CDNH
The Centre for Diversity and National and Harmony (CDNH) is a non-governmental organization launched in 2014. This page is CDNH official.
01/11/2022
အားလုံးပဲ သာလီစွပါ။
၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် English Grammar and Speaking Basic Course (Batch-1)အား ဖွင့်လှစ်မည်ဖြစ်သောကြောင့် သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများ စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။ အခြေခံအဆင့် အင်္ဂလိပ်စာ သဒ္ဒါနှင့် စကားပြောတို့ကို အတွေ့အကြုံရှိသော ဆရာ/မများမှ စနစ်တကျ သင်ကြားပေးသွားမည် ဖြစ်သည့်အပြင် တက်ရောက်ခွင့်ရမည့် သင်တန်းသား၊ သင်တန်းသူအရေအတွက်ကိုလည်း ကန့်သတ်ထားခြင်းရှိပါသည်။ လက်ရှိသင်ကြားမည့် အင်္ဂလိပ်စာအတန်းသည် အခြေခံအဆင့်သာဖြစ်ပြီး နောက်ပိုင်းတွင် အဆင့်မြင့်သင်တန်းများ ထပ်မံ ဖွင့်လှစ်သွားရန် ရှိပါသည်။
သင်တန်းတက်ရောက်ရန် လိုအပ်သည့် သတ်မှတ်ချက်များမှာ အောက်ပါဖော်ပြချက်များ အတိုင်းဖြစ်ပါသည်။
(က) ပညာအရည်အချင်းအားဖြင့် အနိမ့်ဆုံး ဆယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရပါမည်။
(ခ) အသက်အားဖြင့် ၂၀ မှ ၃၅ ကြားရှိ လူငယ်များ လျှောက်ထားနိုင်ပါသည်။
(ဂ) သင်တန်းကာလ အစမှ အဆုံးအထိ မပျက်မကွက် တက်ရောက်နိုင်သူဖြစ်ရမည်။ သင်တန်းတစ်လျှောက်တွင် အိမ်စာများ (Assignments)၊ စာမေးပွဲများ (Tests)၊ အဖွဲ့လိုက်လုပ်ဆောင်မှုများ (Groupwork) စသဖြင့် ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အချိန်ပေးပြီး အလေးအနက် တက်ရောက်နိုင်သူဖြစ်ရန်လည်း လိုအပ်သည်။ သင်တန်းကို နိုဝင်ဘာလ ၁၅ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သင်တန်းကာလမှာ သုံးလခန့်ကြာမည် ဖြစ်သည်။
(ဃ) သင်တန်းဝင်ခွင့်လျှောက်လွှာ (Application)ကို ၁၁လပိုင်း (၁၀) ရက်နေ့ တွင် ပိတ်မည်ဖြစ်သည်။
အထက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်လွှာပိတ်ရက်မတိုင်မီ အောက်ဖော်ပြပါ “Link” မှတစ်ဆင့် လိုအပ်သော အချက်အလက်များအား အပြည့်အစုံဖြည့်ပေးပြီး လျှောက်လွှာတင်ပေးရမည်ဖြစ်သည်။ [အချက်အလက်မပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ပါ။] “Link” မှလျှောက်လွှာတင်ရာတွင် အခက်အခဲတစ်စုံတစ်ရာ ရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ရုံးချိန်အတွင်း Viber မှသာ စာ (message) ပို့ပြီး ဆက်သွယ်မေးမြန်း နိုင်ပါသည်။ ဖုန်းခေါ်ဆို မေးမြန်းရန် ရနိုင်မည်မဟုတ်ပါ။
ဒေါ်သဉ္ဇာခြူး - ၀၉၈၉၁၈၈၀၁၇၁ [Viber တွင် စာ (message)ပို့ ပြီးသာ ဆက်သွယ်မေးမြန်းရန်။]
https://zfrmz.com/gWduGSDbVyeP92h1xvM5
(င) လူတွေ့မေးမြန်းရန် အရွေးချယ်ခံရသူများအား သင်တန်းလျှောက်လွှာပိတ်ရက်နောက်ပိုင်း ရက်အနည်းငယ်အတွင်း page များတွင် ပြန်လည်ကြေညာပေးမည်ဖြစ်သောကြောင့် လျှောက်ထားသူများကိုယ်တိုင် သတိပြုစောင့်ကြည့်ပေးရမည်ဖြစ်သည်။
