကိုလည်း ကြိတ်သစ်သာ စားသင့်ပါသည်။ ဆိုးကျိုးမှာ အသဲကိုခွောကျစပွေီး အသဲကင်ဆာ၊ ဆီးချိုသွေးချို ရောဂါများထပ်မံခံစားရမည်။....................
ဒန်အိုးများနှင့်ချက်စား လျှင်
ဒန်ဆိပ်သင့်သည်။ မတူးသောအိုးများနှင့်ချက်စားလျှင် သာလီယံအဆိပ်၊ အင်တီမိုနီ အဆိပ်များသင့်သည်။ သံဗူးသွပ်အစားအစာတို့ကိုစားလျှင်၊။ ဆံပင်ဆေးဆိုးလျှင်၊ ရေမွှေးအလှပြင်ပစ္စည်းများ အလွန်သုံးလျှင်ခဲဆိပ်သင့်သည်။ ထိုအဆိပ်တို့သည် ရင်သား၊ သားအိမ်၊ ဦးနှောက်၊ ဆီးကျိတ်တို့သို့ ဝင်ရောက်ပြီးကင်ဆာဖြစ်စေသည်။....................
အစာကိုညက်ညက် ဝါးမစားလျှင်
မကျေညက်သောအစာတို့ကို ခန္ဓာကိုယ်ခုခံအားက ရန်သူဟုသတ်မှတ်ကာ တိုက်ခိုက်သဖြင့် အစာအိမ် အူလမ်းကြောင်းပေါက်ပြဲပျက်စီးမည်။ နှစ်ရှည်လာလျှင် ခုခံအား ကစဉ့်ကလျား ဖြစ်လာကာ Autoimmune ရောဂါများ၊ အရေပြားလေးဘက်နာ SLE, သွေးလေးဘက်နာ RA ဖြစ်မည်။ အစာမညက်လျင် ဝမ်းချုပ်မည်။ ကိုယ်နံ့ ၊ ခံတွင်းနံ့ နံမည်။ ခံတွင်းမှ အရေးကြီးသော Amylase အင်ဇိုင်းများ လုံလောက်အောင်မရသဖြင့် အစာမကြေပဲ အမြဲခံစားနေရမည်။ ညက်အောင်ဝါးစားမှသာ ပါးသောင်မှ အစာခြေအင်ဇိုင်းအရည်များ ထွက်ပြီး အစာကြေပါမည်။ ကျွဲ နွား သိုး ဆိတ်တို့ စားသောအစာနှင့် လူတို့စားသော အစာတို့သည် အဟာရအလွန်ကွာခြားသော်လည်း လူတို့ထက် ခွန်အားပိုကောင်း၊ သွေးအားကောင်း၊ ရောဂါကင်းကြသည်မှာ အစာခြေအင်ဇိုင်း၏အစွမ်းကြောင့်ဖြစ်သည်။ အစာအိမ် အူလမ်းကြောင်းသည် အရည်ဖြစ်မှသာ စုပ်ယူနိုင်စွမ်းရှိပါသည်။ အရည်မဖြစ်သော အစာများသည် ခန္ဓာကိုယ်ပြင်ပသို့ ရောက်ရှိသွားသဖြင့် ဈေးကြီးပေးဝယ်ထားသော အသား၊ ငါးများကို အလဟဿဖြုန်းတီးခြင်းလည်း ဖြစ်နေမညျ။
အစာကိုညက်ညက်ဝါးစားလျှင် ဝမ်းမချုပ်ပါ။ဗိုက်နေလို့ကောင်းပါသည်။ ထမင်းကို နှစ်ပန်းကန်မစားနိုင်တော့ပဲ သွားများကပါ ဝခြင်းကိုခံစားရပြီး တစ်ပန်းကန်သာကုန်ပါတော့သည်။ သို့သော် ယခင်စားနေကျ မညက်သော နှစ်ပန်းကန်စားသည်ထက် အဟာရ နှစ်ဆရသည်။ နုပျိုသည် အသက်ရှည်သည်။ အသားအရေကြည်လင်သည်။ချွေးနံ့ ခံတွင်းနံ့ပျောက်သည်။ ဝိတ်ကျသည်၊ အစာကိုညက်ညက်ဝါးစားလျင် အဆိပ်ဖြစ်မည့်အစာပင် ပြယ်ပြီး ၊ ထိုသို့မစားလျှင် အဟာရပြည့်စုံသောအစာသည်ပင် အဆိပ်ဖြစ်သည်။......................
အဖြူရောင်ဆား၊ အဖြူရောင်သကြားစားလျှင်
တိုက်တေနီယံဒိုင်အောကျဆိုကျပါသဖွငျ့ ဖြူဖွေးနေခြင်းဖြစ်ပြီး၊ ကင်ဆာဖြစ်စေသောပစ္စည်း ဖြစ်သည် ဆားကြမ်း သို့မဟုတ် ပန်းရောင်ဆားစားပါ။ ဆားသည်ကိုယ်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ပေးခြင်းကြောင့် အလွန်အရေးကြီးပါသည်။..................
ဆီကြော်စာများစားလျှင်
သွေးကြောများ ညစ်ပတ်ဂျိုးတက်ပြီး သွေးကြောမာကာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သွေးတိုးရောဂါရသည်။ နှလုံးသွေးကြောညစ်ပတ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါရသည်။ ခန္ဓာကိုယ်ရောင်ကိုင်းခြင်းအားဖြင့် ရောဂါမျိုးစုံရကြောင်းဖြစ်သည်။ လုံးချက် ချက်ခြင်း၊ အသားပြုတ်၊ အရွက်များကို ဆီဆမ်း၍သုတ်စားနိုင်ပါသည်။................
ဒညင်းသီးကဲ့သို့ အဆိပ်သီးနှံများစားလျှင်
ဒညင်းသီးတွင် ဂျက်ကောလစ်အက်စစ် ပါဝင်သဖြင့် ကျောက်ကပ်ဆီးပြုပြွန်များကို ပျက်စီးစေသညျ။ ကျောက်ကပ်သည် တစ်ကိုယ်လုံးအညစ်အကြေး အဆိပ်အတောက်များကို ဆေးကြောရသောအင်္ဂါဖြစ်ပါသဖြင့် သူအလုပ်မလုပ်နိုင်တော့သောအခါ ကျောက်ကပ်အစား စက်ဖြင့် ဆေးရ၊ ကျောက်ကပ်လဲရ အသက်တိုရမည်။...........................
အတုအစားအစာများစားလျှင်
ကော်ဖီမစ်အတု၊ ပဲဆီအတု၊ နှမ်းဆီအတု၊ များစွာသောမုန့်များတွင် ဓါတုနည်းဖြင့်ဖေါ်စပ်ထားသော အရောင်အတု၊ အနံ့အတုနှင့် တာရှည်ခံဆေးများ ပါဝင်နေပြီး အသဲကင်ဆာ၊ အူလမ်းကြောင်းကင်ဆာများ ဖြစ်စေသည်။....................
အချိုမှုန့် ကြက်သားမှုန့်စားလျှင်
အရိုးပါး၊ အရိုးပွရောဂါဖြစ်သည်။ အဆစ်များကြားရှိ အရိုးနုများလည်း ပျက်စီးသည်။ ခန္ဓာကိုယ် မည်သည့်အင်္ဂါကိုမဆို ဒုက္ခပေးသည်။..................
ထမင်းစားပြီးပြီးချင်း လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းသောက်ခြင်း၊ လက်ဖက် စားလျှင်
သံဓါတ်စုပ်ယူမှုကိုတားမြစ်သဖြင့် သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါရတတ်သည်။စားပြီး နာရီဝက်ခွါလျှက်သုံးဆောင်ပါ။...................
