Techviewspro
The latest in tech, reviewed and unboxed, simply put.
ဒီနေ့သွားခဲ့တဲ့ mStudio နဲ့ BestTrend ရဲ့ Grand Opening
02/06/2026
ဘွဲ့ရခါစပဲ သင်တန်းပြီးကာစပဲ ရှိသေးတယ်... လစာလည်းရမယ်၊ နေထိုင်မှုစရိတ်လည်း အကုန်အကျခံမယ့်အပြင် (၁၈) လလည်း ပြည့်ရော ကုမ္ပဏီကြီးတစ်ခုမှာ အမြဲတမ်းဝန်ထမ်း ဖြစ်လာနိုင်မယ့် အခွင့်အရေးမျိုးကို စိတ်ဝင်စားလား။ အခု မြန်မာနိုင်ငံရဲ့ 4.5G အော်ပရေတာ ATOM ကနေ တကယ့်ကို ထူးထူးခြားခြား ခေါ်ယူလိုက်တဲ့ Talent Accelerator Programme 2026 ကို စတင်လိုက်ပါတယ်။
------------------------------------------
မြန်မာနိုင်ငံရဲ့ 4.5G ဝန်ဆောင်မှုပိုင်းမှာ တော်တော်လေး အားကောင်းတဲ့ အက်တမ် (ATOM) ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ခုက လူငယ်တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးမယ့် ‘Talent Accelerator Programme 2026’ ဆိုတဲ့ အစီအစဉ်အသစ်ကို မကြာသေးမီကတင် တရားဝင် မိတ်ဆက်ပေးလိုက်တာပါပဲ။
ဒီပရိုဂရမ်က တစ်လနှစ်လနဲ့ ပြီးသွားမယ့်အရာမျိုး မဟုတ်ဘဲ (၁၈) လတောင် ကြာမြင့်မှာဖြစ်လို့ တကယ့်ကို ရေရှည်စီမံကိန်းကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာလူငယ်တွေအတွက် ဒစ်ဂျစ်တယ်နဲ့ တယ်လီကွန်း စီးပွားရေးရဲ့ အခြေခံ သဘောတရားတွေ၊ အိုင်တီနဲ့ ကွန်ရက်ပိုင်းဆိုင်ရာ အသိပညာတွေ၊ သုံးစွဲသူတွေရဲ့ အတွေ့အကြုံကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ လုပ်ဆောင်ချက်တွေအပြင်၊ အခုခေတ်မှာ အရမ်းအရေးကြီးတဲ့ အချက်အလက်အခြေပြု တွေးခေါ်မှုနဲ့ ဆန်းစစ်မှု (Data-driven thinking and analysis) ဆိုင်ရာ အဓိကစွမ်းရည်တွေကို အဆင့်မြှင့်တင်ပေးဖို့ စနစ်တကျ ဖန်တီးထားတာပါ။ အဓိကကတော့ စာတွေ့သင်ကြားမှုကို လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပေးပြီး၊ အနာဂတ်မှာ ဒစ်ဂျစ်တယ်နဲ့ တယ်လီကွန်းကဏ္ဍကို ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့ ATOM ကနေ ရည်မှန်းပြီး လေ့ကျင့်ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ဒီပရိုဂရမ်ကို လျှောက်ထားခဲ့ကြတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၆) ရက်ကနေ ဧပြီလ (၅) ရက်နေ့အထိ လျှောက်လွှာတွေ လက်ခံခဲ့တာ ဖြစ်ပြီး၊ ATOM ရဲ့ ဝက်ဘ်ဆိုက်က အလုပ်အကိုင် ကဏ္ဍ၊ သူတို့ရဲ့ Social Media ပလက်ဖောင်းတွေ၊ ပြီးတော့ တက္ကသိုလ်တွေနဲ့ ပူးပေါင်းချိတ်ဆက်မှုတွေ အပါအဝင် နေရာစုံကနေ လျှောက်ထားသူ အရေအတွက် (၄၀၀) ကျော်အထိ ရှိခဲ့တာမို့ ပြိုင်ဆိုင်မှု တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ပြောရမှာပါ။ အဲဒီနောက်မှာတော့ သူတို့က အရည်အချင်း စစ်ဆေးတာတွေ၊ လူတွေ့မေးမြန်းတာတွေကို အဆင့်ဆင့် သေသေချာချာ လုပ်ဆောင်ခဲ့ပြီး၊ တကယ့် ထူးချွန်ထက်မြက်တဲ့ လူငယ် (၂၈) ဦးကိုပဲ စိစစ်ရွေးချယ်ခဲ့ပါတယ်။ ဒီလူငယ်တွေကိုတော့ ၂၀၂၆ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှာ တရားဝင် စတင်ကြိုဆိုခဲ့ပြီးပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့က လုပ်ငန်းခွင်အကြို ပြင်ဆင်မှုကာလကို အောင်မြင်စွာ ပြီးမြောက်အောင် အရင်လုပ်ရမှာဖြစ်ပြီး၊ အဲဒီနောက်ပိုင်းမှ ATOM ရဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်ဌာနအသီးသီးထဲကို တိုက်ရိုက်ဝင်ရောက်ပြီး လေ့လာလုပ်ကိုင်ခွင့် ရကြမှာ ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ လူငယ်တွေအတွက် ခံစားခွင့်ပိုင်းကို ကြည့်ရအောင်ပါ။ ဒါကလည်း တကယ့်ကို ပြည့်စုံကောင်းမွန်တယ်လို့ ဆိုရမယ်။ သင်တန်းသားတွေအနေနဲ့ လစာ၊ နေထိုင်မှုစရိတ် အပါအဝင် ထောက်ပံ့ကြေးတွေနဲ့ ဝန်ထမ်းခံစားခွင့်တွေကို ရရှိမယ့်အပြင်၊ ပရိုဂရမ်တစ်ခုလုံးမှာ အနီးကပ် စနစ်တကျ လမ်းညွှန်ပံ့ပိုးမှု (Mentorship) တွေကိုပါ ရရှိသွားမှာပါ။ ဒါတင်မကသေးပါဘူး၊ ATOM အနေနဲ့ ဒီလူငယ်တွေရဲ့ ရေရှည်အလုပ်အကိုင် တိုးတက်ရေးကိုပါ အလေးထားတာမို့၊ ပရိုဂရမ် ပြီးဆုံးသွားတဲ့အခါ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ သင်တန်းသားတွေကို ၎င်းတို့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ အရည်အချင်းနဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းလိုအပ်ချက်တွေအပေါ် မူတည်ပြီးတော့ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ဖို့အတွက်ပါ ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။
ကျွန်တော်အမြင်ကတော့ ဒီပရိုဂရမ်က ဘွဲ့ရခါစ လူငယ်တွေနဲ့ လုပ်ငန်းခွင်ဝင်ခါစ ထူးချွန်တဲ့ ပညာရေးနောက်ခံရှိသူတွေအတွက် သီးသန့်ရည်ရွယ်ပြီး ဖန်တီးထားတာပါ။ သင်တန်းသားတွေအနေနဲ့ ATOM ထဲမှာ မတူညီတဲ့ လုပ်ငန်းတာဝန်တွေကို အလှည့်ကျ လုပ်ကိုင်ခွင့် (Job Rotation) ရမှာဖြစ်သလို၊ မဟာဗျူဟာမြောက် စီမံကိန်းတွေနဲ့ တင်ပြချက်တွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့် ရဦးမှာပါ။ ပြီးတော့ ATOM ရဲ့ သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပညာရှင်တွေနဲ့ အမှုဆောင်အရာရှိကြီးတွေဆီကနေ တိုက်ရိုက် လမ်းညွှန်ပြသမှုတွေကိုပါ ရရှိမှာဖြစ်လို့ ဘက်စုံအတွေ့အကြုံကောင်းတွေကို ထိထိရောက်ရောက် ဆည်းပူးနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။
