TAKA Japanese Language School

TAKA Japanese Language School

Share

အထိရောက်ဆုံး လူဦးရေ အကန့်အသတ်နှင့် ဂျပန်စာ အပြင်သင်တန်း
TAKA Japan Language School

22/02/2023

Taka Japanese Language School မှာ သင်ကြားရေးပိုင်းတာဝန်ယူဖို့အတွက် ဆရာမ တစ်ဦး အလိုရှိပါတယ်နော်။

အတွေ့အကြုံရှိ ငယ်ရွယ်တက်ကြွပြီး သင်ကြားရေးပိုင်း ပိုင်နိုင်တယ်ဆိုရင် "Viber Ph No. 09 448006296" ကနေ CV Form ပေးပို့ပြီး အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပါတယ်။

သင်တန်းကျောင်းသို့ဆက်သွယ်ရန်။
09 78 555 6296
09 78 333 6296

လိပ်စာ။
တိုက်အမှတ် 14/17, အခန်းအမှတ် B2, ကမာကြည်လမ်း, သက်န်းကျွန်း။

21/01/2023

🏮 တရုတ်ရိုးရာနှစ်ကူး ပွဲတော်

🧧 တရုတ်ပြက္ခဒိန်ပေါ် မူတည်ပြီး နှစ်စဉ် January 20 မှ February 20 အတွင်း ကျရောက်တဲ့ 💥

တရုတ်နှစ်ကူး ပွဲတော်ဟာ တရုတ် လဆန်း ၁ ရက်နေ့မှ တရုတ် လဆန်း ၁၅ ရက်နေ့ အထိ ကျင်းပတဲ့ ပွဲတော်​ကြီးတစ်ခုပါ။

ဒီနှစ်ကိုယ်စားပြုတဲ့တိရိစ္ဆာန်လေးကတော့... ယုန်လေးပါ ရှင့်🐰🐰

ယုန်နှစ်လေးမှာ

ကျန်းမာချမ်းသာပြီးစီးပွားလာဘ်လာဘများတိုးတက်ကြပါစေ။🐰❤

Gong Xi Fa Chai 🐇🎋 💰🎐

17/01/2023

"ဂျပန်မှာ Scholar လျှောက်ရင်ဘာတွေအရေးကြီးလဲ"

ဂျပန်တက္ကသိုလ်တွေမှာ

✅Undergraduate School
👇👇
ပုံမှန်(၄နှစ်)တက်ပြီးဘွဲ့ရ

✅Graduate School
👇👇
Master Degree (2years)
Doctor's Degree(3years)

ဒီလိုမျိုးရှိပါတယ်။

ဂျပန်နိုင်ငံမှာ Scholarပေးတဲ့တက္ကသိုလ်မှာဝင်ခွင့်လျှောက်ဖို့အတွက် လိုအပ်ချက်၂ချက်ရှိပါတယ်ရှင့်။

✅EJU
✅TOFEL (or) IELTS

EJUကတော့ (Examination of Japan University Admission for International Student) ဂျပန်တက္ကသိုလ်ဝင်ခွင့်အတွက်ဖြေရတဲ့စာမေးပွဲပါ။

TOFEL (or) IELTSကတော့ English စာအရည်အချင်းစစ်စာမေးပွဲတွေပါ။

EJU စာမေးပွဲတွေကိုဂျပန်နိုင်ငံကဖြေဆိုလို့ရသလို မြန်မာနိုင်ငံကနေလည်းဖြေဆိုလို့ရပါတယ်နော်။

Myanmar Association of Japan Alumni (MAJA)ကနေတာဝန်ယူပြီးကျင်းပပေးပါတယ်။

EJUစာမေးပွဲက JLPT level2အဆင့်လောက်ရှိပါတယ်။ဂျပန်တက္ကသိုလ်မှာစာသင်ကြားနိုင်လောက်တဲ့အဆင့်ထိမေးပါတယ်။ Listening နဲ့ Reading ကိုအဓိကထားပြီးမေးပါတယ်ရှင့်။

တကယ်လို့ဂျပန်မှာကျောင်းတက်ချင်တဲ့စိတ်ကူးရှိတယ်ဆိုရင်တော့ ဂျပန်စာကို N2 Levelအထက်ထိသေချာစွာတတ်မြောက်ထားမှပိုပြီးအဆင်ပြေမှာပါ။

ကိုယ့်ဘက်ကအရည်အချင်းစစ်စာမေးပွဲတွေမှာအမှတ်တွေများထားမှ ကိုယ်တက်ချင်တဲ့တက္ကသိုလ်ဝင်ခွင့်ကို လျှောက်ထားလို့ရမှာပါရှင့်။

အားလုံးပဲအဆင်ပြေကြပါစေနော်။❤

သင်တန်းစုံစမ်းရန်
👇👇👇
📞09 785556296
📞09 783336296

ဒီနံပါတ်လေးတွေကိုသာ အခုပဲ Helloလုပ်လိုက်ပါ။

စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးဖို့အတွက် Minasanတို့အတွက် Takaက အသင့်ရှိနေပါတယ်ရှင့်❤

လိပ်စာ🏠 - တိုက်အမှတ် 14/17, အခန်းအမှတ် B2, ကမာကြည်လမ်း, သင်္ကန်းကျွန်း။



#ဂျပန်သွားမယ် #ဂျပန်စာသင်တန်း

13/01/2023

"ဆူရှီအစ...ဘယ်က "

ဆူရှီလို့ပြောလိုက်တာနဲ့ ဂျပန်ကိုတွဲပြီးမြင်တတ်ကြပါတယ်🍣

ဆူရှီက BC ၈ရာစုလောက်က အရှေ့တောင်အာရှကနေစတင်ပြီးတော့ပေါ်ပေါက်လာခဲ့တာပါ။🍣

ရှေးအဆိုတွေအရ အချဥ်ဖောက်နည်းနဲ့လုပ်ထားတဲ့အစားအစာတွေကို (ဆူရှီ)ဆိုပြီးဖော်ပြထားပါတယ်။

ဒီနည်းလမ်းကိုတော့ ၈ရာစုလောက်မှာတရုတ်နိုင်ငံကနေ ဂျပန်နိုင်ငံကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။🍣

ဂျပန်နိုင်ငံ(နာရခေတ်)မှာ ငါးကိုထမင်းနဲ့အချဥ်ဖောက်ပြီးဆူရှီပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီဘက်ခေတ်မှာထမင်းဆိုတာက အရမ်းအဖိုးတန်တဲ့အတွက် တော်ဝင်မိသားစုတွေသာ အဲ့ဒီထမင်းကိုစားသုံးကြပါတယ်။🍣

၁၅ရာစုနှစ်လောက်ရောက်လာတော့ ဆန်လည်းအရင်ကထက်ပိုပြီးအထွက်တိုးလာပါတယ်။ဒါကြောင့်သာမန်လူတန်းစားတွေလည်းဆူရှီကိုစားလာနိုင်ကြပါတယ်။🍣

ဆူရှီဆိုတာ အရသာပေါ့တဲ့ငါးနဲ့ နဲနဲချဥ်တဲ့ထမင်းကိုရောစားရာကနေ ဆူရှီဆိုတာဖြစ်လာပါတော့တယ်။

၁၇ရာစုနှစ်လောက်မှာတော့ ငါးကိုတာရှည်ခံဆေးနဲ့အကြာကြီးမစိမ်တော့ပဲ ထမင်းကိုရှာလကာရည်နဲ့ဆမ်းထားတဲ့နည်းတစ်မျိုးပေါ်လာပါတော့တယ်။🍣

ဒီရှာလကာရည်ထမင်းက အရင်ဆူရှီနဲ့မတူတဲ့အတွက်ဟာယဆူရှီလို့ခေါ်ကြပါတယ်။

၁၉ရာစုနောက်ပိုင်းမှာတော့ တိုကျိုမှာထမင်းချဥ်နဲ့ငါးကို ဝယ်သူအရှေ့မှာလိပ်ပေးတဲ့ဝန်ဆောင်မှုပေါ်လာပါတော့တယ်။🍣

ဒီလိုနဲ့ဆူရှီထမင်းလိပ်ပေါ်လာတော့တာပေါ့ 🍣🍣

ဆူရှီထမင်းလိပ်ကို လှည်းနဲ့ရောင်းတဲ့အသင့်စားအစားအစာအဖြစ်ရောင်းချလာကြပြီးတော့ ကလေးလူငယ်လူကြီးမရွေးအကုန်လုံးကြိုက်နှစ်သက်ကြပါတယ်။

ဒီ ဆူရှီထမင်းလိပ်ကတဖြည်းဖြည်းနဲ့တစ်နိုင်ငံလုံးကိုပြန့်သွားပြီး ဆူရှီရဲ့Base ကဒါကိုပဲအခြေခံပြီး Topping တွေပြောင်းလဲပြီး ဆန်းသစ်စွာစားသုံးကြပါတယ်❤

ဒီလောက်ဆိုရင် ဆူရှီလေးဘယ်ကစဆိုတာသိလောက်ပြီထင်ပါတယ်ရှင့်။

စိတ်ဝင်စားစရာကောင်းတဲ့တစ်ခြားဂျပန်နိုင်ငံရဲ့အကြောင်းအရာလေးတွေကိုလည်းပြောပြပေးသွားအုန်းမှာမို့ Taka ကို See Firstလေးလုပ်ထားကြပါအုန်းနော်🍣❤

တစ်ချို့အကြောင်းအရာလေးတွေကို ဘာသာပြန်ထားတဲ့သူဆီက မှီငြမ်းရေးသားထားတာမို့ Crd ပေးပါတယ်နော်။

သင်တန်းအတွက်စုံစမ်းချင်တာဆိုရင်တော့
📞09 785556296
📞09 783336296

ဒီနံပါတ်လေးတွေကိုသာ အခုပဲ Helloလုပ်လိုက်ပါ။

စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးဖို့အတွက် Minasanတို့အတွက် Takaက အသင့်ရှိနေပါတယ်ရှင့်❤

လိပ်စာ🏠 - တိုက်အမှတ် 14/17, အခန်းအမှတ် B2, ကမာကြည်လမ်း, သင်္ကန်းကျွန်း။



#ဂျပန်သွားမယ် #ဂျပန်စာသင်တန်း

Want your school to be the top-listed School/college in Thingangyun?
Click here to claim your Sponsored Listing.

Category

Website

Address


Thingangyun

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30