PDF Insight
လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုများကို သိရှိရန် PDF Insight စာမျက်နှာကို ဖတ်ပါ။
03/06/2026
"စစ်ရေးဘာတွေ ဖြစ်နေပြီလဲ"
၂၀၂၆ ခုနှစ်၊ မေလအတွင်း ရန်သူ့ အဓိက မြို့ကြီးဖြစ်တဲ့ ရန်ကုန် မြို့ အနီးက ပဲခူး ရိုးမ အနောက်ခြမ်း မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာ၊ ရန်သူ့စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းတွေကို အလယ်ပိုင်းဒေသ မြို့နယ်တွေမှာတိုက်ခိုက်နိုင်နေတာ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်နေတာ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း က (၃) လုံး နယ်မြေမှာ ရန်သူကို လှုပ်ရှားစစ်အသုံးပြုပြီး အထိနာအောင် တန်ပြန် တိုက်ခိုက်နိုင်လာတာကို တွေ့ရပါတယ်။ ပစ တွေ အသုံးပြုပြီး အင်အားအလုံးအရင်း သုံးရှေ့တက်လာတဲ့ ရန်သူကို နေရာဒေသ အသီးသီးမှာ တန်ပြန် တိုက်ခိုက်နိုင်နေတာကို မေလအတွင်းက တိုက်ပွဲတွေက ပြသလျက်ရှိပါတယ်။ ရန်သူအနေနဲ့ အခိုင်အမာ မြို့တချို့ကို ပြန်လည် သိမ်းပိုက်နိုင်ပေမယ့်လည်း မြို့ကို လည်ပတ်နိုင်ခြင်းမရှိတာ၊ မြို့ အနီးက ဒေသတွေကိုပါ စိုးမိုးနိုင်မှုမရှိတာကို တွေ့နေရပါတယ်။ ရန်သူ့နောက်တန်း ထောက်ပို့ နယ်မြေတွေကိုလည်း ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ ဟာကွက်တွေရှိနေတာကို အတွင်းပိုင်းနယ်မြေက လမ်းဖြတ်တိုက်ပွဲတွေ၊ စစ်ကြောင်းကြားဖြတ် တိုက်ခိုက်မှု၊ ရန်သူ့ဂိတ်တွေကို တိုက်ခိုက်မှုတွေက ပြသလျက်ရှိပါတယ်။ ဒီဖြစ်စဉ်ဟာ ရှေ့လာမယ့် လတွေမှာ ပိုမို ပေါ်ပေါက်လာမယ့် စစ်ရေးလားရာတွေကို ညွှန်ပြလျက်ရှိပါတယ်။ တိုက်ခိုက်မှုတချို့ကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။
ပဲခူးရိုးမ အနောက်ခြမ်း လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း ဘေးမှာ အင်အား (၂၀) နဲ့ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်ကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် ပကဖ က သွားရောက် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီး စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၂)၊ ရန်ကုန် ပကဖ နဲ့ ACDF တို့ဝင်ရောက် တိုက်ခိုက်ရာမှာလဲ ပျူစောထီး (၂) ဦးသေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မကွေးတိုင်း၊ မင်းဘူး မြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းမှာလဲ ရန်သူ့ ထောက်ပို့စစ်ကား (၁) စီးကို မင်းဘူးမြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့က မေလ (၂၈) ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ရာ ရန်သူ (၆) ဦးသေဆုံး၊ (၃) ဦး ဖမ်းမိ၊ လက်နက်မျိုးစုံ (၆) လက်၊ ၁၂၂ မမ ဒုံးကျည် (၂၈) လုံးတို့ သိမ်းဆည်းရရှိခဲ့ပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံမြို့ အနီးမှာလဲ ရန်သူ့စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က (၁၂) ဦး သေဆုံးပြီး လက်နက် (၄) လက် ရရှိခဲ့ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းကို မေလ (၂၆) ရက်နေ့က မိုင်းဆွဲတိုက်ခိုက်မှုမှာ ရန်သူ (၁၅) ဦး သေဆုံးခဲ့ပါတယ်။ ပုဂံညောင်ဦး ဒေသ၊ ငါ့သရောက် နယ်မြေမှာ အင်အား (၃၀၀) နဲ့ စစ်ကြောင်းထိုးနေတဲ့ ရန်သူကို တိုက်ခိုက်ရာ စစ်သား (၂၀) ခန့် ထွက်ပြေးခဲ့ပါတယ်။ ထွက်ပြေးသွားသူ အများစုဟာ အဓမ္မစစ်မှုထမ်း တွေ ဖြစ်ပြီး ရန်သူ့တပ်သားသစ်တွေ အနေနဲ့ တိုက်စွမ်းရည် မရှိဘူးဆိုတာ ပြသလျက်ရှိပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင် မြို့ နယ်မြေ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာနက အင်အား (၆၀) နဲ့ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲအတွင်း ရန်သူ (၁၁) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးစခန်းကိုလဲ တော်လှန်ရေး အင်အားစုတွေ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စခန်းသိမ်းတိုက်ပွဲ အပြီးတွင် ပျူစောထီးများ ဖမ်းဆီးခံထားရသည့် ပြည်သူ (၄၉) ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ် ပြန်လည် သိမ်းယူသွားတဲ့ အင်းတော်နဲ့ မော်လူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ KIA နှင့် ပူးပေါင်း တပ်တို့က ပြန်လည်တိုက်ခိုက်လျက်ရှိပါတယ်။ အဆိုပါ နယ်မြေတွင်းရှိ စခန်းတချို့နဲ့ လမ်းပိုင်းတချို့ကိုလဲ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်လျက်ရှိပါတယ်။ အင်းတော်မြို့နယ်၊ မဲဇာ ရွာဘက်ကို ဦးတည်ထွက်လာတဲ့ ရန်သူ့ စစ်ကြောင်းကို ပူးပေါင်းတိုက်ခိုက်ရာမှာလဲ ရန်သူ့တပ်တွေ အထိနာခဲ့ပါတယ်။ ထို့အပြင် တကောင်း၊ ထီးချိုင့်၊ အင်းတော်၊ ကသာ စစ်ဆင်ရေး နယ်မြေမှာ ရန်သူ့ တပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပကဖ တွေက FPV ဒရုန်းတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိပါတယ်။ ရန်သူ့ တပ်တွေကို မဟာဗျူဟာ အသာစီး ရယူပြီး လှုပ်ရှားစစ်နဲ့ ချေမှုန်းလျက်ရှိသလို နည်းပညာ အသာစီးရယူပြီး တိုက်ခိုက်လျက်ရှိနေတာကို တွေ့ရပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Sagaing