ဆေးလိပ်သောက် လျင်
ကိုယ်တွင်းသို့ရောက် လာသော နီကိုတင်းအဆိပ်ကို အသဲမှဖျက်ဆီးရာတွင် အခြားအဆိပ်များလို ရိုးရိုးဖျက်၍မရ၊ အမျိုးသားဟော်မုန်းကိုအသုံးပြု၍ဖျက်ရသဖြင့် ထိုဟိုမုန်းကျဆင်းပြီး ထိုဟိုမုန်း၏လုပ်ငန်းတာဝန်များလစ်ဟင်းကာ အိပ်မပျော်၊ မှတ်ဉာဏ်ကျ၊ အာရုံကြောအားနည်း၊ စိတ်ဓါတ်ကျ၊ အရိုးပါး အရိုးပွ၊ ကြွက်သားများ ကြုံလှီ၊ နှလုံးအားနည်း၊ ဆီးကြိတ်ကြီး၊ ပန်းသေပန်းညှိုး၊ အမျိုးသားအင်္ဂါသေးကျုံ့သွား စသဖြင့်ခံစားရသည်။ ..................
ဆီးကိုအော့င်ထားလျှင်
ဆီးအိမ်ထဲမှ ပိုးများသည် အထက်သို့တက်လာပြီး ကျောက်ကပ်ထိ ပိုးဝင်ရောင်ရမ်းခြင်းဖြစ်သည်။ ဆီးလမ်းကြောင်းတိုသဖြင့် အမျိုးသမီးများပိုဖြစ်တတ်သည်။....................
လှုပ်ရှားမှုနည်းလျှင်
ခန္ဓာကိုယ်သည် တစ်နာရီမလှုပ်ရှားပဲနေခြင်းကို မကြိုက်ပါ။ သွေးအနည်ထိုင်ဟည်။ ကင်ဆာဖြစ်နိုင်ခြေမြင့်သွားသည်။ အူလမ်းကြောင်းရွေ့လျှားမှုမကောင်း၊ ဝမိးချုပ်တတ်သည်။ လိပ်ခေါင်းဖြစ်လွယ်မည်။ အရိုးပါးအရိုးပွဖြစ်မည်။ နှလုံးသည်သွေးကို ညှစ်ဖြန့်လိုက်၊ ပြန်စုပ်လိုက် လုပ်ရသဖြင့် သူ့ချည်းပင်ပန်းသည်။ ကိုယ်လက်လှုပ်ရှားပေးလျှင် နှလုံးသက်သာသည်။ ....................
လက်ကိုင်ဖုံး၊ လျှပ်စစ်ပစ္စည်းများနှင့် နီးနီးအိပ်လျှင်
လျှပ်စစ်အဆိပ်သင့်သည်။ ဆယ်ပေခွါအိပ်ရမည်။..................
နွားနို့သောက်လျှင်
နွားနို့တွင် အဟာရဓါတ်များစွာပါဝင်သည်မှန်ပါသည်။ သို့သော် နွားနို့ကိုချေဖျက်ပေးသော အူတွင်းကောင်းသောဘက်တီးရီးယာများသည် အရှေ့တိုငျးသားတို့၏အူထဲတှငျမပါဝငျသောကွောငျ့ အစာမကြေ ရောင်ကိုင်းခြင်းဖြစ်ပြီး ကိုယ့်ထဲရှိ ကယ်လစီယံဆုံးရှုံးမှုဖြစ်ပြီး ရောင်ကိုင်းခြင်းကြောင့် ကင်ဆာဖြစ်စေသညျ။...................
စိတ်ကို သတိနှင့် တစ်လုံးချင်းစောင့်ရှောက်လျှင်
ရောဂါတို့၏ 90%သည်စိတ်ကြောင့်ဖြစ်ရသဖြင့် စိတ်ကိုသတိနှင့် စောင့်ရှောက်ခိုက် စိတ်အနားရသည်။ စိတ်ထောင်းကိုယ်ကြေ အဖြစ်နည်းပါမည်။ .................
