Family Light Laundry Service - Sittwe

Family Light Laundry Service - Sittwe

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Family Light Laundry Service - Sittwe, Sittwe.

17/12/2022

Family Light Laundry Service - Sittwe တွင် တာဝန်ထမ်းဆောင်ရန်တွက်အထည် ပို့ / ယူရန်-
🙋‍♂️Delivery ယောင်္ကျားလေး (၁) ဦး အလိုရှိသည်။

၁။ စစ်တွေမြို့တွင်းနေထိုင်သူဖြစ်ရမည်။
၂။ ပြောဆိုဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။
၃။ ဆိုင်ကယ် ရှိသူများအတွက် ဆီဖိုးနှင့် ဆိုင်ကယ် ပြုပြင်စရိတ် ရမည်။
(ဆိုင်ကယ် မရှိသူများလည်း လျှောက်ထားနိုင်သည်။)
၄။ လစာ- ၁၂၀,၀၀၀ + ၃၀,၀၀၀

လျှောက်ထားလိုသူများ အနေဖြင့် အောက်ဖေါ်ပြပါ Viber ဖုန်းနံပါတ် ဖြင့်လျှောက်ထားနိုင်သလို၊ Page Messanger မှာလည်း ကိုယ်ရေးအကျည်း ဖြင့် လျှောက်ထားနိုင်ပါသည်။

တာဝန်ထမ်းဆောင်ရန်နေရာ-

မြင်းပြိုင်ကွင်းလမ်း၊ အနောက်စံပြရပ်ကွက်၊ စစ်တွေမြို့။
ဖုန်း- 09423225489။

14/05/2022

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။
ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်လည်း ဖြစ်တာကြောင့် ကောင်းမှုကုသိုလ်တွေ ပြုလုပ်ကြတဲ့နေ့လည်း ဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့လည်း ခေါ်တွင်ကြပါတယ်။
ဂေါတမမြတ်စွာဘုရားဟာ ဘုရားအဖြစ်သို့ ရောက်ရှိရန် ဗျာဒိတ်တော်ခံယူခဲ့သောနေ့၊ ဖွားမြင်ခဲ့သောနေ့၊ ဘုရားအဖြစ်သို့ရောက်ရှိသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသော နေ့တွေဟာလည်း ကဆုန်လပြည့်နေ့တွေမှာသာ ဖြစ်ပျက်ခဲ့တာကြောင့် "ဆု-ဖွား-ပွင့်-စံ ဤလေးတန် မှတ်ရန်ကဆုန်လ" လို့ ရှေးလူကြီးများက ဆုံးမခဲ့ပါတယ်။
ကဆုန်လပြည့်နေ့ ရောက်ပြီဆိုရင် အားလုံး သိကြတာကတော့ ညောင်ရေသွန်းတာပါပဲ။ မြန်မာတို့ရဲ့ ၁၂လရာသီ ပွဲတော်တွေထဲမှာ "ကဆုန်လ ညောင်ရေသွန်းပွဲ" ရယ်လို့လည်း မှတ်သားရပါတယ်။
ကဆုန်လရဲ့ ရာသီဥတုက ပူပြင်းလွန်းတာကြောင့် ရေတွေခမ်းခြောက်ပြီး သစ်ပင်တွေဟာ ညှိုးရော်ကြရပါတယ်။ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြခြင်းဖြင့် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲ အလေ့အထဟာ မြန်မာ့ထုံးတမ်းတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ 🙏🙏🙏

24/04/2022

ကျွန်တော်ရို့ Family Light အဝတ်လျှော် လုပ်ငန်း (စစ်တွေမြို့တွင်း) မှာ တာဝန်ထမ်းဆောင်ဖို့အတွက် မမချေ နှစ်ယောက် ကိုဖိတ်ခေါ်လိုက်ပါရေ။

26/01/2022

Family Light Laundry Service တွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီး ဝန်ထမ်း (၂) ဦးအလိုရှိသည်။

- မီးပူတိုက် ၊ လျှော်ဖွတ်ခြင်း(တစ်ခါတရံ)
- ပညာအရည်ချင်း (အလယ်တန်းဆင့်)
-နေ၊ စား ငြိမ်း စီစဉ်ပေးမည်။
-လစာညှိနိူင်း။
-စစ်တွေ၊ မင်းဂံတွင် တာဝန်ထမ်းဆောင်ရမည်။

သင်ကြားပို့ချပေးမည်ဖြစ်သည့်အတွက် အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။
(နယ်မှ လျှောက်ထားသည့် သူများအတွက် အဆောင်စီစဉ်ပေးမည်။)

ဆက်သွယ်ရန် - 09423225490
Viber- 09423225489

Want your business to be the top-listed Cleaning Service in Sittwe?
Click here to claim your Sponsored Listing.

Telephone

Website

Address


Sittwe