May May Ni

May May Ni

Share

လူသားဆိုတာ မုဆိုးလုပ်မလား သားကောင်လုပ်မလား နှစ်ခုထဲကတစ်ခုကို ရွေးချယ်ခွင့်ရှိတဲ့ တစ်ခုတည်းသောသက်ရှိ

Photos from May May Ni's post 21/10/2024

သတိုးမင်းဖျားရဲ့ ဘယကျော်သူကိုသုတ်သင်ပုံကို ဆရာချစ်ဦးညိုက ရွှေတိုက်ဝန်မှာ လင်္ကာမြောက်အောင်ရေးထားခဲ့တယ်။ ဘယကျော်သူဟာ ပွဲတော်တည်နေတဲ့အချိန် မြင်းခွာသံအကျယ်ကြီးကြားလိုက်ရတော့ အံ့ဩပြီးထကြည့်ချိန်မှာ လှံတစ်စင်းဟာ ပျံဝင်လာပြီး ဘယကျော်သူကိုပါဆွဲချိတ်သွားပြီး နံရံမှာချိတ်ပြီး အဆုံးသတ်သွားစေတယ်။ သတိုးမင်းဖျားကိုယ်တိုင် ဘယကျော်သူရဲ့ကိုယ်ကို နံရံကနေဖြုတ်ပြီး ပက်လက်လှန်ချထားလိုက်တယ်။ "စောဥမ္မာ မောင်တော့်ကိုပွဲတော်ပြင်ပေး"လို့ အမိန့်ပေးလိုက်တယ်။ (မိဖုရားကို ဘယ်သွားသွားခေါ်သွားတယ်ထင်တယ်။ မိဖုရားကလှတာရော သူကလဲ၁၉နှစ်ပဲရှိသေးတာရောကြောင့် နေပါလိမ့်မယ်) စောဥမ္မာကကြောက်ပြီးတုန်ရင်း အစ်ကိုရင်းဖြစ်တဲ့ တရဖျားစွာစော်ကဲနားရပ်နေတယ်။ "စောဥမ္မာ ပွဲတော်ပြင်ပေးလို့ပြောနေတယ်"လို့ မိုးခြိမ်းသံကိုအသံနဲ့ပြောမှ အသိဝင်ပြီး ပြင်ပေးတဲ့ပွဲတော်အုပ်ကိုယူပြီး ဘယကျော်သူရဲ့ အသက်မဲ့နေတဲ့ရင်အုပ်ပေါ်တင်တယ်။ သူက အဲ့ဒီde@d bodyကြီးကို ခွထိုင်ပြီး အဲ့ဒါကြီးကို စားပွဲခုံလိုသဘောထားပြီး ပွဲတော်တည်တာ။ နောက်ရန်သူတွေကိုလဲ သတ္တိရှိရင် အင်းဝကိုလာထိလိုက်စမ်းလို့ စိမ်ခေါ်လိုက်တဲ့သဘောပဲ။ ကြမ်းထော်နေတာမှ တအားနော်။
ခုတော့ ခွန်မင်းဆက်ရေးတဲ့ အင်းဝ-ပဲခူးနှစ်လေးဆယ်စစ်ကိုဖတ်နေတာ။ အရင်ကဖတ်ဖူးတာတွေနဲ့ ဆွဲချိတ်တွေးနေမိတာ။

