Chit'Stagram

Chit'Stagram

Share

ကျွန်တော့် ဘဝ နေ့ရက်တွေကို ကျွန်တော့် ကမ္ဘာကြီးနဲ့ အတူတူ မှတ်တမ်းတင်မယ်ဗျာ

01/01/2026

ကျွန်တော် လျှောက်ခဲ့တဲ့ Vlog ခရီး…

2020 ကနေ 2025 အထိ၊
View မရှိခဲ့တဲ့ Vlog တွေ၊
တန်းလန်းကြီးဖြစ်နေခဲ့တဲ့ Project တွေ၊
ကိုယ့်ကိုယ်ကို သံသယဝင်ခဲ့ရတဲ့ ညတွေ…
မရေတွက်နိုင်လောက်အောင် ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီခရီးကပဲ
ကျွန်တော့်ကို
အရှုံးမပေးဘဲ ပြန်ထလာတတ်အောင်
တိတ်တိတ်လေး သင်ပေးခဲ့ပါတယ်။

2025 က
အောင်မြင်ခဲ့တဲ့နှစ် မဟုတ်ပါဘူး။
ဒါပေမယ့်
အိပ်မက်ကို လက်မလွှတ်ဘဲ
ဆက်ပြီး ထိန်းထားနိုင်ခဲ့တဲ့နှစ်ပါ။

ကမ္ဘာကြီးရေ…
Happy New Year ပါဗျာ။

2026 မှာလည်း
ကျွန်တော့်ကမ္ဘာကြီးအဖြစ်နဲ့
ရှိနေပေးပါဦးဗျာ…။

01/01/2026

ဇင်းမယ်လုံချည်၊ ဇင်းမယ်ချိတ်ဆိုပြီး ငယ်ငယ်ကတည်းက ကျွန်တော်တို့တွေ ရင်းနှီးလာခဲ့တဲ့ ဇင်းမယ်ဆိုတဲ့စကားဟာ မြို့တစ်မြို့နာမည်ဆိုတာကလွဲရင် ဘယ်မှာရှိမှန်း မသိခဲ့ကြပါဘူး။

အရွယ်ကလေးနည်းနည်းရလာမှ ဇင်းမယ်မြို့ဟာ ယိုးဒယားနိုင်ငံ အခုထိုင်းနိုင်ငံမြောက်ပိုင်းက မြို့တစ်မြို့ဆိုတာ သိခဲ့ရတယ်ပေါ့။ ဒါပေမယ့်လည်း ဇင်းမယ်ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့လည်း အများကြီးချိတ်ဆက် ရင်းနှီးခဲ့ပါသေးတယ်။

ပြောရရင် