Unity & Healthy - Health Spa

Unity & Healthy - Health Spa

Share

ကျန်းမာရေးအတွက် SPA

04/08/2023

Health Spa - (ဆေးမြစ်စုံ Spa) ကို ယခု August လမှာလည်း July လ Promotion လေးအတိုင်းပဲဆက်လက်ထားရှိပေးမှာဖြစ်ပါတယ် ။

ပုံမှန်တစ်ခါလုပ် ကြာချိန် - ၃နာရီ 50000 kyats ကို 10 % Discount နဲ့ ပြင်ဦးလွင်ခြံထွက် ကော်ဖီစစ်စစ် တစ်ထုတ်လက်ဆောင်ပေးသွားမှာပါရှင် ။

ကျန်းမာရေး Spa ပြုလုပ်ပုံ အဆင့် ၁၀ဆင့်

⏰ ကြာချိန် - ၃နာရီ

(၁) တစ်ကိုယ်လုံး ခေါင်းအစ ခြေအဆုံး သွေးကြော လေကြောများ ဖွင့်ပေးခြင်း။

(၂) ရင်သားအဆီကျိတ် ၊ ဗိုက်ဆီ ၊ လက်မောင်းဆီ ၊ နောက်ကြောဆီ ၊ ပေါင်ဆီများကို မာဆပ်ဆီနှင့်ကချင်မလျှော့ဆီတို့ဖြင့် ခြေဖျက်နှိပ်နယ်ပေးခြင်း။

(၃) ဆေးနနွင်း ၊ ချင်းခြောက် ၊ တောင်နံကြီး ၊ နလင်ကျော် ၊ သရင်းကြီးမြစ် ၊ ကရမက် ၊ စပါးလင် ၊ မန်ကျည်း ၊ သဘော် ၊ ကံ့ကော်ဝတ်ဆံ အပြင် အသားချောမွေ့ဖြူဖွေးစေသော ဆေးမြစ်မျိုးစုံအမှုန့်များကို ပျားရည်နှင့်ဒိန်ချဉ်ရောစပ်၍ ခန္ဓာကိုယ် အနှံ့လိမ်းပေးခြင်း။

ထိုသို့လိမ်းပေးခြင်းအားဖြင့် နေလောင်ပျက်စီးနေသောအသားအရေကို ဖြူဖွေးဝင်းမွတ်စေခြင်း ၊ နာကျင်ကိုက်ခဲလေးဖက်နာ ၊ ဂေါက်ရောဂါ ၊ ဆီးချို ၊ ကိုလက်စထရောမြင့်ခြင်း ၊ ဆီးတွင်အနယ်ထိုင်ခြင်း ၊ ဝမ်းတွင်းအဆီများ၍ဗိုက်ပူခြင်း ၊ သားအိမ်ရောဂါအမျိုးမျိုး ၊ အထိုင်များတဲ့အခါဖြစ်တတ်သည့်တင်ပါးညိုခြင်း ၊ ဝလွန်း၍ပေါင်းပွန်းပြီးညိုခြင်း ၊ ဂျိုင်းညိုခြင်းတို့ကို ပျောက်ကင်းသက်သာစေပါသည်။

(၄) မျက်နှာပြင်အား သဘာဝဒိန်ချဉ် (၂)ဆင့် ၊ ခရမ်းချဉ်သီး ၊ ပျားသံပုရာ ၊ ပျားရည် ၊ ကြက်ဥအနှစ် ၊ သခွားသီးတို့ဖြင့် (၇) ဆင့်ပြုလုပ်၍ပေါင်းတင်ပေးခြင်း။

(၅) မျက်နှာပေါင်းပြီးစဉ် ခြောက်သွားသော ခန္ဓာကိုယ်မှ ဆေးများအား ဂျီးတွန်း၍ ရေနွေးနွေးနှင့်ရေပတ်တိုက် သန့်စင်ပေးခြင်း။

(၆) ပေါင်းအိမ်ထဲမဝင်ခင် အပူဒဏ်ခံနိုင်ရန် Vitamin - E နှင့်အသားဖြူဆေးရောစပ်၍ ခန္ဓာကိုယ်အနှံ့လိမ်းပေးခြင်း နှင့် မျက်နှာအားရှားစောင်းလက်ပတ်ဂျယ်လ်လိမ်းပေးခြင်း။

(၇) ပေါင်းအိမ်တွင် ထိုင်ခိုင်းပြီး ပေါင်းအိုးအတွင်းမှဆေးမြစ်စုံအငွေ့များကို ရှုပြီးချွေးထုတ်ပေးခြင်း။
ပါဝင်သောဆေးမြစ်များ -
(ဆေးနနွင်း ၊ ချင်းခြောက် ၊ မိဿလင် ၊ တောင်နံကြီး ၊ နလင်ကျော် ၊ သရင်းကြီးမြစ် ၊ ကရမက် ၊ တောရှောက် ၊ ကောက်ရိုးနွယ် ၊ တရုတ်စကား ၊ စပယ် ၊ ကံ့ကော်ဝတ်ဆံ ၊ စပါးလင် ၊ ကင်မွန်းချဉ်ခြောက် ၊ စွယ်တော် ၊ ဆား ၊ ပရုပ် စသဖြင့်ဆေးမြစ်မျိုးစုံ)

(၈) ​ပေါင်းအိမ်အတွင်းထိုင်နေစဉ်အဆိပ်အတောက်များချွေးပုတ်အနေနှင့် ထွက်လာပါက ဆားငံသီးဖျော်ရည်တိုက်ပေးခြင်း။

(၉) ရေချိုးခန်းအတွင်း၌ဒူးအားရေနွေးနှင့်​​​​လောင်းပေးပြီး ခြေဖဝါးကို ဆားပွတ်ပေးပြီး ခေါင်းလျှော်ပေးခြင်း ပေါင်းဆေးနှင့်ပေါင်းပေး၍ ခန္ဓာကိုယ်တစ်ကိုယ်လုံးအားသဲဆပ်ပြာဖြင့်ပွတ်တိုက်ရေချိုးပေးခြင်း။

(၁၀) ရေချိုးသန့်စင်ပြီး ခန္ဓာကိုယ်အားနေရာအနှံ့ UV White Lotion နှင့်လိမ်းပေးပြီး ဆံကေသာအား အခြောက်ခံ၍ Hair Serum ထည့်ပေးခြင်း။

အကျိုးကျေးဇူးတွေများတဲ့ဆေးမြစ်စုံ Spa ကိုတစ်ခါလောက် လာရောက်လုပ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော်...😍

Spa ပြုလုပ်လိုသည့် နေ့ရက် အချိန်တို့ကိုတစ်ရက်ကြိုတင်ဖုန်းဆက်ပြီး ရက်ချိန်းယူပေးပါရန်။

☎ 09421049994 ☎

Contact Address - No.12, Matgin Street, Kyauk Myaung , Tamwe Township, Yangon.

Photos from Unity & Healthy - Health Spa's post 07/06/2023

Spa လုပ်ဖို့ အချိန် ၃နာရီမပေးနိုင်တဲ့သူတွေအတွက်
သဘာဝအသီးအနှံတွေနဲ့မျက်နှာပေါင်းတင်ကြမယ်

⏰ကြာချိန် - ၁ နာရီ (10000 Kyats)

ပထမဦးဆုံး မျက်နှာပြင်ကို သွေးကြောလေးတွေဖွင့်ပြီး နှိပ်နယ်ပေးပါမယ်။ ပြီးမှ...

၁။ ဒိန်ချဥ်နဲ့မျက်နှာပေါ်က မိတ်ကပ်နဲ့အညစ်အကြေးတွေကိုဆေးချပါမယ်။

၂။ ဒိန်ချဥ်ကိုမျက်နှာပေါ်မှာ ၁၀မိနစ်လောက်နှပ်ထားမယ်။

၃။ ခရမ်းချဥ်သီးနဲ့မျက်နှာပြင်အနှံ့ပွတ်လိမ်းပေးပါမယ်။

၄။ ပျားရည်နဲ့သံပုရာရောပြီး မျက်နှာပြင်ကိုနှိပ်နယ်ပေးပါမယ်။

၅။ ပျားရည်သီးသန့်မျက်နှာကိုထပ်လိမ်းပေးပါမယ်။

၆။ ကြက်ဥအနှစ်ကို မျက်နှာပေါ်ထပ်လိမ်းပေးပါတယ်။

၇။ နောက်ဆုံးအဆင့်အနေနဲ့က သခွားသီးနဲ့ မျက်နှာတစ်ခုလုံးကိုကပ်ပြီး ရေဓာတ်ရစေပါတယ်။

အဆင့်အားလုံးပြီးသွားတဲ့အချိန်မှာတော့ မျက်နှာပေါ်က အရေးအကြောင်း နေလောင်ဒဏ်ကြောင့် မညီမညာဖြစ်နေတဲ့ အသားအရေတွေက ဖြူဖွေးကြည်လင်လာပါတယ်နော်....😍

☎ 09421049994 ☎

Want your business to be the top-listed Beauty Salon in Tamwe?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 12, Maggin Street
Tamwe