Htay Japanese Language Center - Sittwe

Htay Japanese Language Center - Sittwe

Share

ဂျပန်စကားပြောသင်တန်း

12/12/2025

မြန်မာအေဂျင်စီ + သူဌေးယောင်ဆောင်ဂျပန်လူမျိူးနဲ့

အတူတူပေါင်းကြံပြီးတော့ plan B ဆိုတဲ့ နယ်စပ်ကနေ

တစ်ဆင့် ဂျပန်ကိုသွားမည့်ခေါင်းစဉ်ကို အသုံးချပြီး

လူအယောက် ၇၀၀ မြန်မာငွေ ကျပ်သိန်း ၉ သောင်းကျော်

လိမ်လည်မူကြီးနော် 😱

အလိမ်ခံရသူတွေကတော့ အလိမ်ခံရမှန်းတောင် ချက်ချင်း

မသိကြပါဘူး လုပ်ကွက်တွေက လက်လှန်လွန်းတာကို😱

🤷‍♂️ဒီလိုလုပ်သွားတာ👇

မြန်မာမှာကတည်းက fake အင်တာဗျူးလုပ်ပေးပြီးတော့

အင်တာဗျူးအောင်ကြောင်းနဲ့ပဲ လူကိုအယုံသွင်းပြီး စရံငွေ

တွေသွင်းခိုင်းလိုက်တာ။

အင်တာဗျူးအောင်ပြီး စရံငွေသွင်းရတာကတော့ အများစု

အေဂျင်စီတွေရဲ့ လုပ်ထုံးလုပ်နည်းတွေပါပဲ အလိုအလားတူ

လုပ်သွားတာ။

စရံငွေကိုတောင်းသလောက်ရပြီဆိုတာနဲ့ ဟန်ချက်ညီညီ

မြန်မာကနေ နယ်စပ်ဖြတ်မယ် ထိုင်းလည်းရောက်တော့

ကိုယ့်စရိတ်နဲ့ကို ခနအောင်းပါမယ်ဆိုတဲ့သဘော။

ထိုင်းကနေ ဂျပန်ကို မထွက်ရခင် လိုအပ်မယ့်

စာရွက်စာတမ်း ပြင်ဆင်မူတွေ အခြားသော လုပ်ရမယ့်

process တွေ ဂျပန်ဖက်က မြန်မာဖက်က ထိုင်းဖက်က

ဘာဖြစ် ညာဖြစ်ဆိုပြီး reasons အမျိုးမျိုးကိုပေးပြီးတော့

ထိုင်းမှာပဲ တစ်သက်လုံး စောင့်ခိုင်းတော့တာပဲ။

အဲတော့ ပြဿနာကစပြီ ဂျပန်လည်းမရောက် ထိုင်းမှာပဲ

စောင့်ရင်းနဲ့ နှစ်ကပြည့်တော့မှာ အဲဒါကို cancel ရအောင်

လည်း ဟိုဖက်က ပိုက်ဆံပြန်မပေး ရှေ့ဆက် ထပ်စောင့်ရမ

လိုလို အရှုံးခံရမလိုလိုနဲ့ ဒုက္ခလှလှရောက်ပြီပဲ။

တာဝန်ယူ တာဝန်ခံမူရှိပြီး မှန်မှန်ကန်ကန်လုပ်ပေးနေတဲ့လူ

တွေလည်း ရှိပါတယ် ကိုယ့်ဖက်က သေချာချာစုံစမ်းဖို့ပဲလို

တာပါ။

⚠️သိထားဖို့က ထိုင်းမှာ ခွန်ထိုင်းတို့အေဂျင်စီကလွဲရင်

ဘယ်အေဂျင်စီမှ တရားမဝင်ဘူး တရားဝင်မြန်မာအေဂျင်

စီဆိုတာလည်းမရှိဘူး ဟိုနည်းနည်းဒီနည်းနည်းနဲ့

နားလည်မူယူပြီးလုပ်နေတာပဲရှိတာ အဲဒါနဲ့ထိုင်းကနေ

ဂျပန်ကို ရောက်လာတဲ့လူလည်း အများကြီးရှိပါတယ်။

🙇‍♂️အဆင်ပြေကြပါစေခင်ဗျာ။🙇‍♂️

14/10/2025

4 လပိုင်း languages school လျှောက်ချင်သူများ အင်တာဗျူးဖြေစရာမလိုဘဲ COE အာမခံချက်ရှိတဲ့ကျောင်းမှာ ထပ်တိုးလက်ခံပါသေးတယ်နော်👌👌

အနည်းဆုံး N5 အောင်လက်မှတ်တစ်ခုရှိရပါမေ

Photos from Htay Japanese Language Center - Sittwe's post 04/10/2025

October intake နောက်တစ်ယောက် အဆင်ပြေပြေနဲ့ရောက်သွားပါပြီ။ အစစအရာရာ အဆင်ပြေကြပါစေကွယ်🥰

Photos from Htay Japanese Language Center - Sittwe's post 30/09/2025

October intake တစ်ဖြတ် Sakura မြေသို့ ချောမွေ့စွာ ရောက်ရှိသွားပါပြီ🥰

၆ လ နဲ့ ၁ နှစ်တွင်း ဂျပန်ရောက်ချင်ရင်တော့ ကျောင်းနဲ့သွားဖို့ recommend ပေးပါတယ်🆗

အားလုံးပဲ အဆင်ပြေပြေနဲ့ ရည်မှန်းချက်တွေပြည့်ဝကြည်ပါစေ🥰

Want your school to be the top-listed School/college in Sittwe?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. (166), GaukChee Street, KyaungTatLan Quarter, Sittway, Rakhine State
Sittwe
07011