Profit Booster

Profit Booster

Share

A CRAZY copywriting coach sharing proven strategies that sell like CRAZY..

12/11/2023

ခင်ဗျားကွယ်ရာမှာ”သူကရုပ်ကလေးကတော့ချောပါရဲ့—ကြော်ငြာidea တွေကကျပိန်းလိုက်တာ “လို့ပြောခံနေရပြီဆိုရင် ဒီလိုသာလုပ်

ခင်ဗျားကproduct တခုအတွက်ကြော်ငြာတပုဒ်ရေးရတော့မယ်

ကြော်ငြာideaမထွက်ဘူး

ဒါမှမဟုတ် ထုတ်ထားတဲ့ ideaတွေကိုမကြိုက်ဘူး

ဒါမှမဟုတ်ဘူးဆိုရင်လဲheadlineမှာပြောထားတဲ့အတိုင်း 🙄

ခင်ဗျားကွယ်ရာမှာ”သူကရုပ်ကလေးကတော့ချောပါရဲ့

ဒါပေမယ့်ရုပ်ကလေးနဲ့မှမလိုက်ဟယ်

သူ့ကြော်ငြာidea တွေကပိန်းလိုက်တာ

ရောင်းလဲမရောင်းရဘူး”လို့ပြောခံနေရပြီဆိုရင်

အရင်ကကြော်ငြာတွေထဲက Best selling ဆိုတဲ့ အရောင်းရဆုံးကြော်ငြာ(၁၀)ခုကိုပြန်ရှာလိုက်

Best sellingနော်

Likeအများဆုံးလဲမဟုတ်ဘူး

Commentအများဆုံးလဲမဟုတ်ဘူး

Customerအများဆုံးရခဲ့တဲ့ကြော်ငြာ(၁၀)ခု

ပြီးရင်အဲဒီကြော်ငြာ(၁၀)ခုထဲကနေမှ

ထိပ်ဆုံး(၅)ခုကဘာလို့ကျန်(၅)ခုထက် ပိုရောင်းခဲ့ရလဲဆိုတာကို—တပိုဒ်ချင်း—တကြောင်းချင်း-တလုံးချင်း—လိုက်ပြီးလေ့လာကြည့်

တိုက်ဆိုင်ကြည့်

နှိုင်းယှဉ်ကြည့်

ကွာခြားနေတာတွေသေချာပေါက်တွေ့လိမ့်မယ်

အဲဒီတွေ့တဲ့အချက်အလက်တွေ၊ အယူအဆတွေ၊ conceptတွေ ၊ themeတွေ ၊ angle တွေ

တနည်းအားဖြင့် ကျန်(၅)ခုထက်ပိုရောင်းရစေခဲ့တဲ့အချက်တွေကို က်ိုယ်အခုရေးမယ့်ကြော်ငြာထဲမှာ ပြန်အသုံးချကြည့်

ဒီနည်းလမ်းလေးက အချိန်နည်းနည်းပိုပေးရတယ်ဆိုပေမယ့် ခင်ဗျားအဲဒီအတိုင်းသာလုပ်ကြည့်ရင်ရောင်းရဖို့ဆိုတာသိပ်သေချာတယ်

ဘာကြောင့်လဲဆိုတာ သိလား?

ခင်ဗျားသုံးလိုက်တဲ့ideaဟာ တွေ့တဲ့ဟာယူသုံးလိုက်တာမဟုတ်ဘူး

တကယ်customerတွေကိုကြော်ငြာပြီးသား ၊ Testလုပ်ပြီးသား ၊

အလုပ်ဖြစ်ပါတယ် လို့ သက်သေပြထားပြီးသားဖြစ်တဲ့ideaတွေထဲကနေမှ အလုပ်အဖြစ်ဆုံးဆိုတဲ့ ideaတွေကို ပြန်ရွေးပြီးသုံးထားလို့ပါပဲ

11/11/2023

အခုထက်ပိုကောင်းတဲ့headline ရေးတတ်ချင်တဲ့သူတွေနေ့တိုင်းဖတ်ကြတဲ့ Successful Headline Breakdown (65/100)

ကျွန်တော် ဒီနေ့မနက် ခင်ဗျားအတွက် အသေးစိတ် breakdown လုပ်ပေးချင်တဲ့Headlineကတော့…

“Why Models Stay Young Till Sixty!”

