Sharing Knowledge By Marlin
For relaxing
Just memes
15/03/2024
ဒီညကစပီး
ခပ်တည်တည်ပဲ နေတော့မယ်
14/03/2024
လွန်ခဲ့တဲ့ခြောက်လလောက်က ကိစ္စကတော့ အခုတဖန်ပြန်စလာပြန်ပါပြီ။ အီလွန်မတ်စ်ကတော့ ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့စည်းမျဥ်းနဲ့ ထိုးလို့ရပြီဆိုပြီး ဇူဇူ့ကို စိန်ခေါ်ချက်အသစ် ထုတ်ပြန်လာတာပါ။ လွန်ခဲ့တဲ့ခြောက်လလောက်တုန်းကလည်း မတ်စ်ကစိန်ခေါ်ခဲ့ပြီး ဇူဇူကလည်း လက်ခံကာ ထိုးမယ်လုပ်ခဲ့ပေမယ့် ပွဲမဖြစ်ခဲ့ပါဘူး။
အစပိုင်းစိန်ခေါ်ပွဲကိုတော့ အီတလီနိုင်ငံက သံလှောင်အိမ်ထဲမှာ ထိုးကြမယ်ဆိုပြီး စီစဥ်ခဲ့ကြတာပါ။ ၎င်းစိန်ခေါ်ပွဲကို Meta နဲ့ X(Twitter) ပေါ်မှာ Live-Stream လွှင့်မယ်၊ ရတဲ့ငွေတွေကို လိုအပ်တဲ့နေရာတွေမှာ လှူမယ်ဆိုပြီး စီစဥ်ခဲ့ကြတာဖြစ်ပေမယ့် ပွဲမဖြစ်ခဲ့ပါဘူး။ အခုတစ်ခါပွဲကိုတော့ ဘယ်နေရာမှာထိုးကြမယ်ဆိုတာ အတိအကျကြေညာထားတာတော့ မရှိသေးပါဘူး။
အီလွန်မတ်စ်နဲ့ မက်ဇူကာဘတ်တို့ကြား ပြိုင်ဆိုင်မှုကတော့ Meta ကနေ Thread app ထုတ်လိုက်တဲ့အချိန်ကစပြီး ပြင်းထန်လာခဲ့တာပါ။ X(Twitter) နဲ့ဆင်တူတဲ့ Thread app ကလည်း 2023၊ July လမှာ စတင်ထုတ်ခဲ့တုန်းကတော့ အကြီးအကျယ်အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက X(Twitter) က အကျဘက်ကို ဦးတည်နေခဲ့တာပါ။
မိတ်ဆွေတို့ရော ဒီကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးတွေရဲ့ စိန်ခေါ်ပွဲက ဖြစ်တည်လာမယ်လို့ ထင်မိပါသလား။ ပွဲဖြစ်မယ်ဆိုရင်ရော ဘယ်သူ့ဘက်ကနေ အားပေးကြမလဲ။ Comment ထဲမှာ မျှဝေခဲ့ကြပါဦး။
Ref: NDTV, Fossbytes
13/03/2024
ကျေးညီနောင်နောက်ဆက်တွဲ.......................................
ဗြိတိသျှကိုကိုမောင်
ကျေးညီနောင်ဇာတ်လမ်းဟာ ဒီနိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်သွားတယ်။
ဒါနဲ့ပဲ စကားချိုသာလိမ္မာယဉ်ကျေးတဲ့ ကျေး ကို ပိုင်ဆိုင်ထားတဲ့ ရသေ့တွေရဲ့ ကျောင်းဟာ တမုဟုတ်ချင်း နာမည်ကျော်ကြားသွားပါလေရော။
လှူမယ့်တန်းမယ့် ဒကာတွေကလည်း ကြိတ်ကြိတ်တိုး။
လိမ္မာယဉ်ကျေးတဲ့ ကျေးလေးကိုလည်း လာကြည့်ကြတာပေါ့။
ဒီတော့ ရသေ့တို့ရဲ့ အချုပ် ရသေ့ကြီး က ဒီလိုစဉ်းစားလိုက်တယ်။
"တကယ်တော့ ကျေးညီနောင် နှစ်ကောင်လုံးကို လူတွေသိနေကြတာပဲ...ခိုးသားဓားပြတွေလက်ထဲက ကျေး ကို ဒီကျောင်းကိုခေါ်ပြီး..စကားအရာချိုသာအောင်..လိမ္မာယဉ်ကျေးအောင် သင်ပေးလိုက်ရင်...သူတို့ညီအကိုလည်း အတူနေရမယ်.ငါတို့ကျောင်းလည်း ပိုနာမည်ကျော်ပြီး ပိုလူစည်မယ်"
ဒါနဲ့ပဲ ရသေ့ကြီးဟာ သူ့ကိုယ်စားလှယ်တွေကို ခိုးသားဓားပြတွေရှိရာလွှတ်ပြီး ကျေး ကို အဝယ်စေခိုင်းလိုက်တယ်။
ကြိုက်စျေးပေါ့။
ခိုးသားဓားပြတွေလည်း ရသေ့ကြီးဆီ စောက်ဆဲသန်တဲ့ ကျေး ကို ရောင်းချလိုက်ပါတယ်။
ဒီလိုနဲ့..ရသေ့ကြီးကျောင်းမှာ ကျေးလေးနှစ်ကောင်ဖြစ်သွားပါပြီ။..............................
ဒုတိယကျေးလေး ရောက်လာပြီးကတည်းက စလို့..ရသေ့ကျောင်းကို ဘယ်သူမှ မလာကြတော့ပါဘူး။
ဆွမ်းကပ်မယ့်လူအုပ်ကြီးလား တဖြည်းဖြည်း ကျဲပါးသွားကြပါပြီ။
ဘာလို့လဲဆိုတော့..ဟိုအဆဲသန်ကျေးရောက်ပြီးကတည်းက.လိမ္မာပြီးသားကျေးတင်မက...တကျောင်းလုံးက ရသေ့တွေပါ အကုန်ဆဲတတ်သွားလို့ပါပဲ။.
တကျောင်းလုံး မိုးမွှန်အောင်ဆဲဆိုနေကြတော့..ရသေ့ကြီးဟာ ကျောင်းပြတင်းကနေ စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားလိုက်တယ်။
"ငါလိုးမ ကျေး...စောက်ဒုက္ခတွေပေးတာ..." တဲ့။
Crd - ဗြိတိသျှကိုကိုမောင်
13/03/2024
ဟ🙂
မနှင်းအေးဝင်းဘဝမတွေးရဲစရာပဲ😆😆
Click here to claim your Sponsored Listing.
Category
Website
Address
Shwebo
1952007LINN