DGHub
Development Guidance
04/07/2023
ကွန်ပျူတာတွေ စတင်ထုတ်တဲ့ချိန်
တစ်လုံးနဲ့တစ်လုံး ဆက်သွယ်နိုင်ဖို့
နည်းလမ်းရှာရင်းကနေ
http လို့ခေါ်တဲ့
Hyper Text Transfer Protocol ကို
အသုံးပြုပြီး အချက်အလက်တွေ
မျှဝေဖို့သုံးခဲ့ကြတာဖြစ်ပါတယ်။
ဥပမာ -
ခုမြင်နေရတဲ့ Website တွေက
တစ်ခြားကွန်ပျူတာကနေ
Run ထားတာပါ။
အဲ့တာကိုမြင်ရဖို့ http ကိုသုံးပြီးတော့
ဆက်သွယ်ရတာပါ။
ဒါကြောင့် Link ရှေ့စာလုံးမှာ
http မဟုတ်ရင် https ပါနေတာပါ။
ဒီလိုသုံးစွဲမျှဝေလာတဲ့အခါမှာ
ကြားကနေပြီး မသိစေချင်တဲ့
အချက်အလက်တွေကို အလွယ်တကူ
ခိုးယူတာတွေရှိလာပါတယ်။
ဒီလိုဖြစ်လာတဲ့အခါဘယ်လိုမျိုး
ခိုးယူမရအောင်လုပ်ရမလဲဆိုပြီး
တွေးရင်းက Data တွေကို Encrypt လုပ်ပြီး
မျှဝေဖို့တွေးမိခဲ့ကြပါတယ်။
Encrypt လုပ်တယ်ဆိုတာက
ဥပမာ - Hello ဆိုတံ့စာကြောင်းကို
Dhdjdksksndhhskslxbjdoembd===
အဲ့လိုစာအဖြစ်နဲ့ဖတ်မရအောင်
ပြောင်းပြစ်လိုက်တာပါ။
အဲ့လိုဖတ်မရတဲ့စာကိုမှ SSL Certificate
ထပ်ထည့်လိုက်တော့ ကြားကခိုးယူလို့
ရရင်တောင် ဘာမှန်းမသိတော့တဲ့အတွက်
လုံခြုံမှု ပိုအားကောင်းသွားတာပါ။
အဲ့လို ပိုအားကောင်းတဲ့
SSL ထည့်သွင်းလိုက်တာကို
https (HyperText Transfer Protocol Secure)
လို့ခေါ်တာပါ။
ဒါကြောင့် အရေးမကြီးလွန်းတဲ့
အရာတွေအတွက်က
http နဲ့တင်အဆင်ပြေပါတယ်။
25/12/2022
Bug Bounty ဆိုတာဘာလဲ?
ကျွန်တော်တို့ Website တစ်ခုရေးလိုက်တယ်။
ကျွန်တော်တို့ Website ကလုံခြုံရဲ့လား။
Bug တွေလုံးဝမရှိတော့တာသေချာလား။
ဘာတွေလိုနေသေးလဲ။
ဘာထပ်ဖြည့်ရမလဲ။
စသည်ဖြင့် သေးသေးလေးကအစ
အလွဲမှားမရှိချင်တဲ့အတွက်ကြောင့်
Bug Bounty ဆိုတဲ့စနစ်ကိုဖန်တီးခဲ့တာဖြစ်ပါတယ်။
ဥပမာ -
မင်းက ငါ့ Website ကိုကြိုက်သလောက်မွှေ
မင်းမှာဘာအရည်ချင်းရှိတာကြနေတာပဲ
Hacker ကြီးဆိုတာတွေလည်းလာ
ကြိုက်သလိုတိုက်ခိုက်
ကြိုက်သလို Bug တွေဖြစ်အောင်လုပ်
ကြိုက်သလိုရှာ ကြိုက်သလိုကလိ
အဲ့မှာ Bug လေးဖြစ်ဖြစ် Error လေးဖြစ်ဖြစ်
အားနည်းချက်တစ်ခု မင်းရှာတွေ့တာနဲ့
မင်းကငါ့နားကိုလာပြီးပြောပြ မင်းကိုဆုကြေးငွေ
ပေးမယ်ဆိုတာမျိုးပါ။
အဲ့တော့ မွှေခိုင်းတာက
တစ်ယောက်ထဲမဟုတ်ဘူးနော်
ရှိသမျှဘယ်သူမဆို လာပြီးတော့
မွှေခွင့်ရှိတယ်။
အရင်ရှာတွေ့တဲ့သူက ဆုကြေးရမယ်။
တစ်ချို့ Website ဆိုတွေဆိုရင်
အခကြေးငွေနဲ့
ကိုယ့်ရဲ့ Website link ကိုထည့်ယုံနဲ့
ဘာအားနည်းချက်ရှိလည်းပါ
ရှာပေးတဲ့စနစ်တွေပါ
ဖန်တီးထားကြပါသေးတယ်။
ဒီလောက်ဆိုသိလောက်ပြီထင်ပါတယ်။
Page လေးကို Follow လုပ်ပြီး
အားပေးနိုင်ပါတယ်ဗျ။
Like and Share ပြီး
Support လုပ်ပေးနိုင်ပါတယ်ဗျ။
21/12/2022
API & REST API ဆိုတာဘာလဲ။
ဘာကြောင့် REST သုံးကြတာလဲ။
သူအရှည်ကောက်ကတော့
API - Application Programming Interface
REST - Representational state transfer
အရင်ဆုံး JSON အကြောင်းသွားဖတ်ပေးပါ။
https://m.facebook.com/story.php?story_fbid=494792736086130&id=100066662222457&mibextid=Nif5oz
API ဆိုတာကတော့....
အဲ့ JSON Data ကို
Website ကနေကျန်တဲ့နေရာမှာသုံးဖို့
လုပ်ပေးတဲ့စနစ်ကိုခေါ်တာပါ။
REST API ဆိုတာကကော
Developer က API ထုတ်ထားပေးရင်
API က Data ကိုမြင်ရတာပဲရှိတာပါ။
REST API ကတော့
GET - ဒေတာတွေမြင်ရအောင်လှမ်းတောင်းတာပါ။
POST - ဒေတာကို သိမ်းဖို့လှမ်းပို့လိုက်တာပါ။
PUT - ဒေတာကို edit ပြန်လုပ်ဖို့ပါ။
DELETE - ဒေတာကို ဖျက်ပြစ်ဖို့ပါ။
စသည်ဖြင့် DATA ကိုလှမ်းပြီး
ပြုပြင်ပြောင်းလဲဖို့ကြားကနေသယ်ဆောင်ပေးလာတာပါ။
သိထားရမှာက -
သူကဖျက်ပြစ်တာကိုသုံးထားပေမယ့်
သူကတစ်ကယ်ဖျက်တာမဟုတ်ဘူးနော်
ဘာကိုဖျက်ချင်တာလဲရဲ့ Data ရဲ့
အချက်အလက် ကို
သယ်ဆောင်ပေးယုံပဲရှိတာ
Website ရောက်မှဘာကိုဖျက်မယ်ဆိုတာ
ပြန်လုပ်ရဝာာပါ။
သူက Data သယ်ဆောင်ပေးယုံ
လှမ်းပို့ပေးယုံသက်သက်သာဖြစ်ပါတယ်....
Client လို့ခေါ်နေတာကတော့
API အသုံးပြုသူတွေက Data ရဖို့
လှမ်းခေါ်သုံးရတာပါ။
အဲ့လိုလှမ်းခေါ်သူကို Client တွေလို့ခေါ်တာမျိုးပါ။
ဒီလောက်ဆိုရင်တော့ နားလည်မယ်လို့ထင်ပါတယ်။
ဒီလိုအကြောင်းအရာမျိုးတွေကို မလွတ်တမ်း ဆက်လက် ဖတ်ရှုနိုင်ဖို့ Page ကိုလည်း Like and Follow လေး လုပ်ထားပေးပါဦးဗျာ 🥰
အခုလို အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် 🥰
ဘေးကင်းသာယာသောနေ့လေး ဖြစ်ပါစေဗျာ....
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Taunggyi