Noted - 1992
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Noted - 1992, Shwebo.
11/06/2022
05/10/2020
“မြင်းတွေသောက်တဲ့ စမ်းချောင်းက ရေကိုသောက်ပါ။ မြင်းက ဘယ်တော့မှ ရေဆိုးကို မသောက်ပါဘူး။
ကြောင်အိပ်တဲ့ နေရာမှာ သင့်အိပ်ယာကို ခင်းပါ။
ပိုးကောင် တကောင် ထိခံထားရတဲ့ သစ်သီးကိုစားပါ။
အင်းဆက် နားတဲ့ မှိုကို ရဲရဲ နှုတ်ပါ။
ပွေး တွင်းတူးတဲ့ နေရာမှာ သစ်ပင်စိုက်ပါ။
မြွေက သူ့ကိုယ်သူ နွေးစေဖို့ ခွေတဲ့ နေရာမှာ သင့်ရဲ့ အိမ်ကို ဆောက်ပါ။
ငှက်တွေ အပူရှောင် ပုန်းခိုတဲ့ နေရာမှာ သင့်ရဲ့ ရေပန်းကို တူးပါ။
ငှက်တွေနဲ့ တချိန်တည်း အိပ်ယာဝင် အိပ်ယာထပါ — သင် နေ့အားလုံးမှာ ရွှေဝါရောင် ကောက်နှံစေ့တွေ ရိတ်သိမ်း ရပါလိမ့်မယ်။
ဟင်းရွက်စိမ်းတွေ ပိုစားပါ — သစ်တောထဲက သတ္တဝါတွေလို သင့်မှာ သန်မာတဲ့ ခြေထောက်တွေ နဲ့ ခုခံအားရှိတဲ့ နှလုံးတခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။
မကြာမကြာ ရေကူးပါ — ရေထဲက ငါးလို သင် မြေပြင်ပေါ်မှာ ခံစားရပါ လိမ့်မယ်။
ဖြစ်နိုင်သမျှ မကြာမကြာ ကောင်းကင်ကို ကြည့်ပါ။ သင့်အတွေးတွေ ပေါ့ပါး ကြည်လင် လာပါလိမ့်မယ်။
ကောင်းစွာ ဆိတ်ဆိတ်နေပါ၊ စကားမပြောမိသလောက် နေပါ — ထိုအခါ ဆိတ်ငြိမ်ခြင်းဟာ သင့်နှလုံးအိမ်ထဲ ဝင်လာပြီး သင့်စိတ်ဟာ တည်ငြိမ်ပြီး သာယာ အေးချမ်းမှုတွေ ပြည့်လာပါမယ်။
“Saint Seraphim of Sarov”
(“Blissing out in nature” page က ပို့စ်လေးအား ဘာသာပြန်ကြည့်ထားတာပါ။ မိတ်ဆွေတွေ ကိုဗစ်ကာလအတွင်း စိတ်ဝင်စားမယ် ထင်တဲ့ စာလေးကို ဘာသာပြန်ထားတာပါ။ အောက်မှာ အင်္ဂလိပ်လို မူရင်း ပါထည့်လိုက်ပါတယ်။ ကျွန်တော် ဘာသာပြန်တာ အထာမကျရင်လည်း မူရင်းလေးဖတ်ပြီး အဆင်ပြေစေဖို့ပါ။ တချို့ အဆိုတွေကိုတော့ ကျွန်တော်လည်း သိပ်သဘော မပေါက်ပါဘူး။ အခု အဆိုတွေနဲ့ ပါတ်သက်ပြီး မိတ်ဆွေတို့ရဲ့ နားလည်ပုံ နဲ့ ဗဟုသုတတွေကိုလည်း မျှဝေပေးပါ။ )
“Drink water from the spring where horses drink. The horse will never drink bad water. Lay your bed where the cat sleeps. Eat the fruit that has been touched by a worm. Boldly pick the mushroom on which the insects sit. Plant the tree where the mole digs. Build your house where the snake sits to warm itself. Dig your fountain where the birds hide from heat. Go to sleep and wake up at the same time with the birds – you will reap all of the days golden grains. Eat more green – you will have strong legs and a resistant heart, like the beings of the forest. Swim often and you will feel on earth like the fish in the water. Look at the sky as often as possible and your thoughts will become light and clear. Be quiet a lot, speak little – and silence will come in your heart, and your spirit will be calm and full of peace.”
Saint Seraphim of Sarov
လေးစားလျှက် -မောင်မောင်နိုင်
မူရင်းဘာသာပြန်သူရဲ့ Post ကို ပြန်ရှာနေတာ အခုမှပြန်တွေ့လို့ ဂါရဝပြုတင်ပေးလိုက်ပါတယ် ။
ဆရာ့ရဲ့ မူရင်းPostပါ
https://m.facebook.com/story.php?story_fbid=3369249339789461&id=100001132846822
Click here to claim your Sponsored Listing.
Telephone
Website
Address
Shwebo
77777