Cubic-M Wellness
Caring for You and Your Loved Ones! We value Trust, Quality, Local Pride, Efficiency and Modernization.
18/12/2025
သတိရှိပါ သားအိမ်ခေါင်းကင်ဆာ
………………………………………………
လာမယ့်ဇန်နဝါရီလလေးက Cervical Cancer Awareness Month လေးဆိုတာ စာဖတ်သူတွေရော သိကြလား???
ဒီနေ့တော့ သားအိမ်ခေါင်းကင်ဆာ အကြောင်းလေးပြောပြပေးမယ်နော်။
‼️ကင်ဆာဆိုတာ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေများပွားများလာတာကို ခေါ်တာဖြစ်ပါတယ်။
👯♀️အမျိုးသမီးတွေရဲ့ သားအိမ်နှင့်မိန်းမကိုယ်ကြား ဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းတစ်ခုကို သားအိမ်ခေါင်းလို့ခေါ်ပါတယ်။ အဲ့ဒီ သားအိမ်ခေါင်းမှာ ကင်ဆာဆဲလ်များဖြစ်ပွားခြင်းကို သားအိမ်ခေါင်းကင်ဆာလို့ သတ်မှတ်ပါတယ်။
🤷♀️ အမျိုးသမီးတွေမှာ အဖြစ်များဆုံးကင်ဆာရောဂါကို ပြပါဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်ပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။
ဖြစ်ပွားရတဲ့အကြောင်းအရင်း
………………………………………..
🦠 သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ အဲ့ဒီပိုးက လိင်ဆက်ဆံရာကနေ အများဆုံးကူးလေ့ရှိပါတယ်။ အရွယ်ရောက်သူအများစုမှာ HPV ဗိုင်းရပ်စ်ပိုး ရှိနေတာများပါတယ်။ HPV ဗိုင်းရပ်စ်အချို့ကတော့ ဘာရောဂါလက္ခဏာမှမဖြစ်စေပါဘူး။ တချို့ဗိုင်းရပ်စ်ကတော့ လိင်အင်္ဂါကြွက်နို့ကိုဖြစ်စေပြီး တခြား HPV ဗိုင်းရပ်စ်တွေကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်စေပါတယ်။
နောက်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို မြင့်မားနိုင်စေတဲ့အကြောင်းအရင်းများစွာလည်း ရှိပါသေးတယ်။
😩 HIV ရောဂါပိုးကူးစက်ခံရပြီး ကိုယ်ခံအားနည်းတဲ့သူတွေ၊ 🚬 ဆေးလိပ်သောက်သူတွေ၊ လိင်ဆက်ဆံဖော်များတဲ့သူ တွေ (သို့) မိမိ အဖော်က လိင်ဆက်ဆံဖော်များတဲ့သူဖြစ်နေတာတွေ၊ မျိုးရိုးလိုက်တာတွေကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမြင့်မားစေပါတယ်။
သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေက
⚠️ အနံ့ပါသော အဖြူဆင်းခြင်း
⚠️ ရာသီပေါ်ချိန်မဟုတ်ဘဲ သွေးဆင်းခြင်း (ရာသီစက်ဝန်းတစ်ခုနှင့်တစ်ခုကြားသွေးဆင်းခြင်း)
⚠️ ရာသီသွေးပမာဏပုံမှန်ထက်များခြင်း
⚠️ ရာသီပေါ်ရက်ပုံမှန်ထက်ရှည်ကြာခြင်း
⚠️ သွေးဆုံးပြီးသော အမျိုးသမီးများတွင် သွေးဆင်းခြင်း
⚠️ ဆီးသွားရခက်ခဲခြင်း
⚠️ အတူတူနေပြီးချိန်တွင် နာကျင်ခြင်းနှင့် သွေးဆင်းခြင်းတွေ ဖြစ်ပါတယ်။
ကာကွယ်ကုသရန်နည်းလမ်းများ
💉သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ် (HPV) ကာကွယ်ဆေးထိုးနှံထားတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးမယ်ဆိုရင် အသက် ၉ နှစ် ကနေ အသက် ၁၄ နှစ် ကြားက အကောင်းဆုံးဖြစ်ပါတယ်။
📝 ကာကွယ်ဆေးထိုးရမယ့်ပုံစံတွေကတော့ စစထိုးရင် (၁) ကြိမ်၊ ၂ လ ကြာလျှင် (၁) ကြိမ်၊ ၆လ ကြာလျှင် (၁) ကြိမ် စုစုပေါင်း (၃) ကြိမ်ထိုးရမှာဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံတာကိုလည်း ရှောင်ကျဥ်သင့်ပါသည်။
🧪 သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ ကို သားအိမ်ခေါင်းအချွဲမြှေး (Pap Test) စစ်ဆေးနိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်တယ်ဆိုတာ စောစောစီးစီး သိရှိရမယ်ဆိုရင်တော့ ခွဲစိတ်ကုသတာ၊ ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပေးတာ စတာတွေနဲ့ ကုသနိုင်ပါတယ်။
အခုလောက်ဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာရောဂါရဲ့အန္တရာယ်တွေကို သေချာသိရှိလောက်ပြီထင်ပါတယ်။
Cubic M ရဲ့ ချစ်ရသူတွေလည်း ကျန်းမာလှပတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…
#သားအိမ်ခေါင်းကင်ဆာ
13/11/2025
Fish oil ရဲ့ ကောင်းကျိုး ဆိုးကျိုး
………………………………………………….
Cubic M ရဲ့ Followers လေးတွေကို ဒီနေ့ ဝေမျှသွားမယ့် ကျန်းမာရေး ဗဟုသုတ လေးကတော့ ငါးကြီးဆီလို့ အလွယ်ခေါ်နေကြတဲ့ Omega 3 (အိုမီဂါ ၃) ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ အကြောင်းပဲဖြစ်ပါတယ်။
🫀 Omega 3 က ကောင်းတဲ့အဆီတစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီတွေဖြစ်တဲ့ LDL Cholesterol (ကိုလက်စထရော) နဲ့ Triglycerides တို့ကို လျော့နည်းစေကာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
🧠 ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ အဆီနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အဲ့အဆီအများစုကတော့ Omega 3 ပဲဖြစ်ပါတယ်။ ဒါကြောင့် Omega 3 ကို သောက်သုံးပေးတာဟာ ဦးနှောက်ရဲ့လုပ်ငန်းတွေကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်စေနိုင်ပါတယ်။
နောက်ပြီး ကလေးတွေမှာဖြစ်တတ်တဲ့ ADHD ရောဂါ၊ လူကြီးတွေမှာ ဖြစ်တတ်တဲ့ သက်ကြီးသတိမေ့ရောဂါ တွေအပြင် လူလတ်ပိုင်းမှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုများတာကြောင့် စိတ်ဓါတ်ကျခြင်း စတဲ့ ရောဂါတွေဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ မိခင်ကသောက်သုံးပေးမယ်ဆိုရင်တော့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ပိုမိုတိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။
👁 ဦးနှောက်လိုပဲ မျက်လုံးကျန်းမာရေးကလဲ Omega 3 ပေါ်မှာ မူတည်နေပါတယ်။ Omega 3 ချို့တဲ့တဲ့သူတွေဟာ မျက်လုံးရောဂါတွေ ဖြစ်နိုင်ချေ များပါတယ်။ တစ်ပတ်ကို ငါးဟင်း နှစ်တုံးလောက် မစားဖြစ်ဘူးဆိုရင်တော့ ကိုယ့်မျက်လုံးလေး ကျန်းမာစေဖို့ Omega 3 ကို သောက်သုံးပေးဖို့ လိုနေပါပြီနော်.. 😉😉😉😉
🐳🐋🐬 မကောင်းတဲ့ အဆီတွေကို လျော့နည်းစေနိုင်တဲ့ Omega 3 လေးကတော့ အသည်းအဆီဖုံးခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းကို လျော့ချပေးနိုင်ပါသေးတယ်။ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး အသည်းအဆီဖုံးလို့ အသည်းရောင်တာကိုလဲ သက်သာစေပါတယ်တဲ့။
🦵🦴 Omega 3 ရဲ့ နောက်ထပ် ကောင်းကျိုးလေးတစ်ခုကတော့ ရောင်ရမ်းမှုကို လျော့ကျစေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးလို့ပဲဖြစ်ဖြစ်၊ ကိုယ်အလေးချိန်များလို့ပဲဖြစ်ဖြစ်၊ ယူရစ်အက်စစ်များလို့ပဲဖြစ်ဖြစ် အရိုးရောင်ပြီး နာနေပြီဆိုရင်တော့ Omega 3 ကို ဖြည့်စွက်သောက်သုံးပေးသင့်တယ်နော်။ ဒါ့အပြင် Omega 3 က အရိုးရဲ့ သတ္တုဓါတ် တွေကို မျှတစေပြီး သိပ်သည်းဆကိုလဲ ကောင်းမွန်စေတယ်တဲ့နော်။
🧝♀ နောက်ထပ် Omega 3 အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းလေးကတော့ လူ့အရေပြားပဲဖြစ်ပါတယ်။ အသက်ကြီးလာလို့ပဲဖြစ်ဖြစ် နေရောင်ခြည်နဲ့ ထိတွေ့မှုများလို့ပဲဖြစ်ဖြစ် အရေပြားက ပျက်ဆီးတတ်ပါတယ်။ Omega 3 ပြည့်ဝနေမယ်ဆိုရင်တော့ အရေပြားအသစ်ဖွဲ့စည်းမှု မြန်ဆန်စေလို့ အသားအရည်လေး စိုပြေ လှပနေမှာပေါ့နော်။ နောက်တစ်ခုက Omega 3 ရဲ့ အရောင်ကျစေတဲ့ အာနိသင်ကြောင့် Psoriasis Dermatitis လို့ခေါ်တဲ့ အရေပြား ရောင်ရမ်းတဲ့ ရောဂါကိုလဲ သက်သာစေနိုင်ပါတယ်။
🥑 ကဲ ဒီလောက်ကောင်းတဲ့ Omega 3 လေးက ငါးကပဲရတာလား ဆိုတော့ မဟုတ်ပါဘူးတဲ့ တချို့အစေ့အဆံတွေနဲ့ အသီးအရွက်တွေကနေလဲ ALA လို့ခေါ်တဲ့ Omega 3 ရနိုင်ပါတယ်နော်။
ဘယ်အရာမဆို အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာဆိုတော့ Omega 3 လေးမှာလဲ ဆိုးကျိုးတွေရှိတာပေါ့။
သူ့ရဲ့ ဆိုးကျိုးတွေကတော့ …
1. ငါးညှီနံ့ နံပါတယ်တဲ့ 😂😂😂..