#မေမေနီ

Photos from May May Ni's post 25/06/2024

အိဒ်နေ့ကစပြီး လေးရက်...
တုပ်ကွေးမိတာ။ အဲ့ဒီမှာမှ အဆိုးဆုံးက လည်ပင်းနာတာ။ ပဌာန်းကို အသံထွက်ပြီးကို ရွတ်မနိုင်တာလေ။ စိတ်တွေညစ်လိုက်တာ။ ဟော လည်ပင်းနာတာသက်သာတော့လဲ ပိုးသတ်ဆေးအရှိန်နဲ့ ရင်ဘတ်ရောဗိုက်ရောအောင့် ကြာကြာမရွတ်နိုင်ဘဲ မောတာ။ တစ်ရက်ဆယ်မျက်နှာတောင်အနိုင်နိုင်...
ခုတော့ ‌fully recoverမဖြစ်သေးပေမယ့် တော်တော်လေးကို ပြန်ကောင်းလာပြီ။ မနေ့ကဆို စာမျက်နှာသုံးဆယ်ရွတ်နိုင်တယ်။ ဒီနေ့ငါးဆယ်ရတယ်။
ကိုယ့်နားကပ်ပြီး ပြုစုပေးနေတဲ့အမျိုးသားကတောင် ပြောယူရတယ်။ ဒီလောက်နေမကောင်းတာ တစ်ရက်တစ်လေ နားလိုက်ပါလားကွယ် နောက်မှပြန်ရွတ်ပေါ့တဲ့။
နောက်မှ နောက်မှနဲ့ ပြန်မစဖြစ်တာတွေ ဆက်မလုပ်ဖြစ်တာတွေအများကြီးပဲ။ ဒီတော့ အဆက်မပြတ်ချင်တဲ့စိတ်တစ်ခုပါတယ်။
နောက်တစ်ခုက ပဌာန်းကျမ်းရဲ့အေးမြမှု....
ပဌာန်းကျမ်းရယ် မဟာသမယ၇သုတ်ရယ် မဟာအာဋာနာဋိယသုတ်ရယ် ဒီသုံးခုကို အမြဲရွတ်ဖြစ်တယ်။ ဝစ်လှည့်စီဖြစ်ဖြစ် တပြိုင်တည်းဖြစ်ဖြစ် ရွတ်ဖတ်ပူဇော်ဖြစ်တယ်။
ပဌာန်းကျမ်းရွတ်ရင် စိတ်ထဲအေးမြပြီး သိပ်နေလို့ကောင်းတယ်။ မဟာသမယသုတ်၇သုတ်ရွတ်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအရမ်းရှိတယ်။ မဟာအာဋာနာဋိယသုတ်ကိုကျတော့ သုတ္တန်ထဲပါတဲ့ ပါဠိစာတွေရဲ့အဓိပ္ပါယ်နဲ့ သံနေသံထားကို သဘောကျလို့ ရွတ်တယ်။
ဘယ်သူတွေ ဘယ်လိုပြောပြော ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ စိတ်တွေရှုပ် စိတ်ပင်ပန်းနေရင် ဘုရားခန်းထဲဝင် အမွှေးနံ့သာပူဇော်ပြီး ဒီသုံးခုက တစ်ခုခုကိုဖြစ်ဖြစ် အားလုံးကိုဖြစ်ဖြစ် တစ်နာရီလောက်ကြာအောင်ရွတ်လိုက်ရင် rebootလုပ်လိုက်သလိုပဲ။ လန်းဆန်းသွားတာ။
အဓိဌာန် = ဆောက်တည်ခြင်း။ စိတ်၌ခိုင်မြဲစွာတည်စေခြင်းတဲ့။
သာသနာအပေါ်မှာ ယုံမှားသံသယစိတ်တွေပျောက်တဲ့အထိ မြတ်ဗုဒ္ဓရဲ့ ဓမ္မတွေကို လေ့လာနိုင်ခဲ့ပြီး လိုက်နာကျင့်သုံးနိုင်ခဲ့လို့လဲ ကိုယ့်ကိုယ်ကိုဂုဏ်ယူမိတယ်။ အသက်အရွယ်က ၃၃နှစ်ထဲဝင်လာလို့ ဘာသာရေးဘက်ရောက်တာမဟုတ်ဘူး။ ယုံကြည်စိတ်ဆိုတဲ့ သဒ္ဓါတရားကို မပျောက်အောင်လို့ ငယ်ငယ်ထဲကထိန်းသိမ်းခဲ့တာ။

#မေမေနီ

Want your public figure to be the top-listed Public Figure in Thabeikkyin?
Click here to claim your Sponsored Listing.

Category

Website

Address


Thabeikkyin