Nan Kyarpann
မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထား...။
06/06/2026
"အမေရိကန်နိုင်ငံ,နယူးယောက်ပြည်နယ်မှာ ဍရင်ကောက်ပင် ခူးသူများ အရေးယူခံရ"
အမေရိကန်နိုင်ငံ၊ New York ပြည်နယ် Jefferson County မှာ လူ သုံးယောက်ကို သဘာဝပတ်ဝန်းကျင်ကာကွယ်ထားတဲ့ fiddlehead fern (ဍရင်ကောက်)အပင်တွေကို တရားမဝင် ခူးယူမှုနဲ့ အရေးယူခံရပါတယ်။
Ellisburg မြို့နယ် South Sandy Creek နားမှာ လူ ၃ ယောက်ကို DEC (Department of Environmental Conservation) အရာရှိတွေက တွေ့ရှိခဲ့တာပါ။
သူတို့ဟာ “Ostrich fern” လို့ခေါ်တဲ့ ကာကွယ်ထားသော အပင်မျိုးကနေ ဍရင်ကောက်ပင် ခန့်မှန်းအားဖြင့် ၁၀,၀၀၀ လောက်ကို ခူးယူထားတယ်လို့ ဆိုပါတယ်။
အမေရိကားမှာ ဘာပဲလုပ်လုပ် သူတို့သတ်မှတ်ထားတဲ့ဥပဒေလိုက်နာဖို့လိုပါတယ်။
(၁)ငါးဖမ်းဖို့ ငါးဖမ်းလိုင်စင်လုပ်ရသလို/သူတို့
သတ်မှတ်ထားတဲ့ ငါးကိုပဲဖမ်းရပါတယ်။
(၂)အမဲလိုက်ချင်ရင် အမဲလိုက်လိုင်စင်လိုသလို
သူတို့ အမဲလိုက်ခွင့်သတ်မှတ်ထားတဲ့ကာလမှာပဲ
အမဲလိုက်ခွင့်ရှိပါတယ်။
ဥပမာ သမင်ဆိုရင် စက်တင်ဘာ-ဒီဇင်ဘာကြားပဲ လိုက်ခွင့်ရှိပါတယ်။အခုချိန် ဇွန်လက သမင်တွေ ကိုယ်ဝန်ဆောင်နောက်ဆုံးကာလနဲ့ မွေးဖွားချိန်မို့ အမဲလိုက်ခွင့်မရှိပါဘူး။
တောထဲမှာ အရွက်တိုင်း/အပင်တိုင်း ခူးလို့မရတာက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို
ထိခိုက်စေသလို/"မကျူးကျော်ရနယ်မြေတွေဖြစ်လို့ /ပိုင်ရှင်တွေက မကြိုက်လို့ ဖြစ်ပါတယ်။ဒါကြောင့် ဟင်းရွက်ခူးချင်ရင် ပိုင်ဆိုင်သူရှိမရှိ/ဆိုင်းဘုတ်ကပ်ထားမထား စစ်ဆေးဖို့လိုပါတယ်။အခုဆိုရင်"ဟင်းရွက်များ မခူးရ"ဆိုပြီး အရွက်ပုံပါ ဆွဲထားကြပါတယ်။အမေရိကန်လူမျိုးတွေက သရက်သီးဆိုရင် အပင်ပေါ်က မှည့်ပြီး အောက်ကိုကြွေကျ သွားတဲ့သရက်သီးတွေကို မစားပါဘူး။အဲဒီ
အခါ အိမ်နီးချင်း/တစ်လမ်းတည်းနေ မြန်မာလူမျိုးတွေက ခွင့်တောင်းပြီး မနက်တိုင်း သွားကောက်ကြပါတယ်။တချို့ အမေရိကန်တွေကတော့ လာကောက်
ကြမှာစိုးလို့ "Private property,No Trespassing "
ဆိုတဲ့ ဆိုင်းဘုတ်တပ်ထားကြပါတယ်။
အခု ဍရင်ကောက်ပင်ခူးလို့ အရေးယူခံရတဲ့လူသုံးဦးကိုတော့ ဘယ်နိုင်ငံ/လူမျိုးပြောမထားပါဘူး။ဒါပေမယ့် ကျွန်မတို့ ရွှေမြန်မာ တိုင်းရင်းသားတွေအတွက် သတိထားစရာဖြစ်ပါတယ်။တောထဲမှာ အမေရိကန်ချဉ်ပေါင်ခူးရင်း/ဟင်းရွက်ခူးရင်း
live လွှင့်သူများရောပေါ့။ကျွန်မတို့ Company မှာ
ကယား/ကရင်တိုင်းရင်းသားတွေ များတာမို့ သူတို့
ကို ဒီသတင်းပြောပြရင်း သတိပေးရပါတယ်။
