Knowledge Space
To create a common knowledge space in the field of environment and development. Knowledge Space
20/11/2023
# #ဥတုရာသီမြစ်ကိုမှီ၍
ရှေးပဝေနသီကတည်းက လူသားတို့သည် မြစ်များကို စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးကိစ္စရပ်တွေမှာ အသုံးပြုနေကြသလို မြစ်များသည် ကမ္ဘာကြီးအပေါ်ဖြတ်သန်းစီးဆင်း နေတဲ့ သွေးကြောတွေဆိုလည်း မမှားပါဘူး။ အထူးသဖြင့် ရေချိုတွေသယ်ယူပို့ဆောင်ပေးကြကာ စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ အာဟာရအရင်းအမြစ်တွေ ပို့ဆောင်ပေးတဲ့ အလုပ်ကို အဓိကလုပ်ဆောင်ပေးကြပါတယ်။ ဟိုးမြင့်မားတဲ့တောင်တန်းတွေကနေ စီးဆင်းလာတဲ့ ဒီမြစ်ကြီးတွေက နေ အဓိက သယ်ယူပို့ဆောင်နေတဲ့ ဓာတ်တစ်မျိုးကတော့ ကာဗွန်တွေပါဘဲ …
ကျနော်တို့လို မုတ်သုံရာသီဥတုရှိသည့်အရှေ့တောင်အာရှနိုင်ငံတွေမှာ မိုးရွားသွန်းသည့်ပုံစံနှင့် မိုးရွာသွန်းသည့်ကာလများကြောင့် တောင်တန်းကျောက်ဆောင်များရေတိုက်စားခြင်းမှ တဆင့် ပါလာသည့် ကာဗွန်များ မြစ်ရေနှင့် အတူ ပင်လယ်ထဲသို့စီးဝင်ကာ ရေငွေ့ပျံခြင်းဖြစ်စဉ်တို့ကြောင့် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်များပြန်လည်ရောက်ရှိခဲ့သည်။
တိတိကျကျပြောရမယ်ဆိုရင် ကာဗွန်ဆိုတာ ကမ္ဘာ့နေရာတိုင်းမှာရှိတဲ့ ဒြပ်စင်တစ်မျိုးပါဘဲ သက်ရှိတွေရှိတဲ့နေရာမှာ ကာဗွန်တွေရှိမှာပါ။ လေထုထဲမှ အက်စစ်မိုးရွာသွန်းမှုကြောင့် ကျောက်သားကျောက်စိုင်ထဲက သတ္တုဓာတ်တွေတိုက်စားပြိုကွဲရာမှ ထွက်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက်အပြင် တခြားသောဓာတ်များ ရေထဲမှာပျော်ဝင်ကာ ဘိုင်ကာဗွန်နိတ်အဖြစ် ရေထဲမှာကြာကြာရှိနေမှာဖြစ်ပါတယ်။
ကျနော်တို့လူသားတွေအနေဖြင့် ဒီလိုကာဗွန်တွေ ရွေ့ပြောင်းမှုဖြစ်စဉ်များ၊ ကာဗွန်တွေဆုံးရှုံးမှုဖြစ်စဉ် များ နှင့် အတူ ရှုပ်ထွေးလှသည့် ဒီလိုမျိုးဖြစ်စဉ် များကို အချိန်အတော်ကြာ သုတေသနများပြုလုပ်ကြရဦးမှာဖြစ်ပါတယ် အဓိက ကျတဲ့ မြစ်ကြီးများဖြစ်သည့် မဲခေါင်မြစ်၊ သံလွင်မြစ် နှင့် ဧရာဝတီမြစ်ကြီးများ၏ ရေနမူနာများကို ရယူစစ်ဆေးပြီး ကာဗွန်များရွေ့ပြောင်းမှုဖြစ်စဉ်များ၏ အကျိုးအပြစ်များကို လူသားတို့လေ့လာဆဲပင်ဖြစ်သည်။
ဘာလို့လူသားတွေ လေ့လာကြသလဲဆိုတော့ ကျနော်တို့ကမ္ဘာကြီး၏ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များဟာ ကာဗွန်တွေအပေါ်အများကြီးမူတည်သည့်အတွက် လူသားတို့ရေရှည်ရပ်တည်မှုအပေါ်အရမ်းအရေးပါသည့် ရှုပ်ထွေးသည့် သဘာဝဖြစ်စဉ်များပင်ဖြစ်သည်။
မြစ်တွေဟာ တကယ် တော့ စိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက်သာမက ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ထိန်းညှိပေးနေတဲ့ အဓိကအချက်လည်းဖြစ်သည်။ မြစ်ဖျားတွေမှာ အသက်ရှင်ရပ်တည်နေသည့် ကျနော်တို့လူသားတွေအနေဖြင့် မြစ်များ၏ ဒီလိုမျိုးရှုပ်ထွေးလှသည့် ရာသီဥတုပြောင်းလဲရေးဖြစ်စဉ် မှာ ပါဝင်နေမှုကို ပိုမိုသိရှိနိုင်ရေးမှာ အထူးပင်အရေးကြီးကြောင်း တင်ပြအပ်ပါသည်။
သုတရပ်ဝန်းအနေဖြင့် မြစ်ကြောတစ်လျှောက် အသက်မွေးဝမ်းကြောင်း ပြုနေသည့် ကျေးရွာများရှိ ဒေသခံများ၏ စီးပွားရေး၊ လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင် အရေး များကို မိတ်ဘက်အဖွဲ့အစည်းများ နှင့် သင်တန်းများပေးအပ်ခြင်း နှင့် အတူ သုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
#သုတရပ်ဝန်း
change
07/10/2019
Unicode
ပထမနေ့ မြင်ကွင်းများ
-
သစ်တောနည်းဥပဒေ(မူကြမ်း)အပေါ် အကျိုးသက်ဆိုင်သူများ၏ ဖြည့်စွက်အကြံပြုချက်များအား ပြည်လည်သုံးသပ်ခြင်းဆိုင်ရာ ပထမအကြိမ် ကျွမ်းကျင်သူ စကားဝိုင်း အလုပ်ရုံဆွေးနွေးပွဲ
-
တော်ဝင်နေပြည်တော်ဟိုတယ်၊ နေပြည်တော်
--
ZawGyi
ပထမနေ့ မြင်ကွင်းများ
-
-
22/05/2019
သစ်တော နည်းဥပဒေ (မူကြမ်း)၊ သစ်တော ဥပဒေ တို့ကို အောက်ပါ Link များမှ တစ်ဆင့် မျှဝေ လိုက် ပါတယ်…
မြန်မာနိုင်ငံ၏ သစ်တော နည်းဥပဒေ (မူကြမ်း) ကို အကျိုး သက် ဆိုင် သူတွေရဲ့အကြံ ပြုချက် များနဲ့ အသစ် ပြန်လည် ပြင်ဆင် ရေး ဆွဲ နိုင်ရေး အတွက် ယခု အချိန်တွင် ပြည်နယ်/ တိုင်း ဒေသကြီး တွေမှာ အကျိုး သက်ဆိုင်သူများ ပါဝင်တဲ့ အလုပ်ရုံ ဆွေးနွေး ပွဲတွေ ကျင်းပ ပြုလုပ် လျှက်ရှိ နေပါတယ်…
ဌာနေ တိုင်းရင်း သားများရဲ့ အခွင့်အရေးတွေ တောင်းဆိုနိုင်ဖို့နဲ့ ဓလေ့ထုံးတမ်းများနဲ့ လျှော်ညီတဲ့ သစ်တောနည်းဥပဒေ သစ် တစ်ရပ် ပေါ်ထွန်းလာစေဖို့အတွက် အကျိုးသက်ဆိုင်သူ အမျိုးသား၊ အမျိုးသမီး တွေရဲ့ ကောင်းမွန်တဲ့ အကြံ ပြုချက် တွေပါဝင်ဖို့ လိုအပ်လှပါတယ်..
ထို့အတွက်ကြောင့် သစ်တောနည်းဥပဒေ(မူကြမ်း)မှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ၊ အချက်အလက်တွေကို အသေးစိတ် တိတိကျကျ ပြန်လည် သုံးသပ် အကြံပြုနိုင်ဖို့ အတွက် သစ်တောနည်းဥပဒေ (မူကြမ်း) နဲ့ သစ်တောဥပဒေ တို့ကို ယှဉ်တွဲ ဖတ်ရှု အကြံပြု နိုင်ဖို့အတွက် ကျွန်တော်တို့ သုတရပ်ဝန်း မှ မျှဝေ လိုက်ရ ပါတယ်…
https://www.dropbox.com/s/yoxjub714igono8/Forest%20Rule%2823-1-2019%20Draft%29.pdf?dl=0
သစ်တောဥပဒေ
https://www.dropbox.com/s/gqdcptzy471krsa/Forest%20Law.pdf?dl=0
အကြံပြုစာများ ပေးပို့ရန်အတွက် ရုံးလိပ်စာ-
ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည်တော် [email protected]၊ ဖုန်း-၀၆၇-၃၄၀၅၁၀၇၊ ဖက်စ်-၀၆၇-၃၄၀၅၀၈၂
#သုတရပ်ဝန်း
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 13, 7B, Chan Thar Stree
Sanchaung
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |