TTA Computer Sales & Service Center

TTA Computer Sales & Service Center

Share

Computer Sales & Service Center,Network Solution,CCTV installation & Service,Wireless Solution

Photos from TTA Computer Sales & Service Center's post 26/01/2024

𝗖𝗮𝘀𝗵 𝗕𝗮𝗰𝗸 "၅သိန်းကျော်" ဝန်းကျင်‌လောက်ထိ ပြန်လည်ရရှိနိုင်မယ့် 𝙃𝙋 𝙒𝙞𝙣𝙩𝙚𝙧 𝙎𝙖𝙡𝙚🥳

၂၀၂၄ နှစ်အစမှာ 𝐋𝐚𝐩𝐭𝐨𝐩 အသစ်ဝယ်ဖို့ ပလန်ထားတဲ့ 𝐇𝐏 ဖန်လေးတွေအတွက် အတန်ဆုံးဈေးနဲ့ဝယ်ယူရရှိနိုင်မယ့် ပရိုမိုးရှင်းလေးကို
🗓️ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၃၁ရက်နေ့ထိ ပြုလုပ်ပေးထားပါတယ်။

🪪𝗠𝗼𝗯𝗶𝗹𝗲 𝗯𝗮𝗻𝗸𝗶𝗻𝗴 - AYA, CB, KBZ, YOMA နဲ့ KBZ Pay
🚛 မြို့တွင်း_နယ်ဝေး ဒေသအလိုက် အမြန်ချောပို့များ/ ကားဂိတ်များမှ ပို့ဆောင်ပေးလျှက်ရှိပါသည်။

