Flymya

Flymya

Share

Quick & Easy travel in Myanmar. Book Flights, Buses, Hotels & Balloon with Flymya.com. Website & Mobile App
2.

26/05/2026

ပြည်တွင်း၊ ပြည်ပ ကြိုက်တဲ့ လေယာဉ်လက်မှတ်ဝယ်ယူတာနဲ့ ၁၀,၀၀၀ ကျပ်လျှော့ဈေး ဒါမှမဟုတ် Flymya Tote Bag နဲ့ Calendar ကို လက်ဆောင်ရယူနိုင်တယ်ဆိုတာ သိပြီးပြီလား…?

ဇွန်လ ၁၅ ရက်နေ့အထိ ပေးသွားမဲ့ Flymya ရဲ့ ၁၀,၀၀၀ ကျပ် လျှော့ဈေးက ဘယ်လေယာဉ်ခရီးစဉ်အတွက်မဆို အကျုံးဝင်မှာဖြစ်ပြီး ပထမဆုံးဝယ်ယူတဲ့ အယောက် ၅၀ အတွက်သာ ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်ဝယ်ယူမှုတိုင်းအတွက် ၁၀,၀၀၀ ကျပ်လျှော့ဈေး ဒါမှမဟုတ် Flymya Tote Bag နဲ့ Calendar နှစ်ခုထဲက ကြိုက်နှစ်သက်ရာကို လက်ဆောင်ပေးသွားဦးမှာပါ။

အသုံးပြုသူတစ်ဦးအတွက် တစ်ကြိမ်ခံစားခွင့်ရရှိမှာဖြစ်ပြီး ဝယ်ယူရရှိနိုင်တဲ့ နေရာများအနေနဲ့…
🔹Yangon Head Office
🔹Junction City ဆိုင်ခွဲ
🔹Myanmar Plaza ဆိုင်ခွဲ
🔹Hledan Centre ဆိုင်ခွဲ
🔹မန္တလေးရုံးခွဲ များမှာ ဝယ်ယူရရှိနိုင်မှာပါ။

အယောက် ၅၀ ပဲ ခံစားခွင့်ရရှိမှာဖြစ်လို့…အမြန်ဆုံးရယူနိုင်ဖို့ Flymya ရုံးချုပ်နဲ့ ဆိုင်ခွဲတွေမှာ အခုပဲဝယ်ယူလိုက်တော့နော်…။

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [IOS]
📨 Email: [[email protected]]

Photos from Flymya's post 26/05/2026

ရန်ကုန်နဲ့ မန္တလေးမှာ မဟုတ်နေလို့ Flymya ကနေ လေယာဉ်လက်မှတ်၊ ကားလက်မှတ်ဝယ်ဖို့၊ ဟိုတယ်ဘွတ်ကင် ပြုလုပ်ဖို့ ခက်ခဲနေမလားဆိုပြီး စိတ်ပူနေလား?

တကယ်တော့ စိတ်ပူနေစရာ မလိုပါဘူး။ မြန်မာပြည်အနှံ့ ဘယ်နယ်မြို့၊ ဘယ်ဒေသမှာပဲရှိရှိ... အင်တာနက်ရှိရုံ၊ ဖုန်းတစ်လုံးရှိရုံနဲ့ Flymya App ဒါမှမဟုတ် Website ကနေ မိနစ်ပိုင်းအတွင်း လက်မှတ်တွေနဲ့ ဘွတ်ကင်တွေကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

အပြင်သွားပြီး လက်မှတ်ဖြတ်၊ ဈေးနှုန်းတွေ စုံစမ်းစရာမလိုဘဲ အိမ်ကနေ သက်သောင့်သက်သာနဲ့ ဈေးနှုန်းနှိုင်းယှဉ်ပြီး လက်မှတ်ဖြတ်လိုက်ရုံပဲမို့… လွယ်ကူစွာနဲ့ ခရီးစဉ်တွေကို စီစဉ်နိုင်မှာပါ။

App နဲ့ Website အသုံးပြုဖို့ အဆင်မပြေဖြစ်နေသူများအတွက်လည်း Flymya page Messenger မှာ ဆက်သွယ်စုံစမ်းနိုင်သလို၊ Hotline ဖုန်းနံပါတ် [ +95 9 880 441 011 ] ကို ဆက်သွယ်လိုက်ရုံနဲ့ Flymya က ၂၄ နာရီ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးသွားမှာပါ။

နယ်က ခရီးသွားမိဘပြည်သူတွေအတွက် Flymya မှာ လက်မှတ်အလွယ်တကူ ဖြတ်နိုင်မဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်…။

၁။ ခရီးစဉ်နှင့် ဟိုတယ် ရှာဖွေပါ
🔍 Flymya App (သို့မဟုတ်) www.flymya.com သို့ ဝင်ပါ။
မိမိသွားချင်တဲ့ "ထွက်ခွာမဲ့မြို့" နဲ့ "ရောက်ရှိမဲ့မြို့" ကို ရွေးချယ်ပါ။
သွားမဲ့ရက်စွဲကို ရွေးပြီး ရှာဖွေလိုက်တာနဲ့ ရရှိနိုင်မဲ့ လေယာဉ်လိုင်း၊ အဝေးပြေးကားလိုင်းတွေရဲ့ အချိန်ဇယားနဲ့ ဈေးနှုန်းတွေအပြင် တည်းခိုမဲ့ ဟိုတယ်တွေကိုပါ တစ်နေရာတည်းမှာ နှိုင်းယှဉ်ဖော်ပြပေးသွားမှာပါ။

၂။ ခရီးသည်အချက်အလက် ဖြည့်စွက်ပါ
📝 မိမိနှစ်သက်တဲ့ အချိန်နဲ့ ခရီးစဉ်ကို ရွေးချယ်ပြီးရင်တော့ ခရီးသွားမဲ့သူရဲ့ နာမည်၊ ဖုန်းနံပါတ်နဲ့ လိုအပ်တဲ့ အချက်အလက်တွေကို သေချာစွာ ဖြည့်စွက်ပေးရပါမယ်။

၃။ နယ်ကနေလည်း အလွယ်တကူ ငွေပေးချေပါ
📱 အားလုံးပြီးရင်တော့ ငွေပေးချေဖို့အတွက် ရန်ကုန်၊ မန်းလေးမှာ ရှိနေဖို့ မလိုပါဘူး။
နယ်မြို့တွေမှာ အသုံးများတဲ့ KBZPay, WavePay, CB Pay, AYA Pay စတဲ့ Payment တွေနဲ့ Mobile Banking တွေအပြင် Visa, MasterCard တို့နဲ့ပါ အိမ်ကမထွက်ဘဲ စက္ကန့်ပိုင်းအတွင်း ငွေပေးချေမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ပါတယ်။

💸 ငွေချေပြီးရင် လက်မှတ်က ဘယ်လိုရမှာလဲ?
ငွေပေးချေမှု အောင်မြင်တာနဲ့ ကိုယ်ဖြည့်ခဲ့တဲ့ ဖုန်းနံပါတ် (သို့မဟုတ်) Email ထဲကို E-Ticket (Electronic Ticket) ချက်ချင်း ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ကားဂိတ် ဒါမှမဟုတ် လေဆိပ်ရောက်တဲ့အခါ အဲဒီ E-Ticket လေးကို ဖုန်းထဲကနေ ပြရုံနဲ့ ခရီးစဉ်ကို စိတ်အေးချမ်းသာစွာ တက်ရောက်စီးနင်းနိုင်ပါပြီ။ ရုံးခန်းတွေ၊ ဂိတ်တွေကို သွားပြီး လက်မှတ်စာရွက် ယူနေစရာ လုံးဝမလိုပါဘူးနော်။ ကားဂိတ်မှာ ကားလက်မှတ်ဖြတ်ရခက်တဲ့ နယ်မြို့တွေအတွက်တော့ တကယ့်ကို အဆင်ပြေစေမှာပါ။

"ဘယ်မြို့မှာပဲရှိရှိ၊ ဘယ်ဒေသကပဲဖြစ်ဖြစ် ခရီးသွားဖို့ Flymya ရှိတယ်ဆိုတာ မမေ့နဲ့နော်…"

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [IOS]
📨 Email: [[email protected]]

Photos from Flymya's post 25/05/2026

Eid ရုံးပိတ်ရက်မှာ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ မိတ်ဆွေတို့အတွက် Flymya ကနေ "Eid Holiday Flash Sale" အစီအစဉ်ကို တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ (၃ ရက်တာ သီးသန့်) ပြုလုပ်ပေးသွားတော့မှာပါ။

ခရီးစဉ်တစ်ခုလုံးအတွက် လိုအပ်တဲ့ လေယာဉ်လက်မှတ်၊ ဟိုတယ် တည်းခိုခန်းကအစ ခရီးသွားအသုံးအဆောင်တွေအဆုံး တစ်နေရာတည်းမှာ တပြိုင်နက်တည်း လျှော့ဈေးတွေ အပြတ်အသတ် ရယူနိုင်မဲ့ အခွင့်အရေးကြီးမှာ...