အမေရိကားမှာ ဘာမှ မဖြစ်သရွေ့လုပ်ချင်တာ လုပ်လို့ရပါတယ်။အရက်မူးပြီး ကား မောင်းချင်မောင်း/လမ်းဘေးက ဘဲတွေသတ်ချင်သတ်။လိုင်စင်မရှိဘဲ ငါးမျှားချင် မျှား/အမဲပစ် ချင် ပစ်။ဖြစ်လာရင်တော့ "အီစိမ့်အောင်"ခံရမှာ ဖြစ်ပြီး။ကံဆိုးပြီးအမှုကြီးရင်တော့ လက်ရှိ အစိုးရလက်ထက်မှာမြန်မာပြည် ပို့ခံရဖို့ အလားအလာရှိပါတယ်နော်။
(ဒီအပင်က Vulnerable protected plants(မျိုးတုံးပျောက်ကွယ်ဖို့လွယ်ကူ၍ ဥပဒေက အကာအကွယ်ပေးထားသောအပင်မျိုးနွယ်စုများ)ဖြစ်လို့ပါနော်။)
ညနေမိုး(ကလေး)
&USA
Crd
#ပြန်လည်ကူးယူသည်
31/05/2026
ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးကျေးရွာ
ဖၠုံပညာ့တ်ုဝါန့် လောကီလောကုတ္တရာပညာ
သင်ကြားရေးဌာန နာယကချုပ် ဆရာတော်
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ဒေါက်တာ ဘဒ္ဒန္တ ပညာသာမိ(တောမှီရဟန်း) ၏
ထေရုပ္ပတ္တိအကျဉ်း
🔔🔔🔔🔔🔔🔔🔔🔔🔔
မွေးသက္ကရာဇ်💡
မြန်မာကောဇာသက္ကရာဇ် ၁၃၂၂ခု၊ ဝါဆိုလပြည့်ကျော် (၇)ရက်၊ ကြာသာပတေးနေ့ ညနေ (၅:၁၅)နာရီ။
မွေးရာဇာတိ💡ဘားအံမြို .နယ်၊ လှာကမြင်ကျေးရွာ။
ငယ်အမည်💡ဖိုးသူ (ခ) မြိုင်အေးတင်။
ခမည်းတော်အမည်💡ဦးအောင်ခင်။
မယ်တော်အမည်💡နန်းစိန်လှခင်(သခင်မကြီး)
မောင်နှမ လေးယောက်အနက် အထွေးဆုံးသား။
ရှင်ပြုခြင်း
🔔🔔🔔🔔
၁၃၂၉ခုနှစ် တပေါင်းလပြည့်ကျော် (၇)ရက်၊(၁၄-၁-၁၉၆၈)ကြာသာပတေးနေ့တွင် လှာကမြင်ကျောင်း ဆရာတော် ဦးသူရိယကို
ဥပဇ္စျယ်ပြု၍ မိဘဘိုးဘွား ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေပြုသည်။
ရဟန်းပြုခြင်း
🔔🔔🔔🔔🔔
၁၃၄၂ခုနှစ် တပေါင်းလပြည့်ကျော် (၁)ရက်၊(၂၁-၃-၁၉၈၁)စနေနေ့ညနေ(၄:၅၅)နာရီ အချိန်၊
ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက် ဓမ္မပီယကျောင်း၊
မဟာဝိဇယရံသီသိမ်တော်ကြီးတွင် မိဘနှစ်ပါး၏
ပစ္စယာနုဂ္ဂဟဖြင့် ဘား အံမြို့၊ ရွှေဘိုကျောင်းဆရာတော်
ဦးသုဇာတကို ဥပဇ္စျယ်ပြု၍ ရဟန်းဖြစ်တော်မူသည်။
ပရိယတ္တိပညာ သင်ယူလေ့လာခြင်း
🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔
အခြေခံပညာအထက်တန်းစာမေးပွဲ၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော အဘိဓမ္မာစာမေးပွဲ(ပ၊ဒု၊တ)ဆင့်။
ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း။
မော်လမြိုင် သုသမာစာရစာမေးပွဲ (အကြီးတန်း)။
သဒ္ဓမ္မပါလစာမေးပွဲ (ပ၊ဒု၊တ)ဆင့်။
သထုံမြို့ ပိဋကတ္တယ ပါရဂူ စာမေးပွဲ မဟာဝေယျာကရဏိကတန်း။
ဘာသာခြားကိုးကွယ်မှုဆိုင်ရာ စာမေးပွဲများ။
၁၉၈၉မှ ၁၉၉၀အထိ၊ အိန္ဒိယနိုင်ငံ၊ သင်္သကရိုက်(ဆန်စ်ကရစ်)တက္ကသိုလ်၊ ဗာရာဏသီတက္ကသိုလ်နှင့် နာ