09790137255

24/12/2023

Laptop ဘက်ထရီ ကြာကြာသုံးနိုင်ဖို့ သတိထားရမည့် အချက်များ
==========================
Laptop နဲ့ သုံးနေရတဲ့သူတွေအတွက် တစ်ခါတစ်လေမှာ ကြိုးတပ်ပြီး အားသွင်းဖို့ အဆင်ပြေချင်မှပြေပါလိမ့်မယ်... ကိုယ်လုပ်လက်စအလုပ်ကို ဘက်ထရီရဲ့ ကျန်တဲ့အားလေးနဲ့ ပြီးတဲ့အထိ အသုံးပြုသွားနိုင်ဖို့ လိုတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လုပ်ဆောင်ထားသင့်ပါတယ်... ဒီအချက်တွေဟာ သင့် laptop battery ကို ကြာကြာသုံးနိုင်ဖို့အတွက် အလွန်ထိရောက်တဲ့ အခြေခံအချက်လေးတွေဖြစ်ပါတယ်...
၁) Screen Brightness ကို လျှော့ချထားပါ သင်အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး သင့် Laptop Screen ရဲ့ brightness ကို ချိန်ညှိအသုံးပြုဖို့လိုပါမယ်... သင့် laptop ဟာ LED screen မဟုတ်ဘူးဆိုရင် back light ကို လျှော့ချလိုက်ခြင်းဟာ အားအကုန်ကို သိသိသာသာ သက်သာစေပါလိမ့်မယ်....
၂) Background program များကို ပိတ်ထားပါ သင်မသိဘဲနဲ့ Window စနစ်ကနေ နောက်ကွယ်မှာ run နေတဲ့ background program အများကြီးရှိပါတယ်... user အများစုဟာ program တွေကို install လုပ်တဲ့အခါ စက်စဖွင့်တာနဲ့ အလိုအလျောက် run ဖို့ ခွင့်ပြုထားမိလိုက်တာ များပါတယ်.... ဒီလို program တွေကို task manager ကနေတစ်ဆင့် ပိတ်လိုက်ခြင်းဖြင့် သင့် laptop လုပ်နေရတဲ့အလုပ်ကို လျှော့ချပေးနိုင်သလို ဘက်ထရီကိုလည်း ကြာကြာသုံးနိုင်စေမှာဖြစ်ပါတယ်... ဖြစ်နိုင်မယ်ဆိုရင်တော့ သင်တကယ်သုံးမယ့် program တစ်ခုကိုပဲ ဖွင့်ပြီးသုံးဖို့ ကြိုးစားသင့်ပါတယ်...
၃) External Device များကို ဖယ်ရှားပါ USB flash drive တွေ ဒါမှမဟုတ် external CD drive တွေဟာ သင့် ဘက်ထရီကနေ အားအများကြီးယူသုံးပါတယ်... ဒီ device တွေကို ဖယ်ထုတ်လိုက်ခြင်းအားဖြင့် သင့် laptop ဘက်ထရီကနေ စွမ်းအင်စီးထွက်မှု ကျဆင်းသွားမှာဖြစ်တဲ့အတွက် အချိန်အတော်ကြာအောင် ပိုမိုအသုံးပြုနိုင်ပါလိမ့်မယ်...
၄) CD drive ကို အသုံးမပြုပါနဲ့ Optical Disk drives တွေဟာ အားအတော်စားပါတယ်... ဒီ drive တွေဟာ သူတို့ကိုမသုံးတဲ့အချိန်မှာတောင် အားကို ဖြုန်းပစ်ပါတယ်... ဂိမ်းကစားတာမျိုး CD ထည့်ပြီးသုံးဖို့ရှိမယ်ဆိုရင် virtual drive software တစ်ခုခုကို install လုပ်ထားလိုက်ပါ... ဒါဆိုရင် optical drive ထဲက data တွေကို virtual drive အနေနဲ့ သိမ်းထားပြီးယူသုံးနိုင်ပါပြီ... Optical drive ကို အသုံးပြုတဲ့အချိန်ကို အတတ်နိုင်ဆုံး လျှော့ချခြင်းဟာ သင့်ဘက်ထရီကို ကြာရှည်သုံးစွဲဖို့ အထောက်အကူပြုပါလိမ့်မယ်...
၅) Hard disk ကို Defragment လုပ်ပါ Defragment ပုံမှန်မလုပ်တဲ့ hard disk ဟာ data တွေအကို အသုံးပြုတဲ့အခါမှာ အလုပ်ပိုလုပ်ရပါတယ်... ဒါကြောင့် သင့် hard disk ကို defragment ပုံမှန်လုပ်ခြင်းအားဖြင့် hard disk ရဲ့ လည်ပတ်လုပ်ဆောင်မှုကို လျှော့ချပေးနိုင်ပါတယ်... hard disk အလုပ်လုပ်တာနည်းလေလေ သင့်ဘက်ထရီကိုလည်း အချိန်ကြာကြာဆွဲသုံးနိုင်လေလေဖြစ်ပါတယ်....