31/05/2026
vivo က သူတို့ရဲ့ ပထမဆုံး Over ear Headphone အသစ်ကို တရုတ်ပြည်မှာ မိတ်ဆက်သွားတယ်။ ဒီဇိုင်းလေးက တော်တော်မိုက်တယ်ဗျ
------------------------------------------
အမြဲတမ်း ဖုန်းတွေပဲ ထုတ်နေကျဖြစ်တဲ့ vivo ကနေ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Over-Ear နားကြပ်အမျိုးအစားကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။
ဒီနားကြပ်ကို သူတို့ရဲ့ vivo S60 Series ဖုန်းမိတ်ဆက်ပွဲနဲ့အတူ တရုတ်ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်သွားတာပါ။ နာမည်အပြည့်အစုံကတော့ "vivo Over-Ear Noise-Canceling Headphones" လို့ခေါ်တယ်။ သူ့မှာက စံချိန်တင်လောက်တဲ့ ဘက်ထရီအသုံးခံမှု၊ ဆူညံသံဖယ်ပေးတဲ့စနစ်နဲ့ အရောင်းသွက်နိုင်မယ့် ဈေးနှုန်းတို့ ပေါင်းစပ်ထားတာမို့လို့ နားကြပ်ဈေးကွက်ကို အတော်လေး လှုပ်ခတ်သွားစေမယ့် အရိပ်အယောင်တွေ မြင်နေရတယ်။ ဒါပေမယ့်လောလောဆယ်တော့ တရုတ်ပြည်မှာပဲ ရဦးမှာပါ Global တော့ရောက်လာမလာမသိသေးဘူး။
ဒီဇိုင်းနဲ့ Comfort ပိုင်းကို အရင်ကြည့်ရအောင်ဗျာ။
ဒီဇိုင်းက တော်တော်လေးကို ရိုးရှင်းပြီး သန့်ပြန့်တဲ့ Minimalist ပုံစံမျိုး လုပ်ပေးထားတယ်။ နားအုပ်တဲ့ခွက်တွေကို ထောင့်ဝိုင်းစတုဂံပုံစံ လုပ်ထားပြီး Matte သား သုံးပေးထားတာမို့ တော်တော်လေး ကြည့်ကောင်းတယ်။ vivo ဆိုတဲ့ Logo လေးကလွဲရင် တခြားအလှဆင်တာတွေ မပါလို့ ခေတ်မီပြီး အဆင့်အတန်းရှိတဲ့ ရုပ်ထွက်မျိုး ရတယ်။
အရောင်ပိုင်းမှာလည်း ခရမ်းရောင်နုနုလေးက ခေတ်ဆန်ပြီး ဖက်ရှင်ကျသလို၊ အဖြူနဲ့ ခဲရောင်စပ်ထားတဲ့ ဗားရှင်းကလည်း ဘယ်တော့မှရိုးမသွားဘဲ တည်ငြိမ်တဲ့ ပုံစံမျိုးရှိတယ်။ အလေးချိန်ကလည်း ၂၃၈ ဂရမ်ပဲ ရှိတာမို့ တော်တော်လေး ပေါ့ပါးပြီး နားအုံးကူရှင်တွေကလည်း ထူထူထဲထဲနဲ့ နားကို အပြည့်ငုံမိအောင် လုပ်ထားတာမို့လို့ တပ်ဆင်ရတာ သက်သောင့်သက်သာ ရှိမှာ သေချာတယ်။ ခလုတ်တွေနဲ့ အားသွင်းပေါက်တွေကိုတော့ ညာဘက်နားအုပ်ခွက်ရဲ့ အောက်ခြေအနားသတ်မှာ သပ်သပ်ရပ်ရပ် ဖုံးကွက်ပြီး ထည့်ပေးထားတယ်။
ကဲ... အသံစနစ်နဲ့ ANC ပိုင်းကို ဆက်ပြောရရင်တော့။
