SOE Electric Foundation
တတ်နိုင်စွမ်း၏ ဆောင်ရွှက်မူသည် အများပြည်သူ၏ လိုအပ်ခြင်းအား ဖြည့်စည်းခြင်း
17/04/2026
မြန်မာနှစ်သစ်ဦး အလှူဖြစ်သော စိုးလျှပ်စစ်ဖောင်ဒေးရှင်းက သုံးဘီးယာဉ်များ ပေးအပ်လှူဒါန်းခြင်း
စိုးလျှပ်စစ်ဖောင်ဒေးရှင်း၏ နာယက မိခင်ကြီး ဒေါ်ရီရီမာကို အမူးထား၍
ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်း နှင့်ဇနီး ဒေါ်မျိုးမျိုးခိုင်၊ သား ကိုသုခစိုး မိသားစုတို့က
စိုးလျှပ်စစ်ဖောင်ဒေးရှင်းတွင် နေ့စဉ် အုံနာကြေးဖြင့် ဌားရမ်းပြေးဆွဲနေကြသော သုံးဘီးယာဉ်မောင်းနှင်သူများကို
သုံးဘီးယာဉ် အုံနာကြေးများ ဆက်လက်ပေးသွင်းရန် မလိုတော့ပဲ ယနေ့တွင် အပြီးအပြတ် ပေးအပ်လှူဒါန်းပေးပါသည်။
လက်ရှိ ကာလပေါက်စျေးအရ တစ်စီးလျှင်သိန်းတစ်ရာ ဝန်းကျင် တန်ဖိုးရှိရပြီး
သုံးဘီးယာဉ်မောင်းတို့သည် ဌားရမ်းမောင်းနှင်စဉ်ကာလအတွင်း စည်းကမ်းကောင်းခြင်း၊ လူမူရေးလုပ်ငန်းများတွင် ပါဝင်ကြခြင်းတို့ကြောင့် စေတနာအကျိုး ခံစားရခြင်းဖြစ်ပါသည်။
ပေးအပ်လှူဒါန်းသော သုံးဘီးယာဉ်မှာ ( ၁၂ ) စီးဖြစ်ပါသည်။
ယနေ့ပေးအပ်လှုဒါန်းသော အခမ်းအနားတွင် ဥက္ကဋ္ဌ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်းက လှူဒါန်းရခြင်းနှင့်ပက်သတ်၍ မုဒိတာ အဖွင့်အမှာစကားပြောကြားပေးပြီး သုံးဘီးယာဉ်မောင်းနှင်သူများကိုယ်စား ကိုဘိုဘိုကျော်မှ ကျေးဇူးတင်စကားပြောကြားပေးပါသည်။
ယနေ့ပေးအပ်လှုဒါန်းသော အခမ်းအနာ:ကို
စိုးလျှပ်ဖောင်ဒေးရှင်းဝန်းအတွင်းရှိ အေးငြိမ်းချမ်းသာ ဓမ္မဗိမ္မာန်တော်တွင်ယနေ့ မနက် ( ၁၀:၃၀ ) နာရီတွင် ဆောင်ရွှက်ပါသည်။
#နှစ်သစ်ဦးအလှူ
19/01/2026
သံဃဆေးရုံဥက္ကဌ ဒေါက်တာကျော်မင်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်တို့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဥ်းမနားမြို့သံဃဘေသဇ္ဇဌာနဝိဟာရ ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆရာဝန်ကြီးများအား ဖိတ်ကြားကာ ညစာနှင့်တည်ခင်းဧည့်ခံပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ညစာစားပွဲတွင် သံဃဆေးရုံ၏ လက်ရှိအခြေအနေများ၊ ပြန်လည်ဖွင့်လှစ်ပြီးနောက် ဆောင်ရွက်မည့် ဆေးကုသမှုဆိုင်ရာလုပ်ငန်းစဥ်များနှင့် အနာဂတ်တွင် ဆောင်ရွက်သွားမည့် ရည်မှန်းချက်များကို ပူးပေါင်းညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး သံဃာတော်များနှင့် လူမှုအကျိုးပြု ဆေးကုသမှုနှင့်ဝန်ဆောင်မှုများကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။
17/01/2026
မယ်တော်ကြီး Happy Birthday ပါ ခင်ဗျာ 🎉
စိုးလျှပ်စစ်ဖောင်ဒေးရှင်း နာယက မိခင်ကြီး ဒေါ်ရီရီမာ ၏
ယနေ့ပြုရသော မွေးနေ့ကုသိုလ်အလုံးစုံတို့အား ဝေနေယျအပေါင်းတို့အား
ကုသိုလ်အမျှပေးဝေဌပါသည် 🙏
သက်ရှည် ကျန်းမာ နေပေးပါ 🙏
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာ့အကျိုး ကောင်းစွာ ပြုနိုင်နေပါစေ 🙏
03/01/2026
နေပြည်တော် မာရသွန်ပြိုင်ပွဲ၏ မှတ်တမ်းပုံရိပ်များ
Click here to claim your Sponsored Listing.
Telephone
Website
Address
PO 008, Padonemar Street, Bawgawaddy Qt
Pyinmana
0067