Captain Win
Consultant
12/05/2026
မဒါလီ ဇာတ်လမ်း နောက်ဆက်တွဲ
ယူအက်စ ဘာတီမိုး ရှိ
Francis Scott Key တံတားကို
တိုက်ဖြိုခဲ့ ကုန်သေတ္တာ သင်္ဘော ကြီး
MV Dali ကို စီမံခန့်ခွဲ အုပ်ချုပ်သော
စင်ကာပူ အခြေစိုက် Synergy Marine မှ
ထို သင်္ဘော၏ တာဝန်ခံ Technical
Superintendent ကို ယူအက်စ တရားရေး
ဌာန က MV Dali ဖြစ်စဉ်နဲ့ ပတ်သက်ပြီး
ရာဇဝတ်မှုနဲ့ တရားစွဲခဲ့ပါတယ်
သင်္ဘောကြီးရဲ့ ဘေးအန္တာရာယ် ရှိနေတဲ့
အနေအထားကို သတင်းမှားပေးမှု
သက်ဆိုင်ရာကို ချက်ခြင်း အကြောင်း
မကြား ခြင်းများ ကြောင့် ဖြစ်ပါတယ်
အသက်ဆုံးရှုံးခဲ့သော သူများအပြင်
စီးပွားရေး အရ ထိခိုက်မှု
USD ၅ ဘီလျံကျော် ရှိခဲ့တဲ့
မတော်တဆမှုကြီး ဖြစ်ပါတယ်
တံတား အလုပ်သမား ၆ ဦး သေဆုံးခဲ့လို့
ရာဇဝတ်မှု အပြင်... Clean Water Act
Oil Pollution Act နဲ့ Refuse Act တွေနဲ့
ထပ်ဆောင်းစွဲချက် တင်ခံရဖွယ်ရှိနေပါတယ်
သင်္ဘောပိုင်ရှင်နဲ့ သင်္ဘော အုပ်ချုပ်သူများက
သင်္ဘောရဲ့ မီးစက်တွေကို supply fuel
ဆီထိုးပေးနေတဲ့ flushing pump ကို
အကြောင်းတစ်ခုကြောင့် ရပ်ခဲ့ပါက
အလိုအလျောက် ပြန်လည်တဲ့ စနစ်ကို
ပြန်ပြင်ထားခဲ့ရာမှ ယခုလို အနေအထား
ကြီး ဖြစ်ခဲ့တာ လို့ စွပ်စွဲထားပါတယ်
HHI သင်္ဘောကျင်းဖက် ကလည်း
ရေချစဉ် အကုန်တပ်ထားကြောင်းလည်း
ထုတ်ဖေါ်ပြောခဲ့ပါတယ်
Credit
https://gcaptain.com/foreign-operators-of-m-v-dali-indicted-over-fatal-baltimore-bridge-collapse/
Photo Courtey
07/05/2026
မေလ ၇ ရက်
ဟောမုစ ရေလက်ကြား ကို ဖြတ်တုန်း
CMA CGM San Antonio တိုက်ခိုက်ခံရ
သင်္ဘောသား ၈ယောက် ဒဏ်ရာရ
CMA CGM Saigon က ဘာမှ
မဖြစ်ဘဲ ဟောမုစက ထွက်ခွာနိုင်
ယူအက်စ ဖက်က Project Freedom
လို့ ခေါ်တဲ့ ဟောမုစ မှာ သင်္ဘောတွေ
ဘေးကင်းစွာ ဖြတ်နိုင်ရေး လုပ်နေသလို
အီရန် ကတော့ ဖြတ်ချင်ရင် ဆက်သွယ်ပါ
လို့ ဆက်တိုက် ကြေငြာနေ
ပြင်သစ်ကတော့ လေယာဉ်သင်္ဘောကို
ပင်လယ်ကွေ့ ထိပ်နားမှာ နေရာယူလာ
အရှေ့အလယ်ပိုင်း ပြသနာတွေကြောင့်
ပိတ်မိနေတဲ့ သင်္ဘောတွေရဲ့ သင်္ဘောသား
တွေရဲ့ crew change ကုန်ကျစရိတ်တွေ
အဆမတန် ပိုလာနေကြောင်း
ဆန်းစစ်လေ့လာသူများက ထုတ်ပြန်
Credit
https://gcaptain.com/cma-cgm-containership-confirmed-attacked-in-hormuz-crew-injured/
Photo Courtesy
AI Generated...
Click here to claim your Sponsored Listing.
Category
Website
Address
Sanchaung
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |