RAI Test Center

RAI Test Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RAI Test Center, Education Website, 3rd Floor, Red Hill Tower, Pyay Road, Sanchaung.

06/11/2025

📢 ❝ရန်ကုန်နှင့် မန္တလေးမြို့ရှိ RAI Test Center တို့တွင် Test ဖြေဆိုမည့်သူများအား အသိပေးကြေညာချက်❞
■ ■ ■ ■ ■ ■ ■ ■ ■ ■
▣လက်ရှိကာလတွင် မြန်မာတစ်နိုင်ငံလုံးရှိ Internet Line များသည် လိုင်းကျခြင်းများ ဖြစ်ပေါ်နေပါသောကြောင့် Pearson Test များ ဖြေဆိုချိန်တွင် မိနစ်ပိုင်းခန့် လိုင်းကျခြင်းများ (Delay ဖြစ်ခြင်းများ) အနည်းငယ် ဖြစ်ပေါ်နိုင်ပါသည်။ (Delay ဖြစ်သော်ငြား Test များကိုတော့ ဆက်လက်ဖြေဆိုနိုင်ဆဲ ဖြစ်ပါသည်)။
▣သို့ဖြစ်ပါ၍ ယခုရက်ပိုင်းအတွင်း Test ဖြေဆိုရန် Registration လုပ်ထားသော ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် အဆိုပါ အင်တာနက် အခြေအနေကို စိုးရိမ်ပူပန်မှုရှိပါက မိမိတို့၏ Test ကို ကြိုတင်၍ ရက်ပြောင်းလဲခြင်း (Reschedule) ပြုလုပ်ထားနိုင်ကြောင်း RAI Test Center မှ အသိပေးအပ်ပါသည်။

31/10/2025

GED Test or GED ready Test ၀ယ်ယူရာတွင် ငွေပေးချေမှုဆိုင်ရာ ပြောင်းလဲမှုများအား သတိပေးကြေညာချက်
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
❑ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ GED Testing Service မှ တရားဝင်ထုတ်ပြန်ချက်များအရ GED ဖြေဆိုမည့် ကျောင်းသူ ကျောင်းသားများအနေဖြင့် မိမိ GED Account (သို့) ဖုန်းခေါ်ဆိုရေးစင်တာ (call center) မှတစ်ဆင့် GED Exam နှင့် GED Ready အတွက် တိုက်ရိုက်ငွေပေးချေခြင်းကို ထပ်မံပြုလုပ်နိုင်တော့မည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
❑ GED Exams များဖြေဆိုရန် လက်ရှိ အသုံးပြုနိုင်သော နည်းလမ်းများ။
👉GED Exams နှင့် Ready Test ဖြေဆိုမည့်သူများအနေဖြင့် GED Marketplace (သို့မဟုတ်) GED Direct မှတစ်ဆင့် ဘောက်ချာ (vouchers) များကို ဝယ်ယူနိုင်မှာ ဖြစ်ပါသည်။ Exam Schedule ပြုလုပ်ရန်အတွက် အောက်ပါ ရွေးချယ်စရာ နည်းလမ်း (၂) ခုမှတဆင့် အသုံးပြုနိုင်ပါသည်။
(၁) GED Marketplace မှတဆင့် Exam Schedule ပြုလုပ်ဖြေဆိုခြင်း။
✅GED Marketplace https://shop.gedmarketplace.com/International/c/13001166 သို့ သွားပါ။
✅မိမိဖြေဆိုလိုသည့် စာမေးပွဲအတွက် ဘောက်ချာ တစ်ခု ဝယ်ယူပါ။
✅မိမိ GED အကောင့်တွင် Exam Schedule ပြုလုပ်ရန် ဘောက်ချာကုတ် (voucher code) ကို အသုံးပြုပါ။
(၂) GED authorized prep provider မှတဆင့် Exam Schedule ပြုလုပ်ဖြေဆိုခြင်း။
✅GED authorized prep provider အနေဖြင့် GED Direct မှတစ်ဆင့် ဘောက်ချာ ဝယ်ယူနိုင်ပြီး ကျောင်းသား Account (student account) ထဲသို့ GED Ready Test (သို့) GED Exam အတွက်အဆိုပါ ထိုဘောက်ချာကို တိုက်ရိုက်ချထားပေးတာမျိုးရှိပါသည်။ Exam Schedule ပြုလုပ်ရန်အတွက် မိမိ Account အတွင်းရှိ အဆိုပါ ဘောက်ချာကို အသုံးပြုနိုင်ပါသည်။
❑ GED Exam ဖြေဆိုမှုများနှင့်ပတ်သက်၍ RAI Test Center Page messenger မှသော်လည်းကောင်း ရုံးချိန်အတွင်း အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပြီး GED Testing Service [email protected] သို့ လည်း တိုက််ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
🏢RAI Test Center - Yangon
📞09 88-111-01-55
📞09-88-111-01-66
🏢RAI Test Center - Mandalay
📞09 7580-2222-6
📞09 7580-2222-7
📞09 7580-2222-8

10/10/2025

❝PTE Exam ဖြေဆိုဖို့ ဒါလေးတွေ သိထားပြီးပြီလား❞
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
▣ PTE Exam ဖြေဆိုလိုသူများအတွက် Exam Fess ပေးသွင်းပုံမှစ၍ Exam result ထုတ်ယူတဲ့အထိ သိထားသင့်တဲ့ အချက်အလက်တွေကို အောက်ပါအတိုင်း စုစည်းဖော်ပြပေးလိုက်ပါတယ်။
👉စာမေးပွဲကြေးနှင့် ဖြေဆိုရန် Schedule ပြုလုပ်ခြင်း။
ပထမဆုံးအနေဖြင့် PTE Academic Exam ဖြေဆိုမည့်သူများသည် PTE Exam အမျိုးအစားအလိုက် ပေးဆောင်ရမည့် Exam Fees များကို PTE website (https://www.pearsonpte.com/test-centers-and-fees) မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။ ပြီးလျှင် မိမိ၏ myPTE account မှတစ်ဆင့် ဖြေဆိုမည့်ရက်နှင့် Test Center ကို ရွေးချယ်ပြီး စာရင်းသွင်းနိုင်ပါတယ်။
👉ဖြေဆိုမည့်နေ့တွင် လိုက်နာရန်စည်းကမ်းများ။
✅သတ်မှတ်ထားသောအချိန်ထက် အနည်းဆုံး နာရီဝက်စော၍ Test Center သို့ ရောက်ရှိရန် လိုအပ်ပါတယ်။
✅စာမေးပွဲဖြေဆိုခွင့်ရရှိရန်အတွက် Passport သို့မဟုတ် NRC ကတ်မူရင်းကို မဖြစ်မနေ ယူဆောင်လာရပါမယ်။(မိမိ၏ မှတ်ပုံတင်၊ passport တွင်ပါရှိသော အချက်အလက်များနှင့် My PTE account တွင်ထည့်ရှိထားသော အချက်အလက်များတူညီမှုရှိမှသာ ဖြေဆိုခွင့်ရနိုင်ပါမယ်။)
✅သတ်မှတ်ထားသည့်အချိန်ထက် နောက်ကျပါက ဖြေဆိုခွင့်ရရှိမည်မဟုတ်သောကြောင့် အချိန်ကို အထူး ကရုပြုရန် လိုအပ်ပါတယ်။ PTE Exam နှင့်ပတ်သက်သည့် အခြားသတ်မှတ်ထားသော စည်းကမ်းချက်များကို အောက်ပါ website link မှတစ်ဆင့် အသေးစိတ်လေ့လာနိုင်ပါတယ် -https://www.pearsonpte.com/policy-center/test-center-rules
👉Exam Result ထုတ်ယူခြင်း။
PTE စာမေးပွဲရလဒ် (Official Score) သည် ပုံမှန်အားဖြင့် ဖြေဆိုပြီးနောက် ၅ ရက်မှ ၁ပတ်အတွင်း www.mypte.pearsonpte.com တွင် မိမိ၏ myPTE account ကိုlogin ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
▣ Test Date ရွေးချယ်ခြင်း၊ Reschedule ပြုလုပ်ခြင်းများနှင့် ပတ်သက်ပြီး အခက်အခဲတစုံတရာရှိပါက Page messenger မှသော်လည်းကောင်း ရုံးချိန်အတွင်း အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။
🏢RAI Test Center - Yangon
📞09 88-111-01-55
📞09-88-111-01-66
🏢RAI Test Center - Mandalay
📞09 7580-2222-6
📞09 7580-2222-7
📞09 7580-2222-8

Want your school to be the top-listed School/college in Sanchaung?
Click here to claim your Sponsored Listing.

Address


3rd Floor, Red Hill Tower, Pyay Road
Sanchaung
11111

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30
Saturday 08:30 - 16:30
Sunday 08:30 - 16:30