“ဘာလို့မော်ဒယ်တွေကအသက်(၆၀)ကျော်အထိနုပျိုနေကြတာလဲ?”

ဆိုတဲ့Headlineပါပဲ

ဒီheadlineကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးထားလဲ

ဘာတွေကိုကျွန်တော်တို့headlineတွေရေးတဲ့အခါပြန်အသုံးချလို့ရမလဲဆိုတာကြည့်ကြရအောင်

ပထမဆုံးကတော့ “ဘာလို့မော်ဒယ်တွေကအသက်(၆၀)ကျော်အထိနုပျိုနေကြတာလဲ?” ဆိုပြီး headlineကို မေးခွန်းပုံစံရေးထားတာပါပဲ

မေးခွန်းဆိုပေမယ့် ဖြေစရာ Yes or No ပဲရှိတဲ့closed question တော့မဟုတ်ပါဘူး

ဖတ်တဲ့သူကိုစိတ်ဝင်စားလာစေမယ့်မေးခွန်းမျိုးဖြစ်ပါတယ်

အထူးသဖြင့် “ဘာလို့” ဆိုတဲ့စကားလုံးက လူတွေကိုပိုပြီးသိစေချင်ပါလိမ့်မယ်

ပိုပြီး curiosityဖြစ်စေပါလိမ့်မယ်

နောက်ပြီးတော့ အဲဒီမေးခွန်းရဲ့အဖြေကသူတို့ရဲ့self interestကိုဆွဲဆောင်နိုင်ပါလိမ့်မယ်

ကျွန်တော်ရှင်းပြပါရစေ

ဘယ်လိုလဲဆိုတော့…

ဖတ်တဲ့သူက ပထမဆုံး မော်ဒယ်တွေဘာလို့ အသက်(၆၀)ကျော်ထိ နုပျိုနေလဲဆိုတာကိုသိချင်လာမယ်

ပြီးရင် “ သူတို့နုပျိုနေတာ ဒါတွေ စားလို့ပဲ

ဒီလေ့ကျင့်ခန်းတွေလုပ်လို့ပဲ

ဒီskin routine တွေလုပ်လို့ပဲ “စသည်ဖြင့် သိလာမယ်

သိလာပြီးရင် “ငါလဲ သူတို့လုပ်တဲ့အတိုင်းလိုက်လုပ်ရင် ငါ့ကိုယ်ငါပြန်ပြီးယုံကြည်မှုရှိလာမှာပဲ

မိတ်ဆွေတွေကြားထဲမှာငါကအရွယ်အတင်ဆုံးဖြစ်လာမှာပဲ

ငါဘယ်ပွဲသွားသွား လူတိုင်းက ငါ့ကိုအရွယ်နဲ့မလိုက်အောင် “နု”တယ်လို့ချီးမွမ်းတာခံရမှာပဲ” စသည်ဖြင့် သူတို့အတွက် ဘာအကျိုးရှိစေမလဲဆိုတာသိလာပါလိမ့်မယ်

ဒါကြောင့်မို့ “အခုထက်ပိုနုပျိုချင်တဲ့ သူတွေ သာ ဒီpostကိုဖတ်မိရင် ကျော်သွားနိုင်မှာမဟုတ်ဘူး

ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ “ဘာလို့မော်ဒယ်တွေကအသက်(၆၀)ကျော်အထိနုပျိုနေကြတာလဲ”ဆိုတဲ့ အဖြေကိုသိအောင်တော့ သူတို့ဖတ်ကြမှာပဲ” လို့ကျွန်တော်ကတော့တွေးမိပါတယ်

ဒါကြောင့်အကျဉ်းချုံးကြည့်မယ်ဆိုရင် ဒီheadlineမှာ…

-“ဘာလို့”ဆိုတဲ့ Curiosityရယ်

-“မော်ဒယ်တွေအသက်(၆၀)ကျော်အထိနုပျိုနေရတဲ့အကြောင်းအရင်း” -self interestရယ်ကိုအသုံးချပြီးကြော်ငြာကို ဆက်ဖတ်ချင်လာအောင် ဆွဲဆောင်ထားတာတွေ့နိုင်ပါတယ်

ဟုတ်ပါပြီ

ဒီလောက်ဆိုရင် ဒီheadlineကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးထားတယ်ဆိုတာ နားလည်လောက်ပြီ

Headlineရေးတဲ့အခါပြန်အသုံးချစရာလေးတွေလဲရသွားလောက်ပြီလို့ထင်ပါတယ်

ကောင်းသောနေ့လေးတနေ့ပိုင်ဆိုင်နိုင်ပါစေဗျ


#ကြော်ငြာ

10/11/2023

လူ့ဘဝမှာအကောင်းနဲ့အဆိုးဟာ “ဒွန်တွဲ”နေသလိုပဲ ကြော်ငြာမှာလဲ dark side နဲ့ bright sideဟာ အပြန်အလှန်ဒွန်တွဲနေရမယ်

ကိုယ့်productကိုဝယ်လို့ သုံးလို့ရမယ့်အကျိုးကျေးဇူးတွေကိုပြောပြရုံနဲ့တင်မရပ်လိုက်ရဘူး

မဝယ်ရင်ဘာတွေလက်လွတ်ဆုံးရှုံးရမလဲဆိုတာကိုပါသတိပေးဖို့လိုသေးတယ်

03/11/2023

အခုထက်ပိုကောင်းတဲ့headline ရေးတတ်ချင်တဲ့သူတွေနေ့တိုင်းဖတ်ကြတဲ့ Successful Headline Breakdown (63/100)

ကျွန်တော် ဒီနေ့မနက် ခင်ဗျားအတွက် အသေးစိတ် breakdown လုပ်ပေးချင်တဲ့Headlineကတော့…

“I’ve Got To Get This Off My Chest Before I Explode!”

“ပေါက်ကွဲမသွားခင်ဒါကြီးကိုငါ့ရင်ဘတ်ပေါ်ကအရင်ဖယ်မှဖြစ်မယ်”

ဆိုတဲ့Headlineပါပဲ

ဒီheadlineကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးထားလဲ

ဘာတွေကိုကျွန်တော်တို့headlineတွေရေးတဲ့အခါပြန်အသုံးချလို့ရမလဲဆိုတာကြည့်ကြရအောင်

ဒီheadlineကတော့ လူတယောက်ရဲ့ Attention ကိုရဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတခုပါပဲ

သူ့ရဲ့ဘာသာပြန်ထားတဲ့အတိုင်းတော့အတိအကျယူလို့မရပါဘူး

“ဒါကိုပြောချင်နေတာကြာပြီ”

“ပြောစရာရှိလို့ဒါလေးကိုတော့ ပြောရဦးမယ်”စသည်ဖြင့်ဒီလိုမျိုးပဲရေးလို့ရပါမယ်

ဒီheadline/ စကားကိုများသောအားဖြင့်တော့ ဟိုအရင်ကတည်းက ကိုယ့်ကိုစိတ်ပူပန်နေတဲ့အရာတခု

သို့မဟုတ်

ပြောရရင်ကောင်းမလား၊မကောင်းဘူးလားစဉ်းစားနေတဲ့အကြောင်းအရာ

ဒါမှမဟုတ်ရင်လဲ

တခုခုကိုဖုံးကွယ်ထားလို့အပြစ်ရှိသလိုခံစားရလို့ပြောပြချင်လို့ “စကားခံ”တဲ့နေရာမှာသုံးလေ့ရှိပါတယ်

တနည်းအားဖြင့်တော့ ဖတ်တဲ့သူသိချင်လာအောင် ၊ စိတ်ဝင်စားလာအောင် ၊ စပ်စုချင်လာအောင် တမင်လုပ်ထားတာပါပဲ

ဟုတ်ပါပြီ

ဒီလောက်ဆိုရင် ဒီheadlineကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးထားတယ်ဆိုတာ နားလည်လောက်ပြီ

Headlineရေးတဲ့အခါပြန်အသုံးချစရာလေးတွေလဲရသွားလောက်ပြီလို့ထင်ပါတယ်

ကောင်းသောနေ့လေးတနေ့ပိုင်ဆိုင်နိုင်ပါစေဗျ


#ကြော်ငြာ

Want your business to be the top-listed Advertising & Marketing Company in Shwebo?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shwebo