(စ) သင်ကြားမည့်ပုံစံမှာ Zoom မှတစ်ဆင့် Online Teaching ဖြင့် သင်ကြားပို့ချပေးမည်ဖြစ်သည်။
မှတ်ချက်။ ။ လူတွေ့မေးမြန်းမှုအပြီး သင်တန်းတက်ရန် ရွေးချယ်ခံရသူများကို ဖုန်းဆက်အကြောင်းကြားပေးမည်ဖြစ်၍ လက်ရှိ အသုံးပြုနေဆဲ ဖုန်းနံပါတ်အား အသေအချာဖြည့်ပေးပါရန်။
ကျေးဇူး အထူးတင်ရှိလျှက်
Application Form for Basic English Grammar and Speaking Course (Batch 1) လျှောက်လွှာကို ပြည့်စုံရှင်းလင်းစွာနှင့် တစ်ယောက်ကို တစ်ခါသာ ဖြည့်သွင်းပေးပါရန်။
ရခိုင်ပြည်နယ်ရှိ CDNH ၏ ရုံးခွဲများဖြစ်သော စစ်တွေရုံးခွဲ၊ မောင်တောရုံးခွဲ၊ သံတွဲရုံးခွဲများတွင် ပြုလုပ်မည့် Internship Program (အလုပ်သင်ဝန်ထမ်း လေ့ကျင့်ရေး အစီအစဉ်) အတွက် ကြေငြာခြင်း
ရည်ရွယ်ချက်
CDNH ၏ Internship Program သည် ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ် များအတွက် မိမိတို့ရွေးချယ်သည့်လုပ်ငန်းခွင်အသီးသီး သို့မဝင်ခင် လုပ်ငန်းအတွေ့အကြုံနှင့် ရုံးလုပ်ငန်းများတွင် အကျွမ်းတဝင်ဖြစ်စေရန် အဓိကရည်ရွယ်ချက်ဖြင့် လေ့ကျင့်သင်ကြားပေးမည့် အစီအစဉ်တခု ဖြစ်ပါသည်။
ပညာအရည်အချင်း - တက္ကသိုလ်တခုခုမှ ဘွဲ့ရပြီးသူ (သို့မဟုတ်) တက်ရောက်နေဆဲ ကျောင်းသား/ကျောင်းသူများ
( လူမှု့အဖွဲ့စည်းများတွင် လုပ်ငန်းလုပ်သက်အတွေ့အကြုံအပေါ်မူတည်၍ ပညာအရည်အချင်း ကန့်သတ်ချက်ကို ထည့်သွင်း စဉ်းစားပေးမည်)
ကာလအနေဖြင့် အလုပ်သင်ဝန်ထမ်း၏ လေ့လာသင်ယူနိုင်စွမ်းအပေါ်မူတည်၍ ၃ လ (သို့မဟုတ်) ၆ လ အထိသတ်မှတ်ထားပြီး သတ်မှတ်ကာလပြီးဆုံးလျှင်လည်း ဝန်ထမ်း အဖြစ်သို့ ရွေးချယ်သွားမည် မဟုတ်ပါကြောင်းကြိုတင်အသိပေးအပ်ပါသည်။
အလုပ်သင်ဝန်ထမ်းသည် CDNH ၏ ဝန်ထမ်းများလိုက်နာရမည့် စည်းကမ်းချက်များအတိုင်း လိုက်နာရ မည်ဖြစ်ပြီး အလုပ်သင်ကာလအတွင်း လုပ်ခလစာ ရရှိမည်မဟုတ်ဘဲ အလုပ်သင်ကာလထောက်ပံ့ ချီးမြှင့်ကြေးအဖြစ်သာ လစဉ်ပံ့ပိုးသွားမည်ဖြစ်သည်။
*** လူမျိုးဘာသာ ကျား/မ မရွေး၊ မသန်စွမ်းများလည်း လျှောက်ထားနိုင်ပါသည်။
*** လျှောက်ထားသူများသည် CV Form နှင့် ပညာအရည်အချင်းထောက်ခံချက်ဆိုင်ရာ အထောက်အထား များအား email: [email protected] (သို့မဟုတ်) Viber ဖုန်းနံပါတ် 09-457022233 သို့ ဒီဇင်ဘာလ (၁၀) ရက်နေ့ ညနေ(၅) နာရီ နောက်ဆုံးထား၍ online မှတဆင့်ပေးပို့နိုင်ပါသည်။
26/08/2021
သြဂုတ်လ ၂၆ ရက်နေ့တွင် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ၏ ပံ့ပိုးမှုဖြင့် အမျိုးသမီးကွန်ယက်-ရခိုင်ပြည်နယ် (WNRS) သည် လူငယ်များကွန်ယက်-ရခိုင်ပြည်နယ် (YNRS) နှင့်လူထုဖွံ့ဖြိုးရေးကော်မတီ (CDC) တို့နှင့် ပူးပေါင်း၍ အွန်လိုင်းဖြင့် ကိုဗစ်ရောဂါအကြောင်းအသိပညာပေးဟောပြောပွဲနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်ပွဲ အားကျင်းပမည်ဖြစ်ပါသည်။
အစီအစဉ်အား ၂၀၂၁ ခုနှစ်သြဂုတ်လ ၂၆ ရက်နေ့နေ့လည် ၁၂း၃၀ မှ ၁၆း၃၀ အတွင်းကျင်းပမည်ဖြစ်ပြီး….
စိတ်ပါဝင်စားသူများသည် WNRS, YNRS နှင့် CDC Facebook စာမျက်နှာများမှတဆင့် ဝင်ရောက်နိုင်ပါကြောင်းလေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်အား အမျိုးသမီးထု၏ စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းစဉ် မှတဆင့် လက်တွဲဖော်ဆောင်ကြပါစို့
On August 26, the Women's Network-Rakhine State (WNRS) will organize a virtual Covid-19 awareness raising campaign in collaboration with the Youth Network-Rakhine State (YNRS) and Community Development Committee (CDC), and with the support of the Center for Diversity and National Harmony (CDNH). The event will take place between 12:30 and 16:30 on August 26, 2021. Interested persons can join via the WNRS, YNRS, and CDC pages.
Let's prevent the Covid-19 pandemic through women's empowerment and engagement.
အမျိုးသမီးကွန်ယက် (ရခိုင်ပြည်နယ်) က ဦးစီး ဦးရွတ်ပြုပနာ လူငယ်ကွန်ယက် (ရခိုင်ပြည်နယ်) နန့် လူ့အဖွဲ့အစီးတိ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေဲး ကော်မတီတိ ပေါင်းဗျယ် CDNH ပံ့ပိုးမှုနန့် ပွဲစီစိုင်ထားပါရေ။ ဒေပွဲကို ၂၀၂၁ ခု ဩဂုတ်လ ၂၆ ရက်နိန့် နိခင်းဖက် ၁၂ နာရီခွဲကနိန် ညဇာဖက် ၄ နာရီခွဲထိ ဖြစ်ပါရေ။
အစီအစိုင်ထဲမှာက လူမှု့အဖွဲ့အစီးတိက အလုပ်လုပ်နိန်ရေ လူတိနန့် တက်ကြွလှုပ်ရှားရေလူတိ အသိပညာမြှင့်တက်ရေး စကားတိပြောပြီး၊ နာမေကြီး အဆိုတော်တိနန့် ဒေသတွင်းလူမှု့အသိုင်းအဝိုင်း အသီးသီးက တက်ကြွလှုပ်ရှားရေ အဆိုရှင်တိ ပေါင်းဗျယ် တခြင်းတိဆိုထား ပါရေ။ သတင်းကောင်းအဖြစ် ပြောရဖို့ ဆိုပါကေ WNRS, YNRS, CDC ကွန်ယှက်တိနဲ့ CDNH ဖေ့ဘုတ်ကို ဝင်ပြီး စိတ်ဝင်စာရေလူ အသူမဆို တက်ရောက် နိုင်ပါရေ။
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေဲး လုပ်ငန်းစိုင်မှာ အမျိုးသမီးအားလုံး စွမ်းဆောင်ရီ မြှင့်တင်ရေဲး လုပ်ငန်းစိုင် ကနိန် လက်တွဲဖော်ဆောင်ကတ်ပါဖို့
https://www.facebook.com/CDNH.OFFICIAL
https://www.facebook.com/WNRS.OFFICIAL
https://www.facebook.com/YNRS.OFFICIAL
https://www.facebook.com/CDC.RAKHINE
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Sanchaung
11041
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |