Kham K Lue Library

Kham K Lue Library

Share

Reading is good for brain. So, we must read for our brain.

11/02/2022

#စောင့်ထိန်းအပ်သော_လူမှုကျင့်ဝတ်များ

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ
စကားကို လက်လွယ်စပယ် မပြောပါနဲ့။
ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ
အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို
နှိမ့်ချစော်ကားတာမျိုး မပြုလုပ်ပါနဲ့။
လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။
မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။
အခွင့်အရေးသမားကို
လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။
သိက္ခာတရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို တွေ့ပါစေ။
သင့်အကျိုးအမြတ်အတွက် အသုံးမချပါနဲ့။
ရိုးသားမှူ့ဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာမဟုတ်ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ
အနိုင်ကျင့်ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။
ဒီကနေ့ အင်အားကြီးမားသူဟာ
နောင်တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။ သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။
အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့ အလွယ်တကူ
မှတ်ချက်မပေးပါနဲ့။
နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို
မိမိဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။
ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး
သင်ကြိုက်တဲ့အရာတွေကို
ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

Credit_to_the_Original_Uploader

12/11/2021

ဟုတ်တော့ဟုတ်သလိုပဲ ဖြစ်နိုင်ခြေအများဆုံးတော့ရှိတယ်။

အိမ်တစ်အိမ်ရဲ့စီးပွားရေးကိုသိချင်ရင်
ဘုရားတရားကိုင်းရှိုင်းတာကိုကြည့်ပါ။

စည်းကမ်းကိုသိချင်ရင် ရေချိုးခန်း အိမ်သာ
ထိုင်ခွက်ကိုကြည့်ပါ။

စည်းလုံးမှုကို သိချင်ရင်တော့
ထမင်းဝိုင်းကို ကြည့်ရပါမယ်တဲ့။

လူတစ်ယောက်ရဲ့စည်းကမ်းကိုသိချင်ရင်တော့
ဖိနပ်ချွတ်ပုံကိုကြည့်ရင်သိနိုင်တယ်။

လူမှုအဆင့်အတန်းကိုသိချင်ရင်
အိပ်ခန်း နဲ့ အိပ်ယာကိုကြည့်ပါ တဲ့။

စာနာမှုနဲ့ ကြင်နာတရားသိချင်ရင်တော့
စကားအပြောအဆို စကားလုံးနဲ့ ဆက်ဆံမှုကို ကြည့်နိုင်ပါတယ်။

ယဉ်ကျေးမှုကို သိချင်ရင်
ကိုယ်ဟန်မူယာကနေသိနိုင်ပါတယ် တဲ့။

အိမ်တအိမ်ရဲ့ ကျန်းမာရေးအတွက်ကိုတော့
မီးဖိုချောင်ကို ကြည့်ပါ။

#မေတ္တာတရားနဲ့ပျော်ရွှင်မှု့ ကိုသိချင်ရင်တော့
အိမ်ရှင်မရဲ့အဆင်းရူပကာ ကိုကြည့်ပါတဲ့။

ဒါ တကယ့်ကို အမှန်တရားတွေပါ။

13/06/2021

🤦‍♂️ တချို့က...
စိတ်နာတတ်အောင် သင်ပေးတယ်...။

🤦‍♂️ တချို့က...
နေတတ်သွားအောင် သင်ပေးတယ်...။

🤦‍♂️ တချို့က...
ကိုယ့်အခြေအနေကို နားလည်သွားအောင်
သင်ပေးတယ်...။

🤦‍♂️ တချို့ကကျ...
တဘဝစာ သင်ခန်းစာတွေ ပေးသွားတယ်...။

🤦‍♂️ နားနဲ့နာလိုက်
ဖဝါးနဲ့နာလိုက် ရင်ဘတ်နဲ့နာလိုက်နဲ့...

🤦‍♂️ လူတိုင်းအပေါ် နားလည်နိုင်ဖို့
ကြိုးစားနေရတယ်...။

...🙏

05/06/2021

ညံ့ဖျင်းတဲ့ လူတစ်ချို့က ……
အတိတ်ကို အပြစ်တစ်ခုလိုတွေးပြီး ……
အနာဂတ်တွေကို ရိုက်ချိုးပစ်တတ်ကြတယ်။

သိပ်တော်တဲ့ လူတွေကတော့ ……
အတိတ်ကို သင်ခန်းစာယူပြီး ……
အနာဂတ်အတွက် လမ်းသစ်တွေရှာရင်း……
ဘဝကိုအကောင်းဆုံး ဖန်တီးယူကြတယ်။

တကယ်တော့ ………
အတိတ်ဆိုတာ သင်ခန်းစာတစ်ခုထက် မပိုပါဘူး။

ယူတတ်ရင် ဘဝရဲ့လှေခါးထစ်တွေအဖြစ် ……
ချနင်းပြီး အမြင့်ကို တက်သွားလို့ရတယ်။

တစ်ချို့က အတိတ်ရဲ့အရိပ်တွေကြောင့် ……
သံသရာထဲမှာပဲ ဝဲလည်နေတယ်။

ထိုသူတွေက လူမသေပေမယ့် ……
သူတို့ရဲ့ဘဝတွေ သေကုန်ကြပြီ။

သင်ခန်းစာ ယူတတ်ကြပါစေ...

02/06/2021

ငယ်ငယ်က ဆင်းရဲတဲ့ သူတွေဆို သနားတယ်
ကြီးလားတော့ ဆင်းရဲနေတဲ့သူ​တွေမှာ
ဘာ့ကြောင့်မွဲနေရလဲ ဆိုတဲ့
အကြောင်းပြချက်တွေရှိတာကို သိလာခဲ့တယ်

ဆင်းရဲတဲ့သူက ကံကြောင့်တင်မဟုတ်ပဲ
ဉာဏ်ကော ဝီရိယကောပါ နုံချာလို့
ဆင်းရဲတာပါလား ဆိုတာ သိခဲ့ရတယ်

ငယ်ငယ်က သင်္ဘောသီးသုပ်ရောင်းတဲ့
အန်တီကြီးတစ်ယောက်
အရမ်းဆင်းရဲတယ် …
သူက ၂ လုံးပေါက်တဲ့နေ့ဆို တစ်ပတ်လုံး
အသုပ်ဆိုင် ကို မဖွင့်တော့ဘူး

တစ်ပတ် တစ်ရက်နားတာကို မပြောပါဘူး
လူပဲ … အားလပ်ရက် ဆိုတာ ရှိရမယ်
ဟုတ်တယ်

ဒါပေမဲ့ သူ အဲတုန်းက
၂ လုံးလေး ၁၀၀ ဖိုးလောက်ပေါက်လို့
၈၀၀၀ လောက် ရရင် တစ်ပတ်လုံး
ဆိုင်ကို မဖွင့်တော့တာ …
(၂၀၀၄ တုန်းက ၈၀၀၀ ဆိုတာ
အခြေခံလူတန်းစားအတွက် တစ်ပတ်လောက်
အေးဆေးစားလို့ ရပါတယ်)

သူဘာလို့ နားလိုက်တာလဲ ?
သူ့လို တစ်နေ့လုပ်မှ တစ်နေ့စား တစ်ယောက်အတွက်
၂ လုံး ပေါက်တာက အသားတင်ဝင်ငွေ မဟုတ်ဘူးလား???

ကိုယ်သာဆို အဲဆိုင်လေးက အဲခေတ်က
တစ်နေ့ ၁၀၀၀ ပဲ မြတ်တယ်ပဲ ထား
၂ လုံး ပေါက်လည်း ကိုယ့်ဆိုင်ပိတ်ရက် ကလွဲလို့
ဘယ်တော့မှ နားမှာမဟုတ်ဘူး

အဲလိုအတွေးမျိုး မရှိလို့ … အဲလို မွဲနေတာကိုး
ဆိုတာ သဘောပေါက်လာတယ်

တစ်ချို့လူဆင်းရဲတွေက တွေးတတ်တယ်
ဒါပေမဲ့ ရေသာခိုတယ်
ကိုယ့်အလုပ်တင် မဟုတ်ဘူး
သူများ အလုပ်လုပ်လည်း ခိုတယ် ကပ်တယ်
စေတနာမပါဘူး
ဘဝပေးကံကြောင့် အလုပ်ကြမ်းလုပ်နေရပေမဲ့
ကိုယ်မပင်ပန်းရင် ပြီးရော
နောင်ခါလာ နောင်ခါစျေးဆိုတဲ့
အတွေးတွေနဲ့ ဘဝတစ်လျှောက်လုံးနေလာတဲ့
သူတွေ အများကြီး

အဲလိုလူမျိုး ၂ လုံးလေး ထ ပေါက်ကြည့်
အလုပ်မဆင်းတော့ဘူး ….
၂လုံး ၃ လုံးပေါက်တာ
တစ်သက်လုံးစာ စားမရဘူး ဆိုတာ
သူတို့ကိုယ်တိုင်လည်း သိပေမဲ့
သူတို့ နားရဖို့သာ အဓိက ပဲ
အချိန်တန်လို့ ပိုက်ဆံကုန်ရင်
အလုပ်ကို မျက်နှာငယ်လေးတွေ နဲ့ ရောက်လာပြီ

လူတိုင်းတော့ မဟုတ်ပါဘူး
အလုပ်ကြိုးစားပါရက် နဲ့ ဆင်းရဲနေတဲ့သူတွေလည်း
တကယ် ရှိပါတယ် …
ဒါပေမဲ့ အများစုက တော့ ပျင်းလို့
ဆင်းရဲနေတဲ့သူ က ပိုများတယ်

ကျနော့် ဘဝမှာ
အကြွေး ၁၅ သိန်း နဲ့ ၂၀ တိုးမို့
အကြွေးနွံနစ်လို့ ဆင်းရဲနေပါတယ်ဆိုတဲ့
မိသားစုကို ကိုယ့်လက်စွပ်ချွတ်ပြီးကို
အကြွေးတွေ ဆပ်ပေးပြီး ကူညီပေးဖူးတယ်

ငါအဲလို ကူညီလိုက်လို့
အကြွေးတွေ မရှိတော့ ရင်
သူတို့ အဆင်ပြေမယ် ပေါ့ အဲလိုထင်ခဲ့တာ

ကိုယ်က ကြွေးဟောင်းဆပ်ပေးပြီးတာတောင်
နောင်တစ်နှစ်နေတော့ သူတို့မှာ နောက်ထပ်
၁၅ သိန်းလောက် ကြွေးသစ်တွေ ထပ်တင်ပါတော့တယ်

အဲမှာ ကျနော် အစ က စိတ်ဆိုးမိတယ်
နောက်တော့ …. အော် … ဒါကြောင့် သူတို့တွေ
ဆင်းရဲနေပါလားဆိုတာ သဘောပေါက်သွားတယ်

ဆင်းရဲတိုင်း မသနားတော့ဘူး

ဒါနဲ့ ပြောရင် ယုံမလားတော့ မသိဘူး

တကယ့်လက်တွေ့ဘဝမှာ

“ချမ်းသာတဲ့ သူတွေ ကဆင်းရဲတဲ့ သူတွေထက်
ပိုအလုပ်လုပ်ကြတယ် “

“ဆင်းရဲတဲ့သူတွေက ချမ်းသာတဲ့ သူတွေထက်
ပိုပျင်းကြတယ် … “

ဒါကြောင့်
ချမ်းသာတဲ့သူတွေက ချမ်းသာမြဲ ချမ်းသာပြီး
ဆင်းရဲတဲ့သူတွေက ဆင်းရဲမြဲ ဆင်းရဲနေရတာပါ ပဲ

Want your organization to be the top-listed Government Service in Taunggyi?
Click here to claim your Sponsored Listing.

Category

Website

Address


Mêttã
Taunggyi