Life Insurance Shan State
အသက်အာမခံအကြောင်းအရာများနှင့် အသက်
11/07/2021
မိတ်ဆွေများကို တစ်ခုလေး ထပ်သတိပေးချင်တာက
ကျန်းမာရေး အာမခံလေးတွေ ၀ယ်ထားကြဖို့ပါပဲ
AIA Myanmar မှ September လကုန်ထိ Covid Stronger benefits ပေးထားသေးပါတယ်
ဒီကာလမှာ ကျန်းမာရေး အာမခံ မရှိသေးသူတွေ
ကျန်းမာနေချိန်မှာ ထားထားကြပါ
ကိုဗစ် ဖြစ်လာမှ ထားချင်ရင် ထားလို့မရတော့ပါဘူး
အာမခံကြေးက လူလတ်ပိုင်းတွေဆို
၁ နှစ်စာမှ ၂ သိန်းဝန်းကျင်ပဲ ကျမှာပါ
ကိုဗစ်များဖြစ်ခဲ့ရင် ၅ သိန်း စရပြီ
Positive ကာလ ၂၁ ရက် ကျော်ရင် ၁၀ သိန်း
ICU ထဲရောက်ရင် သိန်း၁၀၀ ရမယ်
သေဆုံးခဲ့လဲ သိန်း ၁၀၀ ရပါမယ်
ဒါပေမယ့် တစ်ခုရှိတာက
ကိုဗစ်ဖြစ်နေပြီလို့ ပါးစပ်ကပဲ ပြောလို့တော့
ပိုက်ဆံရမှာ မဟုတ်ပါဘူး
Positive ဖြစ်တဲ့ အထောက်အထား
ဆရာဝန်ဆေးလက်မှတ် တွေတော့ အချက်အလက် ပြည့်စုံရပါမယ်
အဲ့လိုမှသာလျှင် ရနိုင်ပါမယ်
ပြီးတော့ အာမခံထားပြီး ၁၄ ရက်အတွင်း ကိုဗစ်ဖြစ်နေလဲ မရပါဘူး
ဖြစ်နေရက်နဲ့ အာမခံလာထားပြီး ပိုက်ဆံထုတ်တာတွေ ရှိနေလို့ပါ
ဒါက အရေးအကြီးဆုံးအချက်တွေပါပဲ
ဘယ်သူမှ အသက်မပိုပါပါဘူး
ဒီလိုဆိုးရွားနေတဲ့အခြေအနေမှာ
ကြပ်တည်းနေတဲ့အချိန်မှာ ကိုယ့်အသက်
ကိုယ့်ကျန်းမာရေးကနေ ဒီလို ပြန်ရနိုင်တယ် ဆိုတာ
သိစေချင်တာပါပဲ
မပြောကောင်း မဆိုကောင်း
ကိုဗစ်ကြောင့် ကိုယ်သေခဲ့တောင်
မိသားစုအတွက် ကျောလုံလုံ ပိုက်ဆံချန်ခဲ့နိုင်မှာမို့ပါ
Covid benefit အကောင်းဆုံး ဖြစ်တဲ့
AIA Myanmar မှာ Insurance စီစဉ်ပေးပါမယ်
အားလုံးပဲ နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေ
ကျွန်တော် ကတော့ AIA Myanmar က လိုင်စင်ရ အေးဂျင့် တယောက်ဖြစ်ပါတယ်။
Sai Nay Aung Htun
IA(N)LI 01809
သိချင်တာလေး ရှိရင် ဖုန်း 09400625554 (သို့) Messenger မှတဆင့် မေးနိုင်ပါတယ်။
အခုလို အချိန်ကာလမှာ အာမခံနဲ့ပါတ်သက်ပြီး အားလုံးအတွက် အကျိုးရှိမှာလေး ၃ ခု ပြောပြချင်ပါတယ်။
၁။ စစ်ဘေးကြောင့်သေရင် အသက်အာမခံ လျော်ကြေးရလား။
အာမခံအမျိုးအစားအလိုက် မတူတာလေးတွေရှိပါတယ်။ အဓိက အချက်အနေနဲ့ စစ်ပွဲ၊ အဓိကရုဏ်းတွေမှာ ကိုယ်တိုင်ဝင်ပါတာမဟုတ်ဘဲ သေတာမျိုးဆိုရင် လျော်ကြေးရပါတယ်။
၂။ ကိုယ်တစ်ခုခုဖြစ်သွားလို့ ကျန်တဲ့မိသားစုကို စိတ်ပူနေရမှာစိုးနေရတဲ့သူမျိုးက ဘယ်လိုအာမခံ ထားသင့်သလဲ။
Universal Life Insurance ကောင်းပါတယ်။ အသေးစိတ်ရှင်းရမှာတွေ အများကြီးပေမယ့် အတိုချုပ်ပြောရရင် (အာမခံထားသူရဲ့ အသက်အပေါ်မူတည်လို့) တစ်နှစ်ကို ၇ သိန်းကနေ ၂၅ သိန်းအထိ နှစ်စဉ်သွင်းရုံနဲ့ ဘယ်အချိန်မှာပဲ ကိုယ်သေသည်ဖြစ်စေ မိသားစုက သိန်း ၁၀၀၀ ရပါလိမ့်မယ်။
၃။ ငွေကိုဘယ်မှာထားရမှန်းမသိဖြစ်နေတဲ့သူတွေဆိုရင်ရော ဘယ်လိုအာမခံမျိုး ထားသင့်သလဲ။
စိတ်ချရတဲ့ နိုင်ငံတကာအာမခံကုမ္ပဏီတွေမှာ ငွေစုအသက်အာမခံပုံစံမျိုး ငွေကိုရွှေ့ထားလို့ရပါတယ်။
ဒီအချိန်မှာ ကြော်ငြာသလို မတင်ချင်ပေမယ့် အားလုံးကို သိစေချင်လို့ လုပ်ထားသင့်တယ်ထင်လို့ ကိုယ်တိုင်လုပ်ထားတာလေးတွေပြောပြတာပါ။
Credit ZarniThaung
03/12/2020
ကာတွန်းဆိုတာ အပြင်လက်တွေ့ဘဝကို ထင်ဟပ်စေလို့ လူတွေကြိုက်ကြတာပါ။ သူ့တို့ရဲ့ အနုပညာပြကွက်လေးတွေက တကွက်ဆိုတကွက် ဆိုသလောက် လူတွေရဲ့ ရင်ထဲကို ရောက်စေပါတယ်။ ခေတ်အလိုက် ကာတွန်းတွေကိုကြည့်ရင် အဲ့ဒီခေတ်ရဲ့ ဘဝကို သိနိုင်ပါတယ်။
အခုကာတွန်းလေးကို ကြည့်ပြီး ရင်ထဲမှာ စိတ်မကောင်းဖြစ်ရပါတယ်။ ရောဂါတခုဖြစ်လာရင် ရောဂါခံစားရသူကော၊ မိသားစုမှာပါ သောကပေါင်းများစွာကို ရင်ဆိုင်ရတာပါ။ အထူးသဖြင့် ဆေးကုသစရိတ်ကို အဓိကပူပန်ရပါတယ်။ တချို့ရောဂါတွေက ကုသနိုင်ရဲ့သားနဲ့ ပိုက်ဆံမရှိလို့ လက်လွတ်လိုက်ရတာတွေ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါ။ တချို့ကြတော့လည်း ရောဂါပျောက်သွားသလို ပိုင်ဆိုင်မှုတွေလည်း ပျောက်သွားကြပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းမှာ အာမခံဆိုတာ အဆန်းတကြယ် မဟုတ်သလို လူတိုင်းနီးပါးမှာလည်း အနည်းဆုံး ကျန်းမာရေးအာမခံ ရှိကြပါတယ်။ ကျန်းမာရေးအာမခံ မရှိလို့ကတော့ ဆေးရုံဆေးခန်းသွားဖို့ မစဥ်းစားနဲ့ ဆိုသလိုပါပဲ။
အခုဆိုရင် မြန်မာနိုင်ငံမှာလည်း အာမခံအမျိုးအစား တော်တော်များများ ရရှိနေပါပြီ။ မိတ်ဆွေတွေအားလုံးကို တိုက်တွန်းချင်တာကတော့ ကျန်းမာရေးအာမခံကို မိသားစုဝင်အားလုံးအတွက် ဝယ်ယူထားစေချင်တာပါပဲ။ မြန်မာပြည်မှာ ကျန်းမာရေးအာမခံဟာ လူတိုင်းနီးပါးလက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ပါတယ်။ ဒါကိုတောင် မဝယ်ယူထားရင်တော့ ဆေးရုံရောက်မှ နောင်တရနေပါမယ်။ အခုဆိုရင် ကိုဗစ်ရောဂါအတွက် အပိုဆောင်း အထောက်အပံ့တောင်ရနေလို့ ပိုပြီးဝယ်ယူထားသင့်တာပါပဲ။
ဘယ်မှာဘယ်လို ဝယ်ရမှန်းမသိရင်တော့ ကျွန်တော့်ကိုသာ ဆက်သွယ်လိုက်ပါ။ အစအဆုံး ကူညီဆောင်ရွက်ပေးပါမယ်ခင်ဗျာ။
(ကာတွန်းဆရာကို ခရက်ဒစ်ပေးပါတယ်)
Credit PraveenHariPradhanVictor
Click here to claim your Sponsored Listing.
Category
Website
Address
Taunggyi