Pyae
Information
Hi
22/09/2022
16/09/2022
တောင်ကုတ်မြို့အနီး AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်
သူသူဇော်
မဇ္စျိမ။ ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အနီး တောင်ကုတ်သင်္ဘောဆိပ် ရန်ခေါ်ချောင်းအနီးအနားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယနေ့ နေလယ် ၁နာရီကျော်ခန့်လောက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
တောင်ကုတ်သင်္ဘောဆိပ်မှ လူတင်ပြီး ထွက်လာသည့် ကားများကို AA ဖက်မှ လှမ်းပစ်ခတ်ခြင်းမှ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
“တောင်ကုတ်သင်္ဘောဆိပ်နားက ထွက်လာတဲ့ စစ်ကောင်စီကားကို AA ဖက်က လှမ်းပစ်တယ်လိုသိရတယ်၊ ရန်ခေါ်ချာင်းဘက်နားမှာဖြစ်နေတာ၊ သင်္ဘောဆိပ်က ထွက်လာတဲ့ ကားကို လက်နက်ကြီးနဲ့ ပစ်တာ။ အဲဒါကနေ လက်နက်ကြီး ပစ်နေတာ ၄၅ မိနစ်လောက်ရှိပြီ၊ ဒါကြောင့် တိုက်ပွဲဖြစ်တာလို့ သိရတယ် ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ တောင်ကုတ်နှင့် သုံးမိုင်ခန့်အကွာတွင် ဖြစ်ပွားနေခြင်းဖြစ်ကာ ဒေသခံများအနေဖြင့် လမ်းသွားလမ်းလာ မရှိကြောင်းလည်း သိရသည်။
“ မြို့နဲ့ သုံးမိုင်လောက်တော့ ဝေးတယ်၊ လောလောစဉ် ဒေသခံတွေက ကိုယ့်အိမ်က ကိုယ်မထွက်ကြဘူး။ လက်နက်ကြီးအသံတွေ၊ လက်နက်ငယ်အသံတွေက အဆက်မပြတ် ကြားနေရသေးတယ်။ ” ဟု ၎င်းက ပြောသည်။
တောင်ကုတ်မြို့နယ်၌ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းများမရှိသော်လည်း ယခုနှစ် ၂၀၂၂ခုနှစ်တွင် တောင်ကုတ်ရှိ AA တပ်စခန်းတစ်ခုကို စစ်ကောင်စီကလာရောက် တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည် ။
စာတည်း - သန့်ဇော်(သန်လျင်)
#စစ်ကောင်စီ
#ရန်ခေါ်ချာင်း
#ရခိုင်ပြည်နယ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sittwe