✈️ လေယာဉ်လက်မှတ်ဝယ်ယူမှုတိုင်းအတွက် ၂၀,၀၀၀ ကျပ် တိတိ လျှော့ဈေး
🏨 ဟိုတယ်ဘွတ်ကင်လုပ်တိုင်းအတွက် ၂၀,၀၀၀ ကျပ် တိတိ လျှော့ဈေး
🛡️ ခရီးသွားအာမခံဝန်ဆောင်မှုအတွက် ၂၀% အထူးလျှော့ဈေး
📶 SIM / Data ဝန်ဆောင်မှုများအတွက် ၂၀% အထူးလျှော့ဈေး
🚙Car Rental နဲ့ Bus Ticket ဝန်ဆောင်မှုများအတွက် ၂၀% အထူးလျှော့ဈေး
📃visa ဝန်ဆောင်မှုနဲ့ Tour Package ဝန်ဆောင်မှုများအတွက် ၂၀% အထူးလျှော့ဈေး
🚙 လေဆိပ်အကြို၊အပို့ နဲ့ VIP Services ဝန်ဆောင်မှုများအတွက် ၂၀% အထူးလျှော့ဈေး တွေကို ဝေဝေဆာဆာပေးအပ်သွားမှာပါ။

မေလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ၃ ရက်တည်းပဲပေးမဲ့ Flash Sale မို့ အမြန်လက်ဦးနိုင်ဖို့ အခုပဲ Flymya မှာ ခရီးစဉ်တွေ စတင် Book လုပ်လိုက်တော့နော်...။

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [IOS]
📨 Email: [[email protected]]

21/05/2026

"ခရီးသွားရတာလည်း ဝါသနာပါတယ်၊ ဒါပေမဲ့ ခရီးသွားတိုင်းအကျိုးခံစားခွင့်ရပြီး ပိုပြီးတန်အောင် သွားချင်တယ်" ဆိုတဲ့ ခရီးသွားချစ်သူတွေအတွက် Flymya မှာ Loyalty Program ရှိနေပြီနော်။

လေယာဉ်လက်မှတ်ပဲဖြတ်ဖြတ်၊ ဟိုတယ်ပဲဘွတ်ကင်လုပ်လုပ် ကိုယ်သုံးလိုက်တဲ့ ငွေတိုင်းက ပွိုင့်တွေအဖြစ် ပြန်ရောက်လာပြီး နောက်တစ်ခေါက် ခရီးစဉ်တွေအတွက် "လျှော့ဈေး" အဖြစ် ပြန်သုံးလို့ရမှာပါ။
ဒီအစီအစဉ်က ဘယ်လိုအလုပ်လုပ်တာလဲ? ပွိုင့်တွေဘယ်လိုစုရမလဲ? ဆိုတာ သိချင်နေကြတဲ့ အချက်အလက်အစုံအလင်ကို တစ်စုတစ်စည်းတည်း ရှင်းပြပေးလိုက်ပါတယ်...။

Q1: Flymya Loyalty Program ဆိုတာ ဘာလဲ? ဘယ်လိုပါဝင်ရမလဲ?
A: Flymya ကနေ ဝန်ဆောင်မှုတွေ ဝယ်ယူသူတိုင်းအတွက် ပွိုင့်တွေပြန်ပေးပြီး လျှော့ဈေးပြန်ရယူနိုင်တဲ့ စနစ်ပါ။ ပါဝင်ဖို့အတွက် သီးသန့် Register လုပ်စရာမလိုဘဲ Flymya Account ရှိရုံ၊ OTP Confirm လုပ်ထားရုံ ဒါမှမဟုတ် ဘွတ်ကင် တစ်ကြိမ်လုပ်ဖူးရုံနဲ့တင် အလိုအလျောက် အဖွဲ့ဝင် ဖြစ်သွားပါပြီ။

Q2: ပွိုင့်တွေက ဘယ်လိုရတာလဲ? သက်တမ်းကုန်မှာလား?
A: ဘွတ်ကင်လုပ်ပြီး ငွေပေးချေမှု အောင်မြင်တိုင်း သုံးစွဲတဲ့ပမာဏပေါ် မူတည်ပြီး ပွိုင့်တွေ ရမှာပါ။ ပွိုင့်တွေဟာ ဘယ်တော့မှ သက်တမ်းမကုန်ပါဘူး။ အကောင့်ရှိနေသရွေ့ အေးဆေးစုထားလို့ ရပါတယ်။

Q3: လျှော့ဈေးကူပွန် တစ်ခုရဖို့ ပွိုင့်ဘယ်လောက် လိုအပ်သလဲ?
A: ကူပွန်အမျိုးအစားပေါ် မူတည်ပြီး လိုအပ်တဲ့ ပွိုင့်တွေကတော့ -
🏨 ဟိုတယ်ကူပွန် - ၃၀ ပွိုင့်
🚌 ဘတ်စ်ကား/ကားငှား - ၆၀ ပွိုင့်
📄 ဗီဇာ/အာမခံ - ၇၅ ပွိုင့်
🌍 ခရီးစဉ်ပက်ကေ့ချ် - ၁၅၀ ပွိုင့်
✈️ လေယာဉ်လက်မှတ် - ၃၀၀ ပွိုင့်

Q4: လဲလှယ်ထားတဲ့ ကူပွန်ကို ဘယ်လိုအသုံးပြုရမလဲ? (Online & Offline)
A: နည်းလမ်း (၂) မျိုးနဲ့ အသုံးပြုနိုင်ပါတယ် -
Online: App (သို့) Website မှာ ဘွတ်ကင်လုပ်တဲ့အခါ ငွေမပေးချေမီ ကူပွန်ကို ရွေးချယ်ထည့်သွင်းပြီး ချက်ချင်းလျှော့ဈေး ယူနိုင်ပါတယ်။
Offline: Flymya Customer Service Team ဆီကို ဆက်သွယ်ပြီး ကိုယ့်မှာရှိတဲ့ ကူပွန်ကို အသုံးပြုချင်ကြောင်း ပြောကြားပြီး ထည့်သွင်းခိုင်းနိုင်ပါတယ် (ကူပွန်ကို ကြိုတင် Claim ထားဖို့တော့ လိုအပ်ပါတယ်)။

Q5: လဲထားတဲ့ ကူပွန်ကရော သက်တမ်းရှိလား? တခြား Promo Code နဲ့ တွဲသုံးလို့ရလား?
A: လဲလှယ်ထားတဲ့ ကူပွန်တွေကတော့ (၆) လအတွင်း သုံးရမှာပါ။ Special အချက်ကတော့ Loyalty ကူပွန်ကို တခြား Marketing Promo Code တွေနဲ့ပါ တွဲသုံးလို့ရလို့ လျှော့ဈေး (၂) ထပ် ရနိုင်ပါတယ်။

Q6: ဘွတ်ကင်ဖျက်လိုက်ရင် ကူပွန် (သို့) ပွိုင့်တွေ ပြန်ရမလား?
A: ကူပွန်ကိုတော့ ငွေသားပြန်အမ်းပေးခြင်း မရှိပါဘူး။ ဒါပေမဲ့ ကူပွန်သုံးထားတဲ့ ဘွတ်ကင်က Refund ရနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကူပွန်တန်ဖိုးနဲ့ညီတဲ့ ပွိုင့်တွေကို အကောင့်ထဲ ပြန်ထည့်ပေးပါတယ် (အဲ့ဒီပွိုင့်တွေနဲ့ ကူပွန်အသစ် ပြန်လဲလို့ ရပါတယ်)။

Q7: Promo Code (သို့) ကူပွန် သုံးလို့မရဖြစ်နေရင် ဘာကြောင့်လဲ?
A: အချက် (၄) ချက်ကြောင့် ဖြစ်နိုင်ပါတယ် -
၁။ ကူပွန်သက်တမ်း ကုန်သွားခြင်း။
၂။ ဝန်ဆောင်မှုအမျိုးအစား မကိုက်ညီခြင်း (ဥပမာ - လေယာဉ်ကူပွန်ကို ဟိုတယ်မှာ သွားသုံးခြင်း)။
၃။ ကူပွန်ကို အသုံးပြုပြီးသား ဖြစ်နေခြင်း။
၄။ အကောင့်ထဲကို Log-in မဝင်ထားခြင်း။

Q8: Tier Level (အဆင့်) တွေကရော ဘယ်လိုလဲ?
A: ကိုယ့်ရဲ့ Tier အဆင့်ကတော့ အဖွဲ့ဝင်ဖြစ်တဲ့နေ့ကစလို့ ၁၂ လပြည့်တိုင်း Reset လုပ်ပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်း ကိုယ်လုပ်ခဲ့တဲ့ ဘွတ်ကင်ပမာဏ စုစုပေါင်းအပေါ် မူတည်ပြီး Tier အဆင့်ကို ပြန်လည်သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ပွိုင့်တွေကို တခြားသူထံ လွှဲပြောင်းပေးလို့ မရသေးပါဘူး။ အကောင့်ပိုင်ရှင် ကိုယ်တိုင်ပဲ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

အခုပဲ Flymya မှာ ဘွတ်ကင်လုပ်ရင်း ပွိုင့်တွေစု၊ လျှော့ဈေးတွေနဲ့အတူ "ကိုယ့်" ရဲ့ ခရီးစဉ်တွေကို စတင်လိုက်ပါ။

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [IOS]
📨 Email: [[email protected]]

Want your business to be the top-listed Transport Service in Thingangyun?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 1260, Inwa (3) Street, 6 Quarter, South Okkalapa, Yangon
Thingangyun
11091