MOW
ပေးရသည့်ဈေးနှင့် ထိုက်တန်သောQualityရရှိစေရမည်။
22/09/2021
Dream of guys 😍
31/08/2021
ကြွားတယ်လို့တော့ မထင်ပါနဲ့
ဒဲ့.....တင်တာနော်....အရှိအတိုင်း
စျေးရောင်းလို့ရတာလဲမဟုတ်ဘူး😏
လုပ်အားခနဲ့လဲရတာမဟုတ်ဘူး..😏
ဘယ်လောက်ရှိတယ်ကြွားနေတဲ့သူတွေမြင်စမ်း
မိဘဆီကရတာလည်းမဟုတ်ဘူးး😏
ဘယ်ဆွေမျိုးဆီကမှလဲရတာမဟုတ်ဖူး😏
ဘယ်မိတ်ဆွေသူငယ်ချင်းကမှလည်းမပေးဘူးး😏
ရှင်းရှင်းပြောရရင် ငါ့ဟာငါ ရိုးရိုးသားသားနဲ့
သူများတင်ထားတဲ့ ပုံကို ပြန်ကူးပြီးတင်တာ
စာပါ copy ကူးလာတာ ရှင်းလား😂😂😂
အဲလောက်ရှိရင် အိမ်မက်ထဲက ကားတွေဝယ်စီးမယ်!🤣🤣😜
Crd
29/07/2021
မီးလောင်နေတဲ့အိမ်နဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု
တစ်ခါက လူတစ်ယောက်ဟာ ခရီးသွားပြီးပြန်လာချိန်မှာ သူ့အိမ် မီးလောင်နေတာကို တွေ့လိုက်ရပါတယ်။
သူ့ရဲ့အိမ်ဟာ မြို့ထဲမှာ အကောင်းဆုံး၊ အလှဆုံးအိမ်တွေထဲက တစ်လုံးဖြစ်ပြီး နေရာအချက်အချာကျတဲ့နေရာမှာ တည်ရှိနေတာကြောင့် တန်ရာတန်ကြေးထက် ပိုပေးပြီး ဝယ်ယူဖို့ ကမ်းလှမ်းသူတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်က အိမ်ကိုသဘောကျ တန်ဖိုးထားတာကြောင့် ဘယ်သူ့ကိုမှ မရောင်းခဲ့ပါဘူး။
အခုအချိန်မှာတော့ သူ အရမ်းတန်ဖိုးထားတဲ့အိမ် မီးသင့်နေတာကို တွေ့လိုက်ရတော့ ခြေမကိုင်မိ လက်မကိုင်မိနဲ့ အရမ်းကို တုန်လှုပ်ခြောက်ခြားနေခဲ့တာပေါ့။
အိမ်မီးလောင်နေတာကို သတိထားမိတဲ့ အနီးဝန်းကျင်က လူတွေစုရုန်းရောက်ရှိလာပြီး မီးကို ငြိမ်းသတ်ဖု့ိ ကြိုးစားကြပေမယ့် မီးရှိန်ပြင်းလွန်းတာကြောင့် မတတ်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။
အိမ်ပိုင်ရှင်လည်း စိတ်ပျက်ဝမ်းနည်းစွာနဲ့ ထိုင်ငိုနေပါတော့တယ်။
ဒီအချိန်မှာ သူ့ရဲ့သားတစ်ဦးက အပြေးရောက်လာပြီး စကားတစ်ခွန်း တီးတိုးပြောလိုက်ပါတယ်။
"အဖေ၊ အိမ်မီးလောင်နေလို့ စိုးရိမ်မနေပါနဲ့။ မနေ့တုန်းကပဲ အဲ့ဒီအိမ်ကို ပေါက်ဈေးထက် သုံးဆပိုပေးတဲ့သူရှိလို့ အဖေ့ကိုမစောင့်ပဲ သားရောင်းလိုက်ပြီးပြီ။"
ဒီအခါ အိမ်ပိုင်ရှင်က "ဟုတ်လား၊ ဒါဆို ငါတို့အိမ်မဟုတ်တော့ဘူးပေါ့" လို့ ပြောပြီး စိတ်အေးသက်သာစွာနဲ့ အခြားသူတွေလိုပဲ မီးလောင်တာကို ရပ်ကြည့်နေပါတော့တယ်။
စိတ်ထဲမှာလည်း "တော်သေးတာပေါ့၊ ရောင်းပြီပြီဆိုတော့ ငါ့မှာဆုံးရှုံးစရာမရှိတော့ဘူး"လို့ တွေးပြီး ကျေနပ်မိတာကြောင့် ခပ်သဲ့သဲ့လေး ပြုံးလိုက်မိပါသေးတယ်။
ဒီအချိန်မှာပဲ သူ့ရဲ့ ဒုတိယသားရောက်လာပြီး "အဖေ ဘာရပ်လုပ်နေတာလဲ၊ အိမ်က မီးလောက်နေတာကို ဒီအတိုင်းကြည့်ပြီး ပြုံးနေရသလား"လို့ မေးလိုက်ပါတယ်။
အိမ်ပိုင်ရှင်က "မင်း မသိသေးဘူးလား။ မင်းအစ်ကို ဒီအိမ်ကို မနေ့ကပဲ ရောင်းလိုက်ပြီတဲ့" လို့ ပြန်ပြောပါတယ်။
ဒုတိယသားက "ဟာ..အဖေကလည်း သားတို့က စရံပဲ ယူထားရသေးတာ၊ အခုလို မီးလောင်သွားတော့ ဝယ်တဲ့သူက အပြည့်ပေးချင်ပါဦးမလား" လို့ ပြန်ပြောလိုက်တဲ့အခါ
အိမ်ပိုင်ရှင်လည်း အရမ်းတုန်လှုပ်သွားပြန်ပါတယ်။ ဆုံးရှုံးစရာမရှိတော့ဘူးဆိုပြီး ကျေနပ်နေတဲ့ခံစားချက်လည်း ပျောက်ကွယ်သွားပြီး စိတ်ပျက်ဝမ်းနည်းမှုတွေနဲ့ ပြန်ငိုကြွေးရပြန်ပါတယ်။
ဒီအချိန်မှာပဲ တတိယသားဖြစ်သူ ရောက်လာပြီး သူ့အဖေ ငိုနေရတဲ့အကြောင်းရင်းကို သိတဲ့အခါ "စိတ်မပူပါနဲ့ အဖေ၊ အိမ်ကိုဝယ်တဲ့သူက ကတိတည်တဲ့သူပါ။ အခုပဲ သူ့ဆီကနေ ပြန်လာတာ၊ အိမ်မီးလောင်သည်ဖြစ်စေ၊ မီးမလောင်သည်ဖြစ်စေ ပေးချေရမယ့် ပမာဏအပြည့်အဝကို ပေးမှာပါလို့ ပြောလိုက်တယ်။" လို့ ရှင်းပြလိုက်ပါတယ်။
ဒီတော့မှာ အိမ်ပိုင်ရှင်လည်း ပူပင်သောကမရှိပဲ အိမ်မီးလောင်တာကို ရပ်ကြည့်နေနိုင်သွားပါတော့တယ်။
ဒီအကြောင်းအရာက ရှုပ်ထွေးပွေလီလှတဲ့ လူ့သဘောသဘောဝပါပဲ။
အိမ်ပိုင်ရှင်ဖြစ်သူဟာ အစက သူ့အိမ်မီးလောင်နေပြီဆိုပြီး ဝမ်းနည်းပူဆွေးနေပေမယ့် သူ့အိမ်မဟုတ်တော့မှန်း သိရတဲ့အခါ ဝမ်းနည်းပူဆွေးမှု မရှိတော့ပဲ မဆိုင်သလို ကြည့်နေနိုင်ခဲ့ပါတယ်။
တစ်ခါ သူပဲ ဆုံးရှုံးရနိုင်တယ်လို့ သိရပြန်တော့ ဝမ်းနည်းပူဆွေးမှုတွေ ပြန်လည်ခံစားလာရပြန်ပါတယ်။
နောက်ဆုံး သူ့အကျိုးစီးပွား လုံးဝမထိခိုက်ဘူးဆိုတာသေချာမှ သက်ပြင်းချ စိတ်အေးသွားတာကို တွေ့ရမှာပါ။
ဒီအိမ်တစ်လုံးထဲ၊ ဒီမီးလောင်မှုတစ်ခုထဲပေါ်မှာပဲ ပိုင်ဆိုင်မှုအခြေအနေပေါ်မူတည်ပြီး ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းတွေကို ကွဲပြားစွာ ခံစားနေရတာဖြစ်ပါတယ်။
"ငါ့ဟာ" လို့ ထင်နေရင် ပူလောင်ရသလောက် "ငါနဲ့မဆိုင်ဘူး"လို့ သိမြင်လာတဲ့အခါ အေးချမ်းတည်ငြိမ်မှုရှိလာပါတယ်။
"ငါ စွဲ"တွေ ကွာပြီး ပျော်ရွှင်အေးချမ်းနိုင်ကြပါစေ။
Gentleman Magazine
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Tatkon