၆) သင့်ဘက်ထရီကို ဂရုစိုက်ပါ ဘက်ထရီတွေဟာ ပြုပြင်ထိန်းသိမ်းမှု အများကြီးလိုအပ်ပါတယ်.... ရိုးရိုးရှင်းရှင်းသာဖြစ်တဲ့ ဒီနည်းလမ်းလေးတွေကိုလိုက်နာလိုက်ရုံနဲ့ သင့်ဘက်ထရီရဲ့သက်တမ်းကို ပိုရှည်ကြာပါစေလိမ့်မယ်... ပထမဆုံး သင့်ဘက်ထရီကို အချိန်အကြာကြီးအားသွင်းထားတာမျိုး... အားသွင်းရင်း အသုံးပြုတာမျိုးကို ရှောင်ရပါမယ်... ဒီလိုမျိုးတွေလုပ်ဆောင်ခြင်းဟာ ဘက်ထရီအတွက် မကောင်းပါဘူး... ဘက်ထရီကို အားသွင်းမယ် ပြီးမှအသုံးပြုမယ်ဆိုတာမျိုးကသာ သင့်ဘက်ထရီကို ပုံမှန်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်...
၇) Standby အစား Hibernate မှာထားပါ သင်အလုပ်လုပ်တာက ခဏနားမယ်ဆိုရင် Standby မှာ မထားဘဲ Hibernate မှာထားပါ... Standby mode ဟာ သင့်ဘက်ထရီကို ဆက်သုံးနေမှာဖြစ်ပါတယ်... လူအများစုဟာ ဒီ mode နှစ်ခုရဲ့ ခြားနားချက်ကို ကောင်းကောင်းမသိကြပါဘူး... ဒါကြောင့် အလုပ်ကို ချက်ချင်းပြန်စလို့ရတဲ့ Standby ကိုပဲ သုံးဖြစ်ကြတာများပါတယ်... Standby mode ကို မသုံးခြင်းအားဖြင့် သင့်ဘက်ထရီ သုံးနိုင်မယ့်အချိန်ကို ထပ်ပြီးဆွဲဆန့်ထားနိုင်ပါလိမ့်မယ်...
၈) Graphic ကို လျှော့သုံး graphic များများတောင်းတဲ့ game တွေကို ကစားတာဟာ အချိန်အနည်းငယ်အတွင်း သင့်ဘက်ထရီကို မြန်မြန်ကုန်စေပါတယ်... ဒါကြောင့် ဂိမ်းကစားတဲ့အခါလည်း အနိမ့်ဆုံး setting တွေနဲ့ ကစားခြင်းဖြင့် သင့် laptop ဘက်ထရီကို ချွေတာနိုင်ပါတယ်...
၉) အသံတိုး Laptop ရဲ့ speaker နဲ့ သီချင်းခဏခဏဖွင့်နားထောင်တာမျိုးမလုပ်ပါနဲ့.... Headphone ဒါမှမဟုတ် earphone တစ်ခုခုနဲ့ ချိတ်သုံးပါ... ဒီနည်းအားဖြင့် ဘက်ထရီကို ကြာကြာခံစေပါလိမ့်မယ်...
၁၀) မလိုအပ်ဘဲ WiFi နဲ့ Bluetooth မသုံးနဲ့ WiFi တို့ Bluetooth တို့ဟာ ဘက်ထရီက အားတော်တော်ဆွဲသုံးပါတယ်... သင့် laptop ဘက်ထရီကို ကြာကြာခံစေချင်ရင် မသုံးတဲ့အချိန်တိုင်း အဲ့ဒီ features တွေကို ပိတ်ထားဖို့ လိုပါလိမ့်မယ်...
၁၁) အပူလွန်တာကိုရှောင် ဘက်ထရီတွေဟာ အေးတဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးစွမ်းဆောင်ရည် ရှိကြပါတယ်... အပူလွန်ကဲမှုကတော့ ဘက်ထရီသက်တမ်းအပေါ် ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်... အလုပ်များများခိုင်းတဲ့အခါ ဘက်ထရီတွေက ပိုပူလာပါလိမ့်မယ်... ဒါကြောင့် laptop ကို ပန်ကာအောက်မှာ သုံးသင့်ပါတယ်... ဒါ့အပြင် laptop အတွင်းပိုင်းနဲ့ ဘက်ထရီတွေက အပူတွေကို အပြင်ပျံ့နှံ့သွားစေနိုင်တဲ့ cooling pad လေးတွေကိုလည်း သုံးနိုင်ပါတယ်...
ဘက်ထရီသက်တမ်းကြာရှည်ဖို့အတွက် မဖြစ်မနေဆောင်ထားရမယ့် ပစ္စည်းတွေထဲမှာ laptop cooling pad လေးတွေလည်း အပါအဝင်ဖြစ်ပါတယ်.

Credit….original Writer

06/09/2023

Shortcut virus သတ်နည်း with bat file and cmd
USB Stick ထဲမှ Shortcut virus သတ်နည်း
(တကယ်စိတ်၀င်စားပါကသေချာဖတ်ပေးပါခင်ဗျာ နားမလည်တာရှိရင်လည်းပြန်မေးပါ)
++++++++++++++
လူတိုင်းကိုသိစေချင်လို့ပါ
bat ကတော့ချန်ထားခဲ့လိုက်ပေါ့ code တွေပြင်တတ်ရင် ပြင်ပြီးကြိုက်သလိုရှဲပါ
shortcut virus မကိုက်ခံဖူးတဲ့လူကတော့မရှိသလောက်ပဲထင်တယ်
ကျွန်တော်တို့ webpage တွေကို download ချတာများရင် shortcut virus ထိပါတယ်
formatချလည်းမသေပါဘူး shortcut 1shortcut2....ဆိုပြီးပြန်ထွက်လာတာပဲ
ပြောရင်ယုံမလားမသိဘူးကျွန်တော်ကွန်ပျူတာကိုအန်တီဗိုင်းရပ်မသုံးတော့ဘူးဗျ
ဒင်းကဗိုင်းရပ်ထက်တောင်ပိုဆိုးနေတယ် setup ဖိုတွေ တစ်ခုမှဖွင့်မရတော့ဘူးးး 🙁
တစ်နေ့က ၀င်းဒိုးပြန်တင်တော့စော့ဝဲလေးတွေတစ်ခုမှသွင်းမရတော့ဘူး
virus ဆိုတာကautorunကနေ စေခိုင်းချက်အရလုပ်နေရတာပါ ဒီ autorun
သာပိတ်ထားရင် မသွားနိုင်ပါဘူး
(တခြားကောင်တွေတော့ဘယ်လိုလည်းတားလည်းတိဝူး မပိတ်ချင်လည်းရတယ်နော်
အဲ့လိုသာဆိုရင်ဥဥ တိုတို မမတို့ကွန်ပူတာကိုကူးကုန်မှာ :))
autorun ကိုအရင်ပိတ်လိုက်ရအောင်
for window 7
+++++
start>search box မှာ autoplayလို့ရိုက်ပါ ထိပ်ဆုံးမှာပဲ autoplay
လို့ထွက်လာပါလိမ့်မယ်
အဲ့မှာdouble click လိုက်ပါ ထိပ်ဆုံးမှာUSe AutoPlay for all media and devices
မှာအမှန်ချစ်ဖြုတ်ပေးလိုက်ပါ
အောက်ဆုံးက save မှာကလစ်ရင်ရပါပီ
နောက်တစ်နည်း
+++++
run box မှာ >gpedit.msc လို့ရိုက်အန်းတားခေါက်Anministrative
Templates>Windows Componentsမှာ double click လိုက်ပါ
ညာဘက်မှာ Autoplay policies ကိုdouble click ထပ်ပေးပါ
အဲ့မှာ Enabled ကိုရွေးပေးပီးအောက်ဆုံးက apply >OK ကိုကလစ်ပေးပါ
User Configuration မှာလည်းအထက်ပါအတိုင်းလုပ်ဆောင်ပေးပါ
for window XP
+++++++++
ဒါက XP ပိတ်နည်းပါ 8ကတော့မသုံးဖူးလို့မသိပါခင်ဗျာ
၁။ပထမဆုံး run ထဲကိုသွားပြီးGpedit.mscလို့ရိုက်လိုက်ပါ။
၂။Computer Configuration ထဲက Administrative Templates ကိုကလစ်ပြီးexpand
လုပ်
လိုက်ပါ။အောက်မှာပုံပါ ပါတယ်။
၃။Systemကို double ကလစ်ပါပြီးရင်Settings pane ထဲရောက်သွားပါလိမ့်မယ်။
အဲဒီထဲကမှ Turn off Autoplay ရွေးပါ။
၄။ပြီးရင် setting ထဲက disabled ကိုရွေးပြီးရင် apply ၊ ok နှိပ်ထွက်ပါ။
အဆိုautorun ပိတ်သွားပါပြီ
ကျွန်တော်အစက bat လေးပဲပေးမလို့သတ်နည်းကောတစ်ခါထည်းပြောပြပါ့မယ်
တခြားဗိုင်း၇ပ်တွေလည်းဒီနည်းနဲ့ပဲသတ်နိုင်ပါတယ်
stick ကိုထိုးထားနော်
အရင်ဆုံး C:(window တင်ထားသည့်drive)>windows>System32 ထဲကCMD မှာ
right click ထောက်ပါ
run as administrator ကိုကလစ်ပီးဖွင့်ပေးပါ
ကဲစပြီအမဲရောင် screen ကနေအလုပ်လုပ်ရမှာပါ
(တချို့လူတွေရှိတယ်ဗျ ဒီလိုကွန်မန်းတွေကိုရိုက်ရမှာအရမ်းပျင်းကြတာပဲ
ဘာဖြစ်လို့လည်းတော့မသိဘူး ကျတော်ကတော့ပျော်တယ်..ဟဲဟဲ)
အရင်ဆုံး
attrib -r -h -s /s /d /l F:\*.tmp
(/l အယ်နော် အိုင်မဟုတ်ဘူးဗျ)
လို့ရိုက်ပီးအန်းတားခေါက်ပါ(Fနေရာမှာ memory stick ရဲ့ Drive ကိုထည့်ပေးပါ
အောက်မှကွန်မန်းများအားလုံးတွင်လည်းပြောင်းပေးပါ)
ပြီးရင် mycomputer ထဲက memory stick ကိုသွားကြည့်လိုက်ပါ နာမ်မည်နောက်ဆု့ံးမှာtmp ပါတဲ့ဖိုင်တွေထွက်လာပါလိမ့်မယ်
အဲ့ကောင့် shift delete နဲ့ရဲရဲသာဖြတ်ပလိုက်ပါ
(ရှင်းလင်းချက်(မဖတ်ချင်ရင်ကျော်သွားနိုင်ပါတယ်)။ ။ attrib ကattribute
လုပ်တာပါ သိချင်ရင် dectionary ၀ယ်ဖတ်ပါ 🙂 -r ဆိုတာက read only ကိုဖြုတ်တာပါ
တခြားလူတစ်ယောက်က read only လုပ်ထားတဲ့ဖိုင်ကိုပြင်လို့မရပါဘူး +r ဆိုရင်တော့
read only သတ်မှတ်လိုက်တာပေါ့ဗျာ
-h ဆိုတာ က hidden ဖြစ်နေတဲ့ ဖိုင်ကိုပြန်ဖော်တာပါ +hဆိုရင် hidden
ဖြစ်အောင်လုပ်လိုက်တာပါ foloder and search option
ကနေပြင်ရင်လည်းမမြင်နိုင်တော့ပါဘူး
-s ဆိုတာက system file လို့သတ်မှတ်လိုက်တာပါ system file
ကိုယူစာကဖြတ်လို့မရပါဘူးး
ဟုတ်ကောဟုတ်လားမသိဘူးအရင်ကအလွတ်ကျက်ထားတာလေးတွေဟီးဟီးးး
အပေါ်ကလို my computer ကနေသွားမဖျက်ချင်ရင်အောက်ကလိုရိုက်လို့ရပါတယ်
del F:\*.tmp /s /f /a
လို့ရိုက်ပြီးအန်းတားခေါက်လိုက်ပါ
(ရှင်းလင်းချက်(မဖတ်ချင်ကကျော်သွားနိုင်ပါတယ်)။ ။del ဆိုတာကဖြတ်ဖို့
ပြောတာပါ *.tmp က .tmp နဲ့ဆုံးတဲ့နာမ်မည်အကုန်လို့ဆိုလိုပါတယ်
*.exe ဆိုရင် နောက်ဆုံး .exe နဲ့ဆုံးတာအကုန်ပြတ်သွားပါမယ် မလုပ်နဲ့နော်.ဟီးး /s /f
/a ကတော့ကျတော်ရှင်းပြတာထက်ကိုတိုင်ပဲ ဖတ်လိုက်နော်
[ဒါကိုအားလုံးပြီးမှစမ်းနော်]del /? လို့ရိုက်ပီးအန်းတားခေါက်လိုက်ပါ အဆိုရင် /s /f /a
အကြောင်းရှင်းပြထားပါလိမ့်မယ်)
အောက်ကcommand တွေဆက်ရိုက်ပါဦး မရှင်းပြတော့ဘူးနော်
attrib -r -h -s /s /d /l F:\*.db
ရိုက်ပီးအန်းတားခေါက်ပါ
del F:\*.db /s /f /a
ရိုက်ပီးအန်းတားခေါက်ပါ
attrib -r -h -s /s /d /l F:\*.db
ရိုက်ပီးအန်းတားခေါက်ပါ
del F:\*.lnk /s /f /a
ရိုက်ပီးအန်းတားခေါက်ပါ
ဒါဆိုရင် shortcut ရဲ့ source လေးတွေပြတ်လောက်ပီထင်ဒယ်..ခိခိ
(တားလည်းတေချာတိဝူးရမ်းရွှီးတာ)
နောက်ဆုံးတစ်ကြောင်း
attrib -r -h -s /s /d /l F:\*.*
ရိုက်ပီးအန်းတားခေါက်ပါ
အပေါ်ကအကြောင်းကိုရိုက်လိုက်ရင်ပြောက်နေတဲ့ဖိုင်တွေထွက်လာပါလိမ့်မယ်
*.* ဆိုတာရှိသမျှဖိုင်အကုန်လုံးလို့ဆိုလိုပါတယ်
ဒါဆိုရင်သေလောက်ပီထင်တယ်ဗျာ...
အောက်မှာ bat program လေးရေးထားကြတာပေါ့
ဆြာတွေကတော့ရီနေတော့မယ်ဟဲ..တားကခုမှစလို့ပါညော်

share လုပ်ပေးကြပါဦးနော်
အားလုံးအဆင်ပြေပါစေခင်ဗျာ
for the official page

11/08/2023

😜😜😜 နောက်ကဘူနော်🤣🤣🤣

Want your business to be the top-listed Computer & Electronics Service in Sanchaung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mau Pin Street, Yangon, Myanmar (Burma)
Sanchaung
1111

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 10:00 - 20:00