ဈေးသွားလျှင် အိမ်ရှင်မကိုယ်တိုင်သွားသင့်ပြီး အပြန်တွင် ဆေးခြင်းတောင်း သယ်လာရန်ဖြစ် ပါသည်။ ဘေးခြင်းတောင်း သယ်မလာမိပါစေနှင့်။
..............
မိမိအတွက် အန္တရာယ်ရှိသည်များကိုမသိပဲ လုပ်နေမိခြင်း၊
အန္တရာယ်များကို ငွေပေးဝယ်စားမိနေပြီး
ရောဂါအရတွင် ဆေးများဝယ်ယူနေရခြင်းအားဖြင့်
မိမိရှာသမျှသည် မိမိအတွက် ဘာကျန်ဦးမည်နည်း။
Credit.
ဦးတင်စိုး
continuous learning & servicing for friends
07/07/2024
လမ်းတံတားတွေကို ဆောက်လုပ်တဲ့အခါ ဘယ်လိုဆောက်လုပ်လေ့ရှိကြလဲ 🤔❓
လမ်းတံတားတွေကိုတည်ဆောက်တဲ့အခါ စက်မှုလက်မှုပညာတွေမကျယ်ပြန့်ခင်တုန်းက လူတို့ဟာ ကျောက်တုံး၊ သစ်သားတုံးများကို ချိတ်ဆက်သွယ်တန်းသော နည်းပညာတို့ကို အသုံးပြုပြီးတည်ဆောက်ခဲ့ကြပါတယ်။ ရာစုနှစ်တွေတဖြည်းဖြည်းပြောင်းလာတဲ့အခါမှာတော့ ထီထွင်မှုအသစ်အသစ်တွေနဲ့ ဝါးနှင့်သံကြိုးများကို တွဲစပ်အသုံးပြုသော နည်းပညာ၊ ထိုမှတစ်ဆင့် သံဖြင့်ဆောက်လုပ်သော နည်းပညာတို့အထိ ဆန်းသစ်တီထွင်နိုင်ခဲ့ပြီး ပိုမိုခိုင်ခံ့သောတံတားများကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ✨
ဒီလိုများစွာသော ထီထွင်ဆန်းသစ်မှုတွေကြောင့် အသစ်အသစ်သောနည်းပညာတွေအများကြီးထွက်ပေါ်လာအပြီး ယခုခေတ်မှာတော့ တံတားအများစုတည်ဆောက်တဲ့အခါမှာ တံတားအမျိုးစားပေါ်မူတည်ပြီး Steel Structure နဲ့ RC တို့ကို တွဲဖက်အသုံးပြုလာကြပါတယ်။
အဆောက်အဦးအမြင့်တွေတည်ဆောက်တဲ့အခါမှာ အချိန်ကုန်သက်သာပြီး ပြိုကျပျက်စီးမှုဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်မယ့် Steel Structure နဲ့ မီးဘေးနဲ့ ရေတိုက်စားမှုဒဏ်တို့ကို ကာကွယ်ပေးနိုင်တဲ့ သံကူကွန်ကရစ် (RC) တို့ရဲ့ ပေါင်းစပ်မှုတို့ဖြင့် ယခုကျွန်တော်တို့အသုံးပြုနေသော ပိုမိုခိုင်ခန့်ပြီး လုံခြုံစိတ်ချရတဲ့ လမ်းတံတားများစွာကို တည်ဆောက်လာနိုင်ခဲ့ကြပါတယ်။
လူတို့ရဲ့ ခေတ်နဲ့အမျှ တိုးတက်ပြောင်းလဲလာကြတဲ့ တီထွင်ဖန်တီးမှုစွမ်းရည်တွေကတော့ တကယ့်ကို အံ့မခန်းပါပဲခင်ဗျာ... 🤔👏
နောက်လည်း ဒီလိုဗဟုသုတလေးတွေ လေ့လာနိုင်ဖို့အတွက် Page လေးကို Like and Follow လေးလုပ်ပေးသွားကြပါဦးခင်ဗျာ...👇👇
https://www.facebook.com/AungYadanarMoe123
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pyinmana