EduVert - Work Ready Training
To support young people development.
21/09/2020
E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
======================================
မနက်ရုံးရောက်လို့ အလုပ်လုပ်ဖို့ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ “FYI: Please confirm the date of meeting. Can you LMK it before EOD? ...” အစရှိတဲ့ အတိုကောက်စကားလုံးတွေနဲ့ရေးထားတဲ့ e-mail တွေကို ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကနေ ရဖူးပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့အတိုကောက်စကားလုံးတွေကို နားလည်အောင်ပြန်လုပ်ရတာက တစ်ခါတလေမှာစိတ်ရှုပ်စရာကောင်းပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးတံခါးတွေဖွင့်လိုက်တဲ့အချိန်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ အများအပြားဝင်ရောက်လာသလို ပြည်တွင်းနဲ့ပြည်ပအခြေစိုက်ကုမ္ပဏီအများစုမှာ နိုင်ငံတကာကကျွမ်းကျင်သူတွေကို ငှားရမ်းခန့်အပ်လာတာကိုတွေ့ရပါတယ်။ နိုင်ငံတကာကုမ္ပဏီအများစုဟာ အင်္ဂလိပ်စာကို နိုင်ငံတကာဘုံဘာသာစကားအဖြစ် အသုံးပြုတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်လိုအပ်ချက်အရ နိုင်ငံခြားသားတွေနဲ့ဆက်သွယ်ရတဲ့အခါမှာ အင်္ဂလိပ်စကားကိုကောင်းကောင်းအသုံးပြုတတ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အထက်လူကြီးက နိုင်ငံခြားသားဖြစ်တယ်ဆိုလျှင် သူနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် ပိုပြီးတော့တောင်အင်္ဂလိပ်စာကို အသုံးပြုရပါလိမ့်မယ်။ အဲဒီလိုဆက်သွယ်ရတဲ့အခါမှာ သူ့နဲ့ပြောဆိုနိုင်ဖို့လည်းအရေးကြီးသလို သူပြောသမျှနဲ့ရေးသမျှအကြောင်းအရာတွေကိုလည်း နားလည်နိုင်ဖို့လိုပါတယ်။
နောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိရှိစေဖို့ ကုမ္ပဏီအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့အခါမှာလည်း အချိန်တိုတိုအတွင်းမှာလျင်လျင်မြန်မြန်ပေးပို့နိုင်တဲ့ အီးမေးလ်နဲ့ စာတိုပေးပို့စနစ်တွေကို ပိုပြီးအသုံးပြုလာကြပါတယ်။ တကယ်လို့မြန်း ကိုယ့်ရဲ့နိုင်ငံခြားသားအထက်လူကြီးက သူ့ရဲ့မက်ဆေ့ခ်ျတွေနဲ့ အီးမေးတွေထဲမှာ အတိုကောက်စာလုံးတွေကိုထည့်ပြီး သုံးလာခဲ့လျှင် သူပြောချင်တဲ့အကြောင်းအရာတွေကို အပြည့်အဝနားလည်ဖို့ အဲဒီစကားလုံးတွေကိုနားလည်ဖို့လိုပါတယ်။ မဟုတ်လျှင် တချို့အရေးကြီးတဲ့အချက်တွေကို ကျန်ခဲ့နိုင်ပါတယ်။ နောက်ပြီး အတိုကောက်စကားလုံးတွေကို အသုံးပြုတဲ့အခါမှာ လျင်မြန်တဲ့ဆက်သွယ်ရေးသားမှုတွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ e-mail နဲ့ပဲဖြစ်ဖြစ် Instant messaging နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပို့တဲ့အခါ အသုံးများလေ့ရှိတဲ့အင်္ဂလိပ်အတိုကောက်စကားလုံးတွေကို ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။
1. ASAP – as soon as possible (ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေအကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲဖြစ်ပါတယ်။)
2. BTW – by the way (ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့စကားလုံးကို ဘယ်လိုအသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။)
3. COB – close of business (လုပ်ငန်းတစ်ခုပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”)
4. COD – cash on delivery (ပစ္စည်းရောက်မှငွေချေရတဲ့ ငွေပေးချေမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဥပမာ - We don’t have to pay the printer now. It’s COD.”)
5. EOD – end of day (ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့နောက်ဆုံးအချိန်ကိုပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့နောက်ဆုံး သန်းခေါင်းယံအချိန်ကိုပြောချင်တာပါ။ ကိုယ့်အလုပ်ရှင်က ဘယ်လိုမျိုးသုံးနှုန်းထားသလဲဆိုတာကိုတော့ သိအောင်လုပ်ရပါ့မယ်။ ဥပမာ - “I’d like to submit it before EOD.”)
6. EOM – end of message (အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့အကြောင်းအရာမှာသုံးလေ့ရှိပါတယ်။ ဥပမာ - e-mail မှာဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီးသုံးလို့ရပါတယ်။)
7. F2F – face to face (မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။ ဥပမာ - "Let's meet and work it out F2F.")
8. FAQ – frequently asked question(s) (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ဆိုလိုပါတယ်။ ဥပမာ - “What are the FAQs for our new product?”)
9. FYI – for your information (ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။ ဥပမာ - “FYI, this is the update I got from the team.”)
10. F/U – follow up (ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီးပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကိုပြောတာ ဖြစ်ပါတယ်။ နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”)
11. FWD – forward (ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to # # # as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။)
12. IOW – in other words (အကြောင်းအရာတစ်ခုကို အရှေ့မှာပြောထားတာထက် ပိုပြီးရှင်းလင်းအောင်ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။ ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”)
13. LMK – let me know (ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။ ဥပမာ - “LMK, if you have any questions about this event.”)
14. N/A – not applicable (မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကိုသုံးပါတယ်။ ဥပမာ - “If a question does not apply to you, please put N/A in the box.”)
15. N/B, NB, n/b – nota bene (လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့အရေးကြီးအချက်အလက်တွေကို စာဖတ်သူသတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့အရှေ့မှာရေးလေ့ရှိပါတယ်။ E.g. “NB Applications received after the closing date will not be accepted.”)
16. NLT – no later than (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် နောက်မကျစေဘဲလိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”)
17. NRN – no reply necessary (တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail လုပ်တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေအများကြီးနဲ့မျက်စီရှုပ်နေတတ်ပါတယ်။ တကယ်လို့မြန်း ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကိုသုံးနိုင်ပါတယ်။)
18. RSVP - Répondez s’il vous plait (ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။ ဥပမာ - “RSVP to me by April 20th.”)
19. TBD – to be determined (အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့လိုသေးရင် ဒီစကားလုံးကိုသုံးကြပါတယ်။ ဥပမာ - “No. of participant: TBD”)
20. OOO – out of office (အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့မက်ဆေ့ခ်ျတွေမှာဖော်ပြချင်ရင် “I will be OOO until Tuesday.”)
21. WFH – work from home (တချို့တချို့သောလူတွေဟာ သူတို့ရဲ့အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီးပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာဘယ်သူကတော့ရှိတယ် ဘယ်သူကတော့မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။)
22. YTD – year to date (ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။ ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင်အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”)
အခုဖော်ပြထားတဲ့အတိုကောက်စာလုံးတွေက စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာရေးသားနည်းမှာ အသုံးများလေ့ရှိတာတွေပဲဖြစ်ပါတယ်။ အခြားအသုံးများတဲ့စကားလုံးတွေလည်း ကျန်ပါသေးတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ ကိုယ်တိုင်လေ့လာဆည်းပူးမှုတွေကနေ ဆက်လက်သိရှိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကိုယ့်ရဲ့ e-mail ကို ကျစ်လစ်သွားအောင် ကူညီပေးနိုင်သလို အချိန်တိုတိုအတွင်းမှာ အလုပ်တွင်ကျယ်အောင်လည်း အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့ကိုအသုံးပြုတဲ့အခါမှာ အက္ခရာနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေကို သတိထားရပြီးတော့ သုံးသင့်တဲ့နေရာလား မသုံးသင့်တဲ့နေရာလားဆိုတာကိုလည်း ချိန်ဆရပါလိမ့်မယ်။
Like & Share 😊😊😊
29/06/2020
အွန်လိုင်းကနေ ပညာသင်ယူနိုင်သောဆိုဒ်များ
Coursea တွင် နိုင်ငံတစ်ကာ တက္ကသိုလ်များက ပါမောက္ခတွေရဲ့ lecture တွေကို လေ့လာကြည့်ရှုနိုင်ပါသည်။
https://www.coursera.org/
Edx သည်လည်း နိုင်ငံတစ်ကာ တက္ကသိုလ်များက ပါမောက္ခတွေရဲ့ lecture တွေကို လေ့လာကြည့်ရှုနိုင်ပါသည်။
https://www.edx.org/
Yale University ကနေ ဖန်တီးထားသော ဆိုဒ်ဖြစ်ပါသည်။
Lectures များကိုအသံသွင်းထားတာများကို ကြည့်လို့ရပါသည်။
https://oyc.yale.edu/
MIT
အမေရိကန်ရဲ့ထိပ်တန်းနည်းပညာကျောင်း MIT ရဲ့ ပါမောက္ခတွေရဲ့ lecture တွေကို ကြည့်ပြီး နားထောင်နိုင်ပါသည်
https://ocw.mit.edu/index.htm
Stanford University ကနေ ဖန်တီးထားသောဆိုဒ်ဖြစ်ပါသည်
https://online.stanford.edu/
Oxford University
Oxford University ကနေထုတ် တဲ့ podcast ဖြစ်ပါသည်။
https://podcasts.ox.ac.uk/
Cornell University
Research အတွက် အရမ်းကိုရှာလို့ကောင်းသော ဆိုဒ်ဖြစ်ပါသည်။
https://ecommons.cornell.edu/
https://www.classcentral.com/
ကိုယ်သင်ချင်တဲ့အကြောင်းအရာများကို search engine ထဲတွင် ရိုက်ထည့်လိုက်ပြီး
ဒီအကြောင်းအရာကို ဘယ် website တွေကနေ online video တွေသင်ပေးနေတယ်ဆိုတာ link လေးတွေ ပေါ်လာပါတယ်
ဒီ link ကနေတစ်ဆင့် သင်ပေးတဲ့ website ကိုသွားနိုင်ပါတယ်
iTunes University
apple သုံးတဲ့လူတိုင်းအတွက် apple Appstore တွင် iTunes University ကိုဒေါင်းလုပ်ဆွဲပြီး အမေရိကန် university များမှ သင်ကြားပို့ချသော အရာများကို လေ့လာသင်ယူနိုင်ပါသည်။
ဒီဆိုဒ်တွေသည် university ဆိုတာထက် နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သောသူများကနေ online video များကနေ တစ်ဆင့်သင်ပေးတာဖြစ်ပါသည်။
တစ်ချို့ဆိုဒ်တွေသည် ပိုက်ဆံပေးမှ ကြည့်လို့ရပါသည်။
TED
အတွေးအခေါ်အသစ်အဆန်းများကို တင်ပြသော ဆိုဒ်ဖြစ်ပါသည်။ TED app လည်း download ဆွဲနိုင်ပါသည်။ မြန်မာဘာသာ စာတန်းထိုးနှင့်လည်းကြည့်နိုင်တယ်လို့ ပြောကြပါသည်။
https://ed.ted.com/
ဒီဆိုဒ်တွေသည် များသောအဖြင့် ပိုက်ဆံပေးပြီးမှ သင်ယူလို့ရပါသည်။ အလကားသင်ယူလို့မရပါ။
သို့သော် နောက်ဆုံးပေါ်အရာများကို ကိုယ်ဖုန်းပေါ်တွင် laptop ပေါ်တွင် ကြည့်ပြီး ကိုယ်ကြိုက်တဲ့အချိန်သင်ယူရတာသည် ၂၁ ရာစုရဲ့ သင်ယူနည်း စတိုင်ဖြစ်လာပါသည်။
Lynda
Linkedin Learning လို့အရင်က နာမည်ကြီးပြီး professional တွေအတွက် နောက်ဆုံးပေါ် professional skill တွေကို သင်ပေးသော ဆိုဒ်ဖြစ်ပါသည်။
https://www.lynda.com/
Udemy
အွန်လိုင်းတွင် နည်းပညာနယ်ပယ်တွင် နောက်ဆုံးပေါ်တိုးတက်မှုများကို သင်ပေးရာတွင် ကုန်ကျစရိတ်တွင် စျေးအပေါဆုံးဖြစ်ပါသည်။
https://www.udemy.com/
https://www.udacity.com/
နည်းပညာအကြောင်းအရာများ နောက်ဆုံးပေါ်တိုးတက်မှုများ Artificial Intelligence စသည်များကို သင်ကြားပေးသော ဆိုဒ်ဖြစ်ပါသည်။
https://www.skillshare.com/
Skill Share
Photo and Film, Business စသည့်ဘာသာရပ်များကို သင်ကြားနိုင်သည့်ဆိုဒ်ဖြစ်ပြီး
စျေးကွက်ထဲတွင် နောက်ပိုင်း အရမ်းကို ကြော်ညာသည့် ဆိုဒ်တစ်ခုဖြစ်ပါသည်။
နှစ်လ ကို အလကားပေးမယ်လို့ တော့ကြော်ညာထားပါတယ်။
နှစ်လ အလကားပေးလို့ try လုပ်ကြည့်သင့်တယ်နော်။
https://www.pluralsight.com/
နည်းပညာကို အဓိကထားဦးစားပေးပြီး Python, C+, စသည်များကို အွန်လိုင်းကနေသင်ပေးသော ဆိုဒ်ဖြစ်ပါသည်။
https://www.codecademy.com/
coding သင်ပေးသောဆိုဒ်ဖြစ်ပါသည်။
https://www.creativelive.com/
online class တွေကို live ကြည့်ပြီးသင်ယူလို့ရသောဆိုဒ်ဖြစ်ပါသည်။
https://www.datacamp.com/
data science ကိုသင်ယူလေ့လာရသောဆိုဒ်ဖြစ်ပါသည်။
https://alison.com/
နောက်ထပ်သင်ယူလို့ရသောဆိုဒ်တစ်ခုဖြစ်ပါသည်။
မူလတန်းက နေ high school အရွယ်ကလေးများအတွက် အကောင်းဆုံးဖြစ်ပါသည်။
အလကားသင်ယူနိုင်ပြီး app လည်း download ဆွဲနိုင်ပါသည်။ Bill Gates ကိုယ်တိုင်လှူဒန်းထားသော အွန်လိုင်းပညာရေး website, app, learning system platform ဖြစ်ပါသည်။
https://www.khanacademy.org/
Credit to Kyaw Tun
Coursera | Build Skills with Online Courses from Top Institutions Join Coursera for free and learn online. Build skills with courses from top universities like Yale, Michigan, Stanford, and leading companies like Google and IBM. Advance your career with degrees, certificates, Specializations, & MOOCs in data science, computer science, business, and dozens of o...
17/04/2020
မြန်မာ့နှစ်ကူးအခါသမယမှစ၍ ရောဂါဘေးဘယာအပေါင်း ဝေးကွာကာ ကိုယ်စိတ်ကြည်နူးအေးချမ်းစွာဖြင့် ကျန်းမာလန်းဖြာကြပါစေလို့ Eduvert Academy မှ ဆုမွန်ခြွေအပ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Min Ye Kyaw Swar Housing, Lay Daung Kan Road
Tamwe
11211
Opening Hours
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |
| Saturday | 09:30 - 17:30 |
| Sunday | 09:30 - 17:30 |