Sagaing Network News - SNN
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sagaing Network News - SNN, Broadcasting & media production company, Sagaing.
27/11/2025
SNN | မန္တလေး အိုးဘိုထောင်မှ ၅၀၅ အရ ပြစ်ဒဏ်ကျခံသူ ၂၆၅ ဦး လွတ်မြောက်
မန္တလေး၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ် ၁၀/၂၀၂၅ နှင့် ၁၁/၂၀၂၅ အရ၊ ပုဒ်မ ၅၀၅ အရ ပြစ်ဒဏ်ကျခံခဲ့သူ ၃၀၈၅ ဦးကို ပြစ်ဒဏ်လျော့ပေါ့၍ လွတ်မြောက်ခွင့် ပြုခဲ့ကြောင်း သိရပါတယ်။
ဤအမိန့်အရ မန္တလေးတိုင်းရှိ အိုးဘိုအကျဉ်းထောင်နှင့် အခြားအကျဉ်းစခန်းများမှ ၂၆၅ ဦးသည် နိုဝင်ဘာ ၂၆ ရက်နေ့ လွတ်မြောက်ခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်က ဖော်ပြခဲ့ပါတယ်။
ထို့အပြင် ပုဒ်မ ၅၀၅ အရ စစ်ဆေးမှုဆဲ ဖြစ်နေသူ ၅၅၈၀ ဦးအတွက် အမှုများကို တရားရုံးက ပိတ်သိမ်းပြီး လွှတ်မြောက်ခွင့်ရမှသာ လွတ်မြောက်နိုင်မည်ဖြစ်ပြီး၊ အချိန်အရင်ညနေပိုင်းတွင်သာ လွတ်မြောက်လာနိုင်ကြောင်း သိရပါတယ်။
# မန္တလေး #အိုးဘိုထောင် # ၅၀၅ # ပြစ်ဒဏ် #ကျခံသူ #၂၆၅ ဦး # လွတ်မြောက် ゚ ゚viralシalシ
27/11/2025
SNN | အကျဥ်းထောင်က လွတ်မြောက်လာသူ ဦးကြည်တိုးက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အလုပ်လုပ်ရန် အားတင်းထားဟုပြော
ရန်ကုန်၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုပြန်ကြားရေးမှူးအဖြစ် လူသိများထင်ရှားခဲ့သူ ဦးကြည်တိုးသည် နိုဝင်ဘာ ၂၇ ရက်နေ့ အင်းစိန်ထောင်မှ လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဆက်လက်အလုပ်လုပ်နိုင်ရန် အားတင်းထားကြောင်းနဲ့ မိမိကျန်းမာရေးကို ဂရုစိုက်ကာ နေထိုင်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ လှည်းတန်းတွင် ဖမ်းဆီးခံခဲ့ရပြီး အတွင်းရေးမှူးများနှင့်အတူ အကျဉ်းထောင် ချထားခံခဲ့သူ ဦးကြည်တိုးသည် ပုဒ်မ ၅၀၅ အရ ထောင်ဒဏ်ကျခံခဲ့ရသူ ၇၂၄ ဦးနှင့် ကျန်ရှိပြစ်ဒဏ်များကို လျော့ပေါ့၍ လွတ်မြောက်ခွင့်ရသူ ၂၃၆၁ ဦးအပါအဝင် ထောင်မှ လွတ်မြောက်သူများထဲတွင် ပါဝင်ခဲ့ပါတယ်။
ထိုထဲတွင် CDM လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် တက္ကသိုလ်ကျောင်းသားဟောင်းများ၊ အလွတ်တန်း ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ် (ခ)ဖိုးသားလည်း ရှိကြောင်း သိရပါတယ်။
စစ်ကော်မရှင်က ဖော်ပြထားသည့်အရ ပုဒ်မ ၅၀၅ အရ ဖမ်းဆီးခံခဲ့ရသူများကို ၃ နှစ်ထိ အကျဉ်းထောင် ပြစ်ဒဏ် သတ်မှတ်ခဲ့ပြီး တရားစွဲခံသူ ၅၅၈၀ ဦးကို သက်ဆိုင်ရာအမှုများ ပိတ်သိမ်းခဲ့ကြောင်းလည်း သိရပါတယ်။
ပုဒ်မ ၅၀၅ အရ လွတ်မြောက်ခွင့်ရသူများသည် နိုင်ငံရေးဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ဆန္ဒပြပွဲများ၊ ဆိုရှယ် မီဒီယာတွင် အဆိုပြုချက်များရေးသားခြင်းနှင့် သတင်းအချက်အလက်များမျှဝေခြင်းတို့အတွက် ဖမ်းဆီးခံခဲ့ရ သူများဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ လွတ်မြောက်သူများသည် အခြားပုဒ်မများဖြင့် တရားစွဲခံထားလျှင် ထိုပြစ်ဒဏ်များမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း စစ်ကော်မရှင်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
# အကျဥ်းထောင် #လွတ်မြောက်လာ #ဦးကြည်တိုး #ဒေါ်အောင်ဆန်းစုကြည် #အလုပ်လုပ်ရန် # အားတင်းထား # #ဦးကြည်တိုး ゚viralシalシ ゚
SNN | ဟောင်ကောင် Tai Po Wang F*k Court မီးလောင်မှု ၃၆ ဦးသေ၊ ၂၇၉ ဦး ရှာမတွေ့
ဟောင်ကောင်၊နိုဝင်ဘာ ၂၇၊ ၂၀၂၅။
Tai Po မြို့နယ်ရှိ Wang F*k Courtတွင် နိုဝင်ဘာ ၂၆ ရက်နေ့ နေ့လည် ၂နာရီ ၅၁မိနစ် တွင် မီးလောင်မှု စတင်ခဲ့ပြီး၊ bamboo scaffolding နှင့် အပြင်ခြံ wrap များကြောင့် မီးက အလျင်အမြန် ပြန့်ထွက်ခဲ့ပါတယ်။
မီးအခြေအနေကို မွန်းလွဲ ၃နာရီ ၃၄မိနစ် တွင် အရေးကြီးအဆင့် No. 4 alarm ထိမြှင့်တင်ပြီး ည ၆နာရီ ၂၂ မိနစ် အထိ No. 5 alarm အဆင့်တွင် လောင်နေခဲ့ပါတယ်။
အနည်းဆုံး ၃၆ ဦး သေဆုံးပြီး၊ ၂၇၉ ဦး မတွေ့ကြောင်း သိရပါတယ်။ ဒဏ်ရာရသူများလည်း အများအပြားရှိပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ကူညီနေပါတယ်။
Wang F*k Court သည် အစိုးရထောက်ပံ့အိမ်ရာစနစ် ဖြစ်ပြီး အဆောက်အအုံများတွင်renovation အတွက်
bamboo scaffolding နှင့် mesh wrap များ အသုံးပြု ထားခြင်းကြောင့် မီးလောင်မှုအန္တရာယ်များစွာ ရှိခဲ့ပါတယ်။
မီးလောင်မှုကြောင့် အဆောက်အအုံအတွင်း အန္တရာယ်နှင့် ပြည်သူလုံခြုံရေးအတွက် လုံခြုံမှု ခက်ခဲစေခဲ့ပါတယ်။
ဒါ့အပြင် မီးလောင်မှုကြောင့် လမ်းများ ပိတ်ထားပြီး လူများကို ယာယီလုံခြုံစခန်းများသို့ စုစည်းထားကာ အထူး ကယ်ဆယ်ရေး စခန်းများနှင့် မီးသတ်ဌာနများက အရေးပေါ်လုပ်ငန်းများ ဆောင်ရွက်နေပါတယ်။
အစိုးရက စစ်ဆေးမှုများစတင်ပြီး အဆောက်အအုံ လုံခြုံရေးစံနှုန်းများကို ပြန်လေ့လာနေပြီး သေဆုံးထိခိုက် ဒဏ်ရာရမှု အခြေအနေများကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Ref: Associated Press, Reuters,The Sun,Huffington Post
ရုပ်သံ-လူမူကွန်ရက်
# ဟောင်ကောင် # #မီးလောင်မှု #၃၆ ဦးသေ # ၂၇၉ ဦး #ရှာမတွေ့
26/11/2025
SNN | စစ်ကော်မရှင်က တိုင်းနှင့်ပြည်နယ် ၆ ခုမှ ပြည်သူများအား ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး
နေပြည်တော်၊နိုဝင်ဘာ ၂၆၊ ၂၀၂၅။
အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးသည်ဟုဆိုကာ တိုင်းနှင့်ပြည်နယ် ခြောက်ခုတို့မှ ပြည်သူများကို ရွေးကောက်ပွဲ ဥပဒေတို့ဖြင့် ထပ်မံအမှုဖွင့် ဖမ်းဆီးထားပါတယ်။
တိုင်းနှင့် ပြည်နယ်ခြောက်ခုမှာ တနင်္သာရီ၊ ရန်ကုန်၊ ကရင်၊ ပဲခူး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့ပါ၀င်ပြီး ယင်းတို့ထဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစု PDF အပါအဝင် ပြည်သူများကို ဖမ်းဆီးထားတယ်လို့ ဒီကနေ့ ၂၆ရက်ထုတ် စစ်အစိုးရ ဝါဒဖြန့် သတင်းစာမှတဆင့် ထုတ်ပြန်လာတာပါ။
စစ်ကော်မရှင်က ဗုဒ္ဓဟူးနေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ထုတ်ပြန်ချက်အရ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ယခုကျင်းပမည့် ရွေးကောက်ပွဲကို “အတုအယောင်” ဟု သတ်မှတ်ပြီး လက်မခံသဖြင့် ဇူလိုင်လ ၂၉ ရက်တွင် ဥပဒေသစ် ထုတ်ပြန်ကာ EROs၊ PDF တချို့၊ သတင်းသမားများနှင့် အနုပညာရှင်များအပါအဝင် ပြည်သူများကို အမှုဖွင့်လာခဲ့ကြောင်းလည်း ထောက်ပြထားပါတယ်။
နောက်ထပ် ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်း ပုလောမြို့နယ် ဘုတ်ခြံရွာ၌ ကြံ့ခိုင်ရေးပါတီ (USDP)၏ မဲဆွယ် ဆိုင်းဘုတ်ကို နိုဝင်ဘာ ၁၉ ရက်က ဖျက်ဆီးသူ (စိစစ်ဆဲ) နှင့် ကျွန်းစု PDF၊ သရက် PDF တို့အား သက်ဆိုင်ရာ ဥပဒေခွဲများဖြင့် အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ရန်ကုန်တွင်တော့ တွံတေး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်းမြို့နယ်များမှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် လှိုင်၊ မြောက်ဥက္ကလာပမြို့နယ်မှ (စိစစ်ဆဲ) များကို ပါတီဆိုင်းဘုတ် ဖျက်ဆီးမှုများနှင့် ရွေးကောက်ပွဲ ပျက်ပြားအောင် အွန်လိုင်းမှ ဆန့်ကျင်လှုံ့ဆော်ရေးသားချက်များကြောင့် ဟုဆိုကာ ရွေးကောက်ပွဲ ဥပဒေများဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ထို့အတူ ကရင်ပြည်နယ် မြဝတီမြို့၊အမှတ် (၄) ရပ်ကွက်နှင့် ဘားအံမြို့၊ အမှတ်(၆) ရပ်ကွက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဆိုင်းဘုတ်ဖျက်သူများကို စိစစ်ဖော် ထုတ်လျှက်ရှိရာ အမှတ် (၉) ရပ်ကွက်နေ ကိုထက်နေလင်း (၂၇)နှစ်ကို ရွေးကောက်ပွဲ ဥပဒေများဖြင့် အမှုဖွင့်ထားပြီး ကျန်ရှိသူများကို ဆက်လက် စုံစမ်းဆဲအဖြစ် ထုတ်ပြန်ထားပါတယ်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့တွင်လည်း လှုံ့ဆော်စာကပ်သူများကို စိစစ်ဆဲဖြစ်ပြီး ပဲခူးမြို့၊ ဥဿာမြို့သစ် (၈)ရပ်ကွက်မှ USDP မဲဆွယ် ဆိုင်းဘုတ်ဖျက်သူ အမျိုးသား ၂ ဦးအပြင် မန္တလေးတိုင်း အောင်မြေသာစံ မြို့နယ်၌ ဖြစ်ပွားသည့် ဆိုင်းဘုတ်ဖျက်သူ(စုံစမ်းဆဲ)တို့ကိုပါ စစ်ကော်မရှင်က အမူဖွင့်ထားတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကြံ့ဖွံ့ပါတီ မဲဆွယ်စည်းရုံး ဟောပြောနေသော မှတ်တမ်း ဓာတ်ပုံများ အသုံးပြု၍“လူထုသတင်းစာတိုက်”အမည်ရှိ Facebook အကောင့်တစ်ခုမှ မဟုတ်မမှန် ရေးသားဖြန့်ဝေသည်ဆိုကာ အွန်လိုင်းတွင် ဖြန့်ချီသူကိုပါ ပြင်ဦးလွင် မြို့မရဲစခန်းတွင် ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ထို့နောက် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှ ဦးဆန်းလင်း(၆၀)နှစ်ကိုလည်း လမ်း၌စစ်ဆေးရာမှ ၎င်းကိုင်ဆောင်သည့် တယ်လီဖုန်းအတွင်း Tiktok တွင် ရွေးကောက်ပွဲဆန့်ကျင် သုံးသပ်ချက်များ ပါဝင်သည့် စာနှင့် ဓာတ်ပုံများ တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထားပြီး ရွှေဘိုမြို့မရဲစခန်း၌ ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင် ထုတ် သတင်းစာက ဆိုပါတယ်။
မကြာသေးမီက ရွေးကောက်ပွဲဆန့်ကျင်စာများ ကပ်သည်ဟုဆိုပြီး အမျိုးသားနှစ်ဦးအား ထောင်ဒဏ် ၄၇ နှစ်အထိ ချမှတ်ကာ အမျိုးသမီးတစ်ဦးအား ၁၇ နှစ်ချမှတ်ခဲ့ပါတယ်။
#တိုင်း #ပြည်နယ် #၆ခု #ပြည်သူ #ရွေးကောက်ပွဲ #ဥပဒေ #အမှုဖွင့် # ဖမ်းဆီး # #ရွေးကောက်ပွဲ #စစ်ကော်မရှင် ゚ ゚
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Sagaing
02374