Zin Mar Aung's Daily Routine

Zin Mar Aung's Daily Routine

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zin Mar Aung's Daily Routine, Health/Beauty, Pyay, Taungdwingyi.

25/08/2022

🌞လေ့ကျင့်ခန်းကို မနက်ခင်း ဒါမှမဟုတ် ညနေဘက်မှာ လုပ်မလား🌞

🏃လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ နေ့တိုင်းမှန်မှန် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားကို တည်ဆောက်ပေးတယ်။ အကြောအချဉ်တွေ ပြေလျော့စေတယ်။ အစာခြေစနစ်ကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေတယ်။ ကျန်းမာအသက်ရှည်စေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်။ ခန္ဓာကိုယ်တွင်း မကောင်းတဲ့ အဆီပိုတွေနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကို ကျစေပြီး အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဲ့တော့ လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်အချိန်မှာစလုပ်သင့်လဲ၊ မနက်ခင်းက ပိုကောင်းလား၊ ညနေဘက်က ပိုကောင်းလား၊ ဒါမှမဟုတ် ဘယ်အချိန် လုပ်လုပ် ရလဒ်က အတူတူပဲလား အစရှိသဖြင့် မေးစရာမေးခွန်းတွေ များလာတယ်နော်။
ဒါကြောင့် မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ညနေဘက်လေ့ကျင့်ခန်းလုပ်ခြင်းကနေ ဘယ်လိုမတူညီတဲ့ အကျိုးထူးရနိုင်လဲ၊ ဘာတွေသိထားသင့်လဲ၊ ကိုယ့်အတွက် ဘယ်အချိန်က အဆင်အပြေဆုံး ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

မနက်ခင်း လေ့ကျင့်ခန်းလုပ်ခြင်း
ညလုံးပေါက်အိပ်စက်အနားယူပြီးနောက် ခန္ဓာကိုယ်ထဲက ကလီစာတွေက အိပ်ရာနိုးနိုးချင်းအချိန်မှာ လျင်မြန်စွာ အလုပ်လုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဒီတော့ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်နေ့တာအတွက် စိတ်အာရုံနိုးကြားတက်ကြွစေဖို့၊ အားအင်တွေ ပြည့်ဝစေဖို့ ကောင်းစွာကူညီပေးနိုင်ပါတယ်။

အကျိုးကျေးဇူး
• အိပ်ချင်နေတဲ့စိတ်ကို ပြေလျော့သွားစေပြီး စိတ်ကို လန်းလန်းဆန်းဆန်းဖြစ်စေတယ်။
• အလုပ်ခွင်ထဲမှာ တက်ကြွစေပြီး စိတ်ကူးဉာဏ်အသစ်အဆန်းတွေ ဖန်တီးနိုင်စေတယ်။
• အလုပ်ခွင်ထဲမှာ အိပ်ငိုက်မနေအောင် ကူညီပေးတယ်။
• တစ်နေ့တာလုံး အားအင်အပြည့်နဲ့ လှုပ်ရှားရုန်းကန်နိုင်စေတယ်။
• အစာခြေစနစ်ကို ကောင်းစေပြီး တစ်နေ့တာလုံး အစားပိုစားစေတယ်။
• မနက်စာ မစားခင် လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီပိုတွေကို ပိုပြီး လောင်ကျွမ်းစေတယ်။
• ကိုယ်အလေးချိန်ကျလိုသူတွေအတွက် လေ့ကျင့်ခန်းလုပ်ဖို့ အသင့်လျော်ဆုံးအချိန်ဖြစ်ပါတယ်။

သတိထားသင့်တာတွေ
• ညဘက်အိပ်ရေးမဝတဲ့အခါ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ဖို့ ပိုပြီးအားယူရနိုင်တယ်။
• အထူးသဖြင့် မနက်ခင်း စောစောထတဲ့အကျင့်မရှိသူတွေဆိုရင် အိပ်ရေးပျက်တာများပြီး လူကိုပိုပင်ပန်းစေတယ်။
• မနက်ခင်းအိပ်ရာနိုးနိုးချင်းမှာ အရိုးအဆစ်နဲ့ ကြွက်သားတွေဟာ တောင့်တင်းနေတဲ့အတွက် အပြင်းအထန် လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်မှုဖြစ်ဖို့ ပိုများပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းစတင်မလုပ်ခင် အကြောလျှော့ထားဖို့နဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ အရင်ဆုံးလုပ်ထားဖို့ လိုအပ်ပါတယ်။
• လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ လူကအရမ်းပင်ပန်းနေပြီး အဆီပိုတွေပိုပြီး လောင်ကျွမ်းသွားတာကြောင့် ရေတစ်ခွက်သောက်ပြီး မနက်စာကို မြန်မြန်စားဖို့လိုအပ်ပါတယ်။

ညနေဘက်မှာ လေ့ကျင့်ခန်းလုပ်ခြင်း

များသောအားဖြင့် မနက်ပိုင်းရုံးအစောသွားရသူတွေ၊ မနက်မထနိုင်တဲ့သူတွေ၊ ကြွက်သားတက်အောင် ကစားနေတဲ့အမျိုးသားတွေအတွက်တော့ ညနေပိုင်းအချိန်က အကောင်းဆုံးပါပဲ။ တစ်နေ့လုံး အစားအစာတွေစားပြီး၊ အလုပ်လုပ်ပြီးတဲ့အချိန်ဖြစ်တာကြောင့် အားအင်တွေလည်း ပိုရှိနေတဲ့အတွက် လေ့ကျင့်ခန်းကို ပိုပြီးအားစိုက်လုပ်လို့ရပါတယ်။
အကျိုးကျေးဇူး
• ညနေဘက်အချိန်မှာ ကြွက်သားနဲ့ အရိုးအဆစ်တွေ ပြေလျော့နေတဲ့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ သိပ်ပြီးအရှိန်ယူစရာမလိုပါဘူး။
• မနက်ခင်းထက်စာရင် အားအင်ပိုရှိနေတဲ့အတွက် အလေးတွေမတဲ့အခါ ပိုပြီးအားစိုက်ထုတ်နိုင်သလို ပိုကောင်းတဲ့ရလဒ်ကိုလည်း ရနိုင်ပါတယ်။
• ညနေ ၄နာရီမှ ၇နာရီအတွင်း ကာလဟာ ကြွက်သားထုကို တည်ဆောက်ဖို့ အကောင်းဆုံးဖြစ်တာကြောင့် ခန္ဓာကိုယ်ကျစ်လျစ်အောင် ဆော့ချင်တဲ့ အမျိုးသားတွေအတွက် အဆင်ပြေပါတယ်။
• အလေးမတဲ့သူတွေအတွက်ရော၊ ပေါ့ပေါ့ပါးပါး ယောဂကျင့်တဲ့သူတွေအတွက်ရော လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

သတိထားသင့်တာတွေ
• တစ်နေ့လုံး ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ပြီးတော့မှ လေ့ကျင့်ခန်းလုပ်တဲ့အခါ အနည်းငယ်ပင်ပန်းတာ၊ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မပါတာမျိုး ဖြစ်တတ်ပါတယ်။
• လေ့ကျင့်ခန်းလုပ်တဲ့အချိန်နဲ့ အိပ်ချိန်နဲ့ အရမ်းနီးကပ်သွားတဲ့အခါ ကိုယ်ခန္ဓာအပူချိန်၊ ဇီဝကမ္မပြောင်းလဲဖြစ်ပျက်ခြင်းနဲ့ နှလုံးခုန်နှုန်းမြင့်တက်လာတာကြောင့် ကောင်းစွာအိပ်ပျော်နိုင်ဖို့ အချိန်ပိုကြာတတ်ပါတယ်။
• ညဘက်တွေဆိုရင် Gym မှာ လာကစားတဲ့သူပိုများတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်တာ၊ လူရှုပ်တဲ့ဒဏ်မခံနိုင်တာ၊ ချွေးနံ့ပိုထွက်တဲ့ ဒုက္ခတော့ အနည်းငယ်ရှိနိုင်ပါတယ်။

အဲ့တော့ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် အလှအပထက် ကျန်းမာရေးကို ပိုအလေးထားတဲ့သူ၊ ကိုယ်အလေးချိန်ကျလိုသူ၊ မနက်စောစောထနိုင်သူတွေအတွက် မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းဟာ ပိုအဆင်ပြေပြီး ကြွက်သားထုတည်ဆောက်လိုတဲ့ အမျိုးသားတွေ၊ ခန္ဓာကိုယ်အလှအပကို ဦးစားပေးသူတွေအတွက်တော့ ညနေပိုင်းအချိန်က ပိုပြီးသင့်လျော်ပါတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ လေ့ကျင့်ခန်းလုပ်
ခြင်းဟာ လူတိုင်းရဲ့ ကျန်းမာရေးအတွက် အကျိုးရှိတဲ့အလေ့အကျင့်ကောင်းဖြစ်တာကြောင့် ဒီနေ့ကစပြီး ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ကောင်းသောပြောင်းလဲခြင်းမျိုးဖြစ်အောင် စလိုက်ကြရအောင်လား။

Crd
Hello Health Group

Want your business to be the top-listed Beauty Salon in Taungdwingyi?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Pyay
Taungdwingyi
NO