နာမည်အတိုင်းပဲ ဆူညံသံပယ်ဖျက်ပေးတဲ့ Active Noise Cancellation (ANC) စနစ်က 58 dB အထိကို ပယ်ဖျက်ပေးနိုင်တာမို့ တကယ့်ကို အလန်းစားပါပဲ။ ပတ်ဝန်းကျင်အလိုက် အလိုအလျောက် ပြောင်းလဲပေးနိုင်တဲ့အပြင် လေယာဉ်ပေါ်၊ မြေအောက်ရထားနဲ့ ဘတ်စ်ကားတွေအတွက်ပါ သီးသန့် Profile တွေ ခွဲပေးထားသေးတယ်။ (ဒါပေမဲ့ ဒီစနစ်တွေက Bluetooth နဲ့ သုံးမှ ရမှာပါ)။
အသံပိုင်းအတွက်ကိုတော့ ၄၀ မီလီမီတာ ဒိုင်နမစ်ဒရိုင်ဘာ သုံးပေးထားပြီး ကြိုးတပ်သုံးသုံး၊ ကြိုးမဲ့သုံးသုံး Hi-Res Audio ရလိမ့်မယ်။ ဒါတင်မကသေးဘူးဗျာ၊ သူတို့ရဲ့ ကိုယ်ပိုင် Golden Ear Acoustics Lab အင်ဂျင်နဲ့ မောင်းနှင်တဲ့ Spatial Audio လည်း ပါလို့ ရိုးရိုး စတီရီယိုအသံတွေကို ၃၆၀ ဒီဂရီ ပတ်လည်အသံအဖြစ် ပြောင်းလဲနားဆင်နိုင်မှာဖြစ်ပြီး Equalizer ၁၀ မျိုးနဲ့ စိတ်ကြိုက် အသံညှိလို့ ရသေးတယ်။
ဘက်ထရီနဲ့ Smart လုပ်ဆောင်ချက်တွေကတော့
ဒေတာတွေအရ ဘက်ထရီသက်တမ်းက -
ANC ပိတ်သုံးရင် ၇၅ နာရီအထိ ခံပြီး၊
ANC ဖွင့်သုံးရင်တောင် ၃၅ နာရီအထိ အသုံးခံတယ်။
အမြန်အားသွင်းစနစ်လည်း ပါလို့ ၁၀ မိနစ်လောက် ခဏ အားသွင်းရုံနဲ့ ၉ နာရီနီးပါးအထိ ပြန်ဖွင့်လို့ ရတာဟာ တကယ့်ကို မိုက်တယ်။
ဒါ့အပြင် တစ်ပြိုင်နက်တည်း Device 3 ခုအထိ ချိတ်ဆက်ပြီး Fast Switch လုပ်နိုင်သလို၊ ဂိမ်းကစားရင် Low Latency Mode လည်း ပါတယ်။ AI လုပ်ဆောင်ချက်အနေနဲ့ Smart Translation နဲ့ ဖုန်းခေါ်ဆိုမှု စီမံခန့်ခွဲရေးအကူအညီတွေလည်း ပေါင်းစပ်ပေးထားတယ်။ ထိန်းချုပ်မှုအတွက် နားခွက်ပေါ်မှာ Physical button တွေ ပါဝင်ပြီးတော့ အသံအတိုးအကျယ်အတွက် Scroll လုပ်ရတဲ့ ဒလိမ့်တုံးခလုတ်လေးလည်း ပါသေးတယ်။
ဒီ vivo Over-Ear နားကြပ်ကို တရုတ်ပြည်မှာ ၄၉ ၉ ယွမ်နဲ့ စတင်မိတ်ဆက်ခဲ့တာဖြစ်လို့ လက်ရှိငွေလဲနှုန်းအရ ယူရို ၆၅ ကနေ ၇၀ ဝန်းကျင် ရှိမှာပါ။ လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ တရုတ်ပြည်တွင်းမှာ စတင်ရောင်းချမှာဖြစ်ပြီး၊ ကျွန်တော်တို့ဆီ အပါအဝင် နိုင်ငံတကာဈေးကွက်ကို ဘယ်တော့ရောက်မလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်ပြီးစောင့်ကြည့်ရမှာပဲ။ vivo ရဲ့ ပထမဆုံး over ear Headphone အသစ်ကို ဘယ်လိုမြင်ကြလဲ။ Comment မှာ ဆွေးနွေးပေးခဲ့ကြဦး။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
16. 788194, 96. 127531
Rangoon Ahlone
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |