Nan Shwe Pyi

Nan Shwe Pyi

Share

" ထက်မြက်တည်ကြည် နန်းရွှေပြည် '' Nan Shwe Pyi Real Estate Company, Since 2013

14/09/2024

#အရေးပေါ်ကယ်ဆယ်ရေးအတွက်အလှူငွေ၅သိန်း 🙏🙏🙏
၁၂-၉-၂၀၂၄ ရက်နေ့တွင် နန်းရွှေပြည် မှ နေပြည်တော်ရေဘေးအရေးပေါ်ကယ်ဆယ်ရေးအတွက် အထောက်အကူပြုနိင်ရန် #ပုဗ္ဗတွဲလက်များ_ပရဟိတအသင်းသို့ အလှူငွေ ၅သိန်းကျပ်လှူဒါန်းခဲ့ပါတယ်။

14/09/2024

#ရေဘေးအလှူ၅သိန်းကျပ် 🙏🙏🙏
Octelle company ၏ (ရန်ကုန်) မှ လက်ရှိဖြစ်ပေါ်နေတဲ့နေပြည်တော်ရေဘေးအတွက် လိုအပ်နေသော နေရာများတွင် အသုံးပြုရန် အလှူငွေ၅သိန်းကို၁၄-၉-၂၀၂၄ရက်နေ့တွင် ပါ၀င်လှူဒါန်းခဲ့ပါတယ်။ ရေဘေးသင့်သူများကိုယ်စား #ကိုနှင်းမောင်မောင်ကိုအထူးကျေးဇူးတင်ရှိပါတယ်။

08/02/2024

👰 ရုံးဝန်ထမ်း အမျိုးသမီး(မ) တစ်ဦး အလိုရှိသည်။
💸 လစာ ၂သိန်း၆ သောင်း
(၁) ရုံးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရမည်။
(၂) အခြေခံပညာ အထက်တန်း (၁၀) တန်းရှိသူဖြစ်ရပါမည်။
(၃) စာရင်းဇယားပိုင်းနှင့် Warehouse အလုပ်များ ကူညီလုပ်ကိုင်နိုင်သူဖြစ်ရမည်။
(၄) (PageMaker 7, Microsoft Word, Excel, internet, email, Social Media )များကို ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
(Photoshop အသုံးပြုနိုင် လျှင်ဦးစားပေးပါမည်။)
(၅) အကျင့်စာရိတ္တ ကောင်းမွန်ရမည်။
(၆) အခြေခံကျန်းမာရေး ကောင်းမွန်ရပါမည်။
(၇) ဆက်ဆံရေးကောင်းမွန်ပြီး အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သူဖြစ်ရမည်။
(၈) မိမိအလုပ်ကို စိတ်ဝင်စားမှုရှိပြီး သွက်သွက်လက်လက်ဖြင့် ရိုးသား၊ ကျိုးစား ကာအလုပ်မှသက်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
(၉) သင်ယူတက်မြောက်လိုစိတ်ရှိကာ အမှန်တကယ် အလုပ်လုပ်ချင်စိတ်ရှိပြီး ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
⏰ အလုပ်ချိန် မနက် (၈:၃၀)နာရီ မှ ညနေ (၅:၃၀) နာရီ။
🗓 ပိတ်ရက် အပါတ်စဉ် တနင်္ဂနွေနေ့ပိတ်ပါသည်။
🤝 အထက်ဖေါ်ပြပါအချက်အလက်များနှင့်ကိုက်ညီသော အလုပ်လျှောက်ထားလိုသူများသည်
📌 ၁။ CV Form (CV တွင် ဓါတ်ပုံ ပါရှိရမည်။)
📌 ၂။ လက်တလောပြုလုပ်ထားသော ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ
📌 ၃။ လက်တလောပြုလုပ်ထားသော နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ
📌 ၄။ မှတ်ပုံတင်မိတ္ထူ အပြည့်အစုံဖြင့်
🏠 နန်းရွှေပြည် ကုမ္ပဏီ
အမှတ်(၂၆)၊ ဇမ္ဗူ့သပြေလမ်း၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်
၊ နေပြည်တော်တွင် ရုံးချိန်အတွင်း (တနင်္ဂနွေနေ့ မှအပ) လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။
ဖုန်းနံပါတ် 📞 09 50 77890 သို့ဆက်သွယ်နိုင်ပါသည်။
အလုပ်လျှောက်ထားသည့် CV Frorm များထဲမှ ကိုက်ညီမှုအရှိဆုံးသူများကို အင်တာဗျူး ရွေးချယ်ခေါ်ယူပါမည်။
အင်တာဗျူး မှာ အဆင်ပြေလျှင် Second Interview (၁)ရက်ရှိပါမည်။ (မှတ်ချက် Second Interview မှာ ရုံးဖွင့်ချိန်အတိုင်းဖြစ်ပါသည်။ ရုံး မှ နေ့လည်စာကျွေးပါမည်။ သွားလာစရိတ်(၁)သောင်းကျပ် ချီးမြှင့်ပါမည်။)
Second Interview အဆင်ပြေလျှင် အလုပ်သင်(၁၄)ရက်ရှိပါမည်။
(အလုပ်သင်ကာလမှာ (၂) ပါတ် (၁၄) ရက်ဖြစ်ပြီး ခံစားခွင့် အခြေခံလစာ၏ (၅၀) % လစာတစ်ဝက် ရရှိပါမည်။)
အလုပ်သင်(၁၄)ရက်မှာ အဆင်ပြေလျှင် လစာအပြည့်ဖြင့် အစမ်းခန့် (၃)လ ရှိပါမည်။
အစမ်းခန့် (၃)လမှာ အဆင်ပြေလျှင် အမြဲတမ်းဝန်ထမ်း အနေနဲ့ ခန့်ပါမယ် ။
👉 အကျင့် / စာရိတ္တ
👉 အရည်အချင်း
👉 အလုပ်ပြီးမြောက်မှု
👉 ရလာဒ်ကောင်းမှု
👉 ရေရှည် လက်တွဲ လုပ်ကိုင်မည့်သူ ဖြစ်မှု
အခြေအနေတွေအရ အမြဲတမ်း ဝန်ထမ်းလစာ ကို ညှိနှိုင်းတိုးမြှင့် သတ်မှတ်ပေးမှုရှိပါမည်။
Interview အတွက်ရွေးချယ်ထားသူများအားလုံးကို Company ဘက်မှ ဆက်သွယ်အကြောင်းကြားပေးပါမည်။
ကျေးဇူးတင်ပါတယ်… 🥰

Photos from Nan Shwe Pyi's post 29/12/2023

🙏🙏🙏နန်းရွှေပြည်ဈေးကွက်ရှာဖွေဖြန့်ချိရေးကုမ္ပဏီမိသားစုမှ မဟာဝိဟာရရန်ကင်းတောရကျောင်းတိုက်၌ ဘုရားအမှုးရှိသောသံဃာတော်များကို(၂၈.၁၂.၂၀၂၃)နေ့တွင် တစ်နေ့တာဆွမ်းလောင်းလှုဒါန်းခဲ့ပါသည်။


Want your business to be the top-listed Realtor/realty Service in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Address


No. 26, Pyinmana-Taungnyo (Zabuthapyay) Road, Thapyaygone Ward, Near LINN Mobile Shop, Zabuthiri Tsp, Naypyitaw
Pyinmana
15011