Le Luxe Car Rental
Car Rental Business
08/09/2020
ပိုးသတ်ပြီးပြီလား💯💯
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကတော့ Stay Homeနေဖို့ အသင့်တော်ဆုံးပါ။😷😷
ဒါပေမယ့်လည်း မဖြစ်မနေ အပြင်ထွက်နေရတဲ့သူတွေရှိနေတော့ ကိုယ့်အတွက် အကောင်းဆုံး အကာအကွယ်တွေ ပြုလုပ်သွားဖို့ လိုအပ်သလို စီးတော်ယာဉ်လေးတွေကိုလည်း ပိုးသတ်ပေးဖို့ အရမ်းအရေးကြီးတယ်နော်။😊😊
🚐🚐 Car Service Centerတွေမှာ သွားပြီး ပိုးသတ်လို့ရတယ်ဆိုပေမယ့် တစ်နေ့ကို အကြိမ်ရေများများ အပြင်ထွက်ရတဲ့သူတွေအတွက်ဆို အကုန်အကျတွေ အရမ်းများလာမှာ။🙄🙄
COVID-19ကာလမှာ ပိုက်ဆံကိုလည်း အတတ်နိုင်ဆုံး ချွေတာရမယ်မလား။🤠🤠
ဒီတော့ စီးတော်ယာဉ်လေးတွေကို ကိုယ်တိုင်ပိုးသတ်ပေးလို့ရတဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်ဆိုရင် အဆင်ပြေတယ်မလားဗျ။👍👍
လိုအပ်မယ့်ပစ္စည်းလေးတွေကတော့ -
တစ်ခါသုံး ရာဘာလက်အိတ်
ဆပ်ပြာဆီ
Alcohol Solution (70% Isopropyl Alcohol)
ရေနဲ့ အဝတ်သန့် တို့ပဲဖြစ်ပါတယ်။☺️☺️
ကားအတွင်းပိုင်းကို သန့်ရှင်းရေးအရင်စလုပ်တော့မယ်ဆိုရင် လည်သာအတုတွေနဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုံတွေ၊ စတီယာရင်လက်ကိုင်တွေကို Alcoholတွေအများကြီးသုံးပြီး သန့်ရှင်းမယ်ဆိုရင် ပျက်စီးနိုင်တာကြောင့် ရေနဲ့ ဆပ်ပြာနဲ့သန့်ရှင်းတာက စိတ်အချရဆုံးပါ။🧐🧐
အဝတ်ကို ရေနဲ့ ဆပ်ပြာဆီ နည်းနည်းစွတ်ပြီး ထိတွေ့ကိုင်တွယ်မှုများတဲ့ နေရာတွေကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လိုက်သုတ်ပါ။ 💢💢
စတီယာရင်မှာ ကပ်ငြိနေတဲ့ပိုးမွှားတွေရဲ့ပမာဏက အများသုံးအိမ်သာ ထိုင်ခုံမှာရှိတဲ့ ပိုးမွှားတွေထက် ၄ဆလောက်များတယ်ဆိုတဲ့ တွေ့ရှိချက်တွေလဲ ရှိတာကြောင့် စတီယာရင်ကို ပိုဂရုစိုက်ပြီး သန့်ရှင်းပေးဖို့လိုပါတယ်။🚀🚀
Touch Screenတွေနဲ့ Electronic Deviceတွေကိုလဲ ဂရုတစိုက်နဲ့ သန့်ရှင်းပေးပါ။ ဆပ်ပြာတွေ၊ Alcoholတွေနဲ့ သန့်စင်ပြီးသွားပြီဆိုရင် အဝတ်သန့်သန့်ကို ရေအနည်းငယ်စွတ်ပြီး ထပ်မံသန့်ရှင်းရေး လုပ်လိုက်မယ်ဆိုရင်တော့ ပိုးမွှားကင်းစင်တဲ့ ကားလေးဖြစ်သွားပါပြီ။🤩🤩
ကားကိုယ်ထည်အပြင်ပိုင်းကိုကျတော့ ပုံမှန်ဆေးနေကျအတိုင်း ဆပ်ပြာနဲ့ ရေနဲ့ဆေးလိုက်မယ်ဆိုရင် လုံလောက်ပါတယ်။💥💥
အရေးကြီးဆုံးက ကားထဲမှာ တစ်ခါသုံး Mask၊ လက်သန့်စင်ဆေးရည်နဲ့ တစ်ခါသုံးလက်အိတ်တွေ ထည့်ထားဖို့တော့မမေ့နဲ့နော်။🧤🧤
ကမ္ဘာကြီး နေပြန်ကောင်းလာတဲ့ နေ့ကျရင် Le Luxe(လာလာဘ်)နဲ့အတူ ခရီးတွေသွားနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီး ကျန်းမာစွာ နေကြရအောင်။🌞🌞
.,Ltd
ခရီးမသွားခင်နဲ့ ခရီးကပြန်လာတိုင်း ပိုးသတ်ဆေး စက်ဖြင့်
ပိုးသတ်ခြင်း....😷😷
မိတ်ဆွေတို့ရဲ့ ကျန်းမာရေးသည် ကျွန်တော်တို့၏ ပထမဦးစားပေး ဖြစ်ပါတယ်....💯💯
လက်ဆေးပါ..ဘယ်သွားသွား Mask တပ်ပါ😷😷...လူစုလူဝေးရှောင်ပါ...🤭🤭လောလောဆယ်တော့ ခပ်ခွာခွာနေကြပါဦးစို့...😊😊
Your Health is Our First Priority ....📌📌
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Thingangyun