2. ဆေးသောက်ပြီး ရင်ပူတာ မူးတာတွေလဲ ခံစားရနိုင်ပါတယ်..
3. နောက်ပြီး အသက်ရှုတဲ့အခါ အနံ့ဆိုးထွက်နိုင်တယ်ဆိုပဲ 😮💨😮💨😮💨😮💨..
4. သူက သွေးခဲဖြစ်ပေါ်မှုကို လျော့နည်းစေတဲ့အတွက် အခြား သွေးကျဲဆေးသောက်နေရတဲ့သူတွေကတော့ သွေးယိုစီးမှု ဖြစ်နိုင်ချေ များပါတယ်။
5. အဆီချဆေးသောက်နေတဲ့သူတွေအနေနဲ့ကတော့ Omega 3 နဲ့ အဆီချဆေးကို အနည်းဆုံး ၂နာရီ ခြားပြီး သောက်ရပါမယ်နော်။ မဟုတ်ရင်တော့ အဆီချဆေးတွေက Omega 3 စုပ်ယူမှုကို တားလိုက်တော့ Omega 3 လေး ခန္ဓာကိုယ်ထဲ မရောက်တော့ဘူးပေါ့..
6. နောက်ထပ်တစ်ခုကတော့ Omega 3 က အစွမ်းထက် Antioxidant (အင်တီအောက်စီဒင့်) လေးဖြစ်တဲ့ ဗီတာမင် အီး ပမာဏကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် တစ်ချို့ Fish Oil အားဆေးတွေမှာ ဗီတာမင် အီး ထည့်ပေးထားတတ်ကျပါတယ်။
ကဲ ဒီလောက် ဆိုရင်တော့ Fish Oil – Omega 3 ရဲ့ ကောင်းကျိုး ဆိုးကျိုးလေးတွေကို သိသွားကြပြီထင်ပါတယ်။ နောက်ထပ်သိချင်တဲ့ ကျန်းမာရေး ဗဟုသုတလေးတွေရှိရင်လဲ Comment Box မှာ ရေးခဲ့ပေးဦးနော်။
30/10/2025
ထိပ်ကပ်နာ မဖြစ်အောင် ကာကွယ်လို့ရလား ?
""""""""""""""""""""""""""""""""""""""""""""
ထိပ်ကပ်နာမဖြစ်အောင် မနက်အိပ်ရာနိုးတာနဲ့
👃နှာခေါင်းကိုဆားရည်(သို့) ဆရာဝန်ညွှန်ကြားတဲ့ဆေးရည်ကိုအသုံးပြုပြီး နေ့စဉ်ဆေးကြောသန့်စင်ပေးပါ။
🤧 ဓာတ်မတည့်တာကိုဖြစ်စေတဲ့ တိရိစ္ဆာန်အမွေးအမျှင်၊ ဖုန်မှုန့်၊ ဝတ်မှုန်၊ မှိုနဲ့ ဆေးလိပ်ငွေ့တွေကို ရှောင်ပါ။
🍀ကိုယ်ခံအားကောင်းစေတဲ့ အစားအသောက်နဲ့ဆေးဝါးတွေ မှန်မှန် မှီဝဲသုံးစွဲပါ။
🤧 တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပြီး အအေးမိတုပ်ကွေးမဖြစ်အောင်နေထိုင်ပါ။
🥤🧃 ကျန်းမာရေနဲ့ သင့်လျော်တဲ့ ဖျော်ရည်နဲ့ရေများများသောက်ပေးတာတွေက ထိပ်ကပ်နာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
#ထိပ်ကပ်နာ
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Aungthapyay Street
Thingangyun
11071