A1 auto alignment and services

A1 auto alignment and services

Share

Auto Repair, Automotive Maintenance, Auto Mechanic Fair Price
Skilled Technicians
Quality Services

04/03/2026

ယနေ့ EV ကားစျေး စံချိန်တင်မြင့်တက်သွား
-------–-------------------------------
ညဘက် မိတ်ဆွေတွေနဲ့တွေ့လို့...
တစ်ချိန်က အင်ဂျင်ကားမှ အင်ဂျင်ကားဆရာတွေက ခုကျတော့ EV ကို သိန်း (400) သိန်း (500) အမြတ်ပေးပြန်ဝယ်ကြပြန်တယ်။ သူတို့ပြောတာတော့ တစ်နေ့ထဲ EV ကားစျေးက သိန်း 300 ကနေ သိန်း 1000 ထိကားပေါ်မူတည်ပြီးစျေးတက်ကုန်တယ်။
သူငယ်ချင်းတွေကတော့ လက်ရှိ ကလေးမိဘတွေပါပဲ။ ကလေးကျောင်းကြိုပို့နဲ့ အိမ်စီးဖို့က အဓိကပါပဲ။
ခုခေတ် EV ဝယ်သူတွေက တကယ်စီးမည့်သူတွေဆိုတော့ ပြန်ရောင်းဖို့လည်း စိတ်မကူးဖူးပေါ့။
သေချာတာက EV စျေးက ဆက်မာနေ အုံးမှာပဲ။
ကိုယ်တွေ ဆီကားက ပြန်ရောင်းမည့်သူတွေ ပိုများလာမယ်ထင်တယ်။
ကား Showroom ပိုင်ရှင်တွေကတော့ ပွပေါက်ပါပဲ အရောင်းပိတ်တဲ့ထိ ကားတွေ အကုန်ရောင်းနေရတယ်။
EV ခေတ်က အခုရောက်လာပြီ...
အောက်ပုံက ကိုမင်းမင်းမောင်ပြောသလို EV ကို စျေးပိုပေးဝယ်တာ ကိုယ့်ဒေါသနဲ့ကိုယ်ပါတဲ့ ခင်ဗျ။
ဒီအချိန် EV ဝယ်သူတွေကလည်း တကယ့်ဘောစီတွေပါပဲ Cash payment ကို သိန်း (500) သိန်း (1000) ပိုပေးလိုက်ကြတာ ပျော်နေလေရဲ့...
မိဘမေတ္တာတွေပဲ သားသမီးတွေ သိရှိကြပါစေ။

A1 Auto Service (09 775 908050)

04/03/2026

မတ်လ(၇)ရက် စတင်မည်။
------------------------

"စုံ"ရက်မှာ"စုံ"ဂဏန်း
"မ"ရက်မှာ "မ" ဂဏန်း
ဖြင့်သာ ကားမောင်းနှင်ခွင့် ပြုပါသည်။

EV မပါ။
တက္ကစီမပါ။
အများသုံးလူမှုရေးယာဥ်မပါ။

အီရန်ကို အမေရိကန်နဲ့ အစ္စရေး စစ်ဖြစ်တာ မြန်မာမှာ ဆီကားတွေ တိုင်ပတ်ကုန်တယ်။

စစ်ပွဲရဲ့ (4)ရက်မြောက်နေ့မှာ အဖြေက စထွက်တာပဲ။

Battery ရောင်းတဲ့ တရုတ်ကားတွေက
နေ့ခြင်းညခြင်း စျေးတွေတက်ကုန်တယ်။

စစ်ပွဲတွေ ဖြစ်တယ် ဆိုတာ အကျိုးအမြတ်တစ်ခု
အခွင့်အရေးတစ်ခု ထက်ပိုပါတယ်။

Credit: photo

Photos from A1 auto alignment and services's post 25/02/2026

Auto Gear Oil(အော်တိုဂီယာဆီ)တွေက ကီလိုမီတာ 20000မှ 30000မောင်းနှင်ပြီးရင် လဲလှယ်သင့်လား???
------------------------------------------------

အော်တိုဂီယာဝိုင်တွေကို ကီလိုမီတာ (20000)မှ ကီလိုမီတာ(၃၀၀၀၀) ပြည့်တိုင်းစစ်ဆေး လဲလှယ်သင့်တယ်လို့ ဆီထုတ်လုပ်သူ ကုမ္ပဏီများက အကြံပြုထားကြပါတယ်။

သို့သော် ကီလိုမီတာ (၃၀၀၀၀)မပြည့်ခင်မှာ
(၁)ဂီယာချိန်းရာမှ နောက်ကျခြင်း ခက်ခဲခြင်း
(၂)အော်တိုဂီယာဝိုင် ဖီအားကြောင့်ဆီညစ်ညမ်းခြင်း
(၃)ဂီယာမဝင်ဘဲ ချော်နေခြင်း
(၄)အော်တို ဂီယာဝိုင်မီးလင်းလာခြင်း
(၅)အော်ဂီယာဝိုင် လျော့နည်းလာခြင်းစတဲ့ လက္ခဏာတွေစတင်ဖြစ်ပေါ်လာပါက အော်တိုဂီယာဝိုင်ကို စစ်ဆေးပေးသင့်ပါသည်။ ဆီလဲလှယ်ခြင်း ဂီယာဝိုင်ဇကာလဲလှယ်ခြင်းနှင့် Solenoid Valve body ဆေးကြောခြင်းများ ပြုလုပ်ပေးပြီး ပုံမှန် ထိန်းသိမ်းသင့်ပါသည်။

မိမိကား Model နှင့် ထည့်သွင်းရမည့်ဆီအမျိုးအစားကို ဗူးပေါ်တွင်ဖြစ်စေ ကျွမ်းကျင်စက်ပြင်ဆရာ ဖြင့်လဲလှယ်သင့်ပါသည်။

အော်တိုဂီယာဝိုင်လဲလှယ်ပါက
Aqua CVT 4L-110000/-
AIsin AFW+-175000/-
Service Charge -10000/-
Gear Oil filter Change and service-25000/-

A1 auto alignment and services
၃၁၊မဟာမြိုင်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
09 775 908050

25/02/2026

ကျွန်တော်တို့ စမ်းချောင်းမှာ ဒီလိုတော့ မောင်းကြတယ်...

မပိုလမ်းက ကီလို 20 ကီလို 30 မောင်းတဲ့ လမ်းကျဥ်းလေးပါ။

ကားတစ်စီးပက်လက်လန်ဖို့က ကိုယ်တိုင်တစ်ခါမှမဖြစ်ဖူးတော့ မသိ။

ဘယ်လို မောင်းရလဲ မသိပါဘူး။

Photo: credit

Want your business to be the top-listed Autos & Automotive Service in Sanchaung?
Click here to claim your Sponsored Listing.

Telephone

Address


31A Mahar Myaing Street, Sanchaung Tsp, Yangon
Sanchaung