Akhyab TIMES

Akhyab TIMES

Share

ရခိုင်ပြည် သမိုင်းနှင့်ဖြစ်ရပ်များ

11/08/2020
07/08/2020

ဗြိတိန် အောက်လွှတ်တော်ဥက္ကဌ ပြောကြားတဲ့ မြန်မာနိုင်ငံနှင့် လူမျိုးရေးခွဲခြားမှု -(ရုပ်သံ)

********လွတ်လပ်စွာများများရှယ်နိုင်ပါတယ်********
ဘာသာပြန်ကို"See More" မှာဖတ်ပါ။
ဗြိတိသျှအောက်လွှတ်တော်ဥက္ကဌ ဂျွန်ဘာကော ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဂျွန်ဘာကောက ရိုဟင်ဂျာဟူသော အသုံးအနှုံးကို စကားပြောရာ၌ ထည့်သွင်းသုံးစွဲခဲ့သလို ရိုဟင်ဂျာများအား နိုင်ငံသားပြုခွင့်ပေးရေး ကိုပါ ပြောကြားခဲ့ပါသည်။ ယင်းကိစ္စကို မကျေလည်သည့် မြန်မာအမျိုးသမီး တစ်ဦးက ဘာကောအား မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိ၊ ဘင်္ဂါလီသာရှိ၍ ရိုဟင်ဂျာဟု သုံးစွဲရခြင်းအကြောင်းရင်း၊ နိုင်ငံတိုင်း တွင် နိုင်ငံသားပြုခွင့် ဥပဒေများရှိပြီး ထိုဥပဒေအားဖြင့် အရည်အချင်းမှီမှသာ နိုင်ငံသားပြုခွင့် ရှိကြောင်း၊ ယင်းကိစ္စများနှင့် စပ်လျဉ်းပြီး ဗြိတိန်နိုင်ငံနှင့်ယှဉ် ၍ ဖြေကြားပေးဖို့ရန် မေးမြန်းခဲ့ပါသည်။

ဂျွန်ဘာကောက မိမိအနေဖြင့် ယင်းမေးခွန်းကို ဖြေဆို ရမည်အား နှစ်သက်မိပါကြောင်း၊ ရိုဟင်ဂျာမြန်မာပြည်တွင်မရှိဟု ခင်ဗျားက ဆိုနေသော်လည်း (မေးခွန်းရှင်အမျိုးသမီးကို ရည်ညွှန်း) မြန်မာပြည်၌ မိမိတို့ကိုယ်ကို ရိုဟင်ဂျာဟု ပြောဆိုနေကြသူများသည် ဤနိုင်ငံအတွင်းမှာတင် ရှည်လျားကြာမြင့် စွာ နေထိုင်နေကြကြောင်း၊ ပြီးခဲ့ သည့် ရာစုနှစ်ကပင် နေထိုင်လျက်ရှိကြ သည်ဟု ပြောဆိုနေသူများ ရှိကြောင်း၊ ယင်းနှင့် စပ်လျဉ်းပြီး ထိုလူများသည် မည်သည်နေရာမှ ဖြစ် သလဲ၊ ဘယ်နေရာမှာမှာ နေရာချပေးသင့်သလဲ၊ ထိုသူတို့ကို မည်သည့်နိုင်ငံက ပိုင်သလဲ စသည်မေးခွန်းများကို အခြေတည်၍ ကြီးကျယ်သည့် အခြေအတင်ငြင်းခုံဆွေးနွေးမှုများသည် ရှုံ့ချည်ဆန့်ချည်ဖြင့် အကြိမ်ပေါင်းများစွာ ဖြစ်ပျက်နေကြောင်း၊ သို့သော် အချက်အလက်တစ်ခုမှာ ရိုဟင်ဂျာများက သူတို့ကို ဘင်္ဂါလီဟု ခေါ်ဆို သမုတ်လျှင် (နိုင်ငံခြားသား ထွက်သွားဟု ယူဆလျက်) နှိမ်ချသည်ဟု မှတ်ယူကြကြောင်း၊ ကျွန်တော်အား ယခုကဲ့သို့ ပြောရခြင်းအားခွင့်လွှတ်ပါ၊ ထိုရိုဟင်ဂျာများနှင့် စပ်လျဉ်းပြီး ခင်ဗျားတို့တိုင်းပြည်မှာသာ တာဝန်ရှိပါကြောင်း၊ အခြားမည်သည့် တိုင်းပြည်တွင်မှာမှ တာဝန်မရှိကြောင်း၊ ထိုသူများသည် ဘယ်နေရာကိုမှ ထွက်သွားလိမ့် မည်မဟုတ်ကြောင်း၊ ထိုသူများကို ဘင်္ဂါလားဒေ့ရှ်ကလည်း လက်ခံလိမ့်မည် မဟုတ်ကြောင်း၊ အချက်အလက် အများစုအရ ၄င်းတို့က ခင်ဗျားတို့တိုင်းပြည် တွင် နေထိုင်လျက်ရှိသည်မှာ အနည်းဆုံး မျိုးဆက်သုံးဆက် ရှိနေပြီဖြစ်ကြောင်း၊ အကယ်၍ ကျွန်ုပ်တို့ကသာ ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရမည်ဆိုလျှင် နိုင်ငံတကာက လက်ခံသည့် လူ့အခွင့်အရေး စံနှုန်းများဖြင့်သာ ဖြေရှင်းမည်ဖြစ်ကြောင်း၊ ထိုစံနှုန်းများကလည်း နိုင်ငံ သားပြုခွင့်ဥပဒေ၏ အကဲဖြတ်မှုများနှင့် အံဝင်ခွင်ကျဖြစ်နေရမည်ဖြစ်ကြောင်း၊ (ဆိုလိုသည်မှာ နိုင်ငံသားပြုခွင့် ဥပဒေသည် နိုင်ငံတကာ လူ့အခွင့်အရေးစံကို မီရမည်)၊ ကျွန်ုပ်က ရိုဟင်ဂျာတိုင်းကို နိုင်ငံသားပေးရမည်ဟု အငြင်းအခုံပြု ပြောနေခြင်း မဟုတ်ကြောင်း၊ သို့သော် ၄င်းတို့က ခင်ဗျားတို့တိုင်းပြည်တွင် မျိုးဆက်သုံးဆက်တိုင် နေထိုင်ခဲ့ပြီဖြစ်သဖြင့် ၄င်းတို့အား နိုင်ငံသား ခံယူခွင့် (must) ပေးကို ပေးရမည်ဖြစ်ကြောင်း၊ ၄င်းတို့အား အချို့သူများက မနှစ်သက်ကြ၍ ဒုတိယ၊ တတိယတန်းစား နိုင်ငံသားများအဖြစ် ခွဲခြားဆက်ဆံပါသော် ယင်းမှာ လုံးဝ (absolutely) လက်ခံနိုင်ဖွယ် မရှိကြောင်း၊ အကယ်၍ ၄င်းတို့အား ထိုသို့ (ခွဲခြား) ဆက်ဆံပါသော်၊ (အခြားစကားလုံး မသုံးစွဲနိုင်သဖြင့် ကျွန်ုပ်ဝမ်းနည်းပါသည်။ ) ယင်းသည် (racism) လူမျိုးရေး ခွဲခြားနှိမ်ချမှုဖြစ်ကြောင်း၊ ထို လူမျိုးရေးခွဲခြားမှု ကို နိုင်ငံတကာက လက်မခံကြောင်း၊ အကယ်၍ ခင်ဗျားတို့တိုင်းပြည် ကို နိုင်ငံတကာ က လေးစားခြင်းခံရလိုသော် ၊ သမ္မတဦးသိန်းစိန် က မြန်မာပြည် ကို နိုင်ငံတကာလေးစားခြင်း ခံလိုသော် နိုင်ငံတကာက လက်ခံသည့် စံနှုန်းများအတိုင်း ကောင်းမွန် စွာ ပြုမူရမည်ဖြစ်ကြောင်း၊ ဤသည် ကျွန်ုပ်၏ လိုရင်းတိုက်ရိုက်အဖြေပင်ဖြစ်ကြောင်း၊ အချိန်ကာလကြာမြင့် စွာဖြစ်ပေါ်နေသည့် ရိုဟင်ဂျာနှင့် စပ်လျဉ်းသော မေးခွန်းများအတွက် အဖြေ ထုတ်ရာတွင် (Non-Racist Attitude) လူမျိုးရေးခွဲခြားခြင်းမရှိသော သဘော ထားကသာ အောင်နိုင်လွှမ်းမိုးမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။

Text Via M-Mediaor Int'l Media

Crd: Zaw Win Mg

By: Farid @ Mg Hla

Want your business to be the top-listed Media Company in Sittwe?
Click here to claim your Sponsored Listing.

Website

Address


Sittwe