လန္ဒာတက္ကသိုလ်တို့တွင် ရာဇာဂီရိဆရာတော် ဒေါက်တာဇာဂရ ထံ၌ သက္ကဋဘာသာအလွတ်တန်း၊ ပါဠိဘာသာအလွတ်တန်းကို လေ့လာသင်ယူခဲ့သည်။
စာပေပရိယတ္တိ ပြန်လည်ပို့ချတော်မူခြင်း။
ဇာတိရွာ လှာကမြင်ကျောင်း။
မော်လမြိုင်မြို့ မြောက်ကွင်းကျောင်း။
ဘားအံမြို့ ရတနာသိင်္ဂီကျောင်း။
တောင်ကလေးရွာ တောင်ကလေး ပရိယတ္တိစာသင်တိုက်။
ဘာသာရေး သာသနာရေး ဆောင်ရွက်ချက်များ
🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔
၁၉၈၇ခုနှစ် မှစ၍ ဇာတိလှကမြင်ရွာအရှေ့ဘက် တမိုင်အကွာ၌တည်ရှိသော ဘားအံ-လှိုင်းဘွဲ့ ကားလမ်းမအရှေ့ဘက် ဒေးမယ် စော့(ခေါ်) ထမင်းဆုပ်တောင်ကုန်း၌ ချုံနွယ်ပိတ်ပေါင်းရှင်း၍ စေတီဟောင်းတဆူကိုအသစ်ပြုပြင်ကာ မြရတနာစေတီဟု ဘွဲ့တော် ပေးတော်မူသည်။
တောင်ပတ်၀န်းကျင် မြေဧက(၃၁.၁၁)ကို သာသနာ့မြေအဖြစ်သတ်မှတ်ပြီး တောင်ကလေး ပရိယတ္တိစာသင်တိုက်၊ တောင်ကလေး ပရိယတ္တိအေးရိပ်သာ၊ လောကီလောကုတ္တရာ ပညာသင်ကြားရေးဌာန၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း။
၁၉၈၈ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ ကရင်ပြည်နယ်ဒေသ အစွန်အဖျား၌ စေတီဟောင်းအဆူ (၂၀)ကို ပြုပြင်
ထီးတင်တော်မူသည်။
သာသနာဖွံ့ဖြိုးမှုမရှိသေးသောဒေသ၌ လမ်းဖောက်ခြင်း၊ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းတည်ထောင်
ခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၅)ကျောင်း တည်ထောင်ခြင်း၊ ယင်းကျောင်းများအား အခါအား
လျှော်စွာ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ခြင်း၊ တော်မှီရဟန်း ကလောင်အမည်ဖြင့် ကျမ်းစာအုပ်ပေါင်း (၆၀)ကျော်ရေးသားခြင်း။
၁၉၈၆ခုနှစ်မှစ၍ မျက်မှောက်အချိန်အထိ မြရတနာစေတီ၏ ရင်ပြင်တော်၌ နှစ်စဉ်အခါကြီးရက်ကြီးများတွင် အနုသာသနီဝိပဿ နာနည်းဖြင့် (၁၀)ရက် တရားစခန်းဖွင့်၍ တရားပြတော်မူခြင်း၊ စသည့်သာသနာပြုလုပ်ငန်း
များကို ဆောင်ရွက်တော်မူသည်။
လေ့လာရေးခရီးကြွတော်မူခြင်း
🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔
၁၉၉၄ ခုနှစ်တွင် အိန္ဒိယ၊ နီပေါ၊ သိရိလင်္ကာနိုင်ငံ။
၁၉၉၇ ခုနှစ်တွင် ထိုင်း၊ စင်္ကာပူနိုင်ငံ။
၁၉၉၈ ခုနှစ်တွင် ဂျပန်နိုင်ငံ။
၂၀၀၉ ခုနှစ်တွင် သြစတြေးလျနိုင်ငံ။
ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရခြင်း
🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔
နိုင်ငံတော်အစိုးရ အမိန့်တော်ကြေငြာစာအမှတ် (၄၆-၉၁)အရ ၁၃၅၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်၊(၂၀-၁၁-၁၉၉၁) (ဗုဒ္ဓဟူးနေ့) သဒ္ဓမ္မဇောတိကဘွဲ့၊ ဂျပန်နိုင်ငံမှချီးမြှင့်သော ဗုဒ္ဓစာပေဆု (၂၀၀၁)။
ယခုအခါ ဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း)သည် “ မဂ်၊ ချမ်းသာ၊ ပိုမိုမြင့်၊ ကဲချင့်၊ တောက်
ထွန်း ” ဟူသောပရအကျိုး ဦးတည်ချက်ဆောင်ပုဒ်ဖြင့် ဝိပဿနာတရားပြတော်မူခြင်း၊ (ပဋိပတ္တိ)တာ၀န်။ ကျမ်းစာများရေးသားပြုစုခြင်း၊ တပည့်ဒါယကာတို့အား စာသင်စာချတရားဓမ္မဟောကြားဆုံးမခြင်း(ပရိ
ယတ္တိ)တာ၀န်များကို ဆောင်ရွက်ဆဲဖြစ်သည်။
လူသားအကျိုးပြု ဖွံ့ဖြိုးရေးဆောင်ရွက်တော်မူခြင်း။
ဆရာတော်အရှင်ပညာသာမိသည် ၁၉၉၄ ခုနှစ်မှစ၍ ကရင်ပြည်နယ်ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးဦးဆောင်နာယကဆရာတော်
တပါးအဖြစ် ဦးဆောင်ပါ၀င်ခဲ့ပြီး Karen Peace Council(KPC)တွင်လည်း
ပါ၀င်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး မိဿဟာရ နာယကဆရာတော်တပါးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။
၂၀၀၁ ခုနှစ်တွင် ကရင် ပညာဖွံ့ဖြိုးတိုးတက်ရေး ယူနစ်အဖွဲ့ Phlon Education Development Unit (PEDU)ကို စတင်ဖွဲ့စည်း တည်ထောင်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ တည်ထောင်ဖွင့်လှစ်
ခြင်း၊ ပညာရေးဖွံ့ဖြိုးရေးလုပ်ငန်းများ ကျန်းမာရေး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စွမ်းစွမ်းတမံ လမ်းညွှန်လုပ်ဆောင်တော်မူခဲ့ပါသည်။
ကျန်းမာရေးကဏ္ဍတွင်လည်း ကြက်ခြေနီအသင်းများ ဖွဲ့စည်းတည်ထောင်ပေးခြင်း၊
ကရင်ပြည်နယ်တွင် ခြေတု လက်တုဆိုင်ရာ
ပြန်လည်သန်စွမ်းရေးဌာန ဖြစ်မြောက်ရေးအတွက် ကမကထပြုခြင်း၊ ကရင်ပြည်နယ်
ကျေးလက်ဒေသများတွင် ကျန်းမာရေးအမြင်ဖွင့် သင်တန်းများ၊ ရှေးဦးသူနာပြုစုနည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများကို ဖွင့်လှစ်စေခြင်းတို့ကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ကရင်ပြည်နယ်မှ ထူးချွန်ကျောင်းသား/သူများကို ပညာသင်စရိတ်ထောက်ပံ့ခြင်း၊ နတ်စေတမန်ပညာဒါနအ
ဖွဲ့ (အိန္ဒု)ကို တည်ထောင်တော်မူပြီး နွမ်းပါးသောကျောင်းသား/သူများကို ပညာဒါနပြုခဲ့ပါသည်။ ကရင်ကျောင်းသားများရိပ်သာ (Karen Student Center)၏ နာယကဆရာတော်အဖြစ်လည်း ဆောင်ရွက်တော်မူခဲ့ပါသည်။
ကရင်ပြည်နယ်သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေရေး သဘာ၀သစ်တောများကို ထိန်းသိမ်းသောအားဖြင့်
ကြာအင်းတောင်အပါအ၀င် သစ်တောဧက ၅၀၀၀ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး၊ သစ်ပင်ပျိုးပင်များ
နှင့် ရာဘာပျိုးပင် တသိန်း စိုက်ပျိုးခဲ့သည်
Crd
တပည့်မှ ပြန်လည်ကူးယူဖော်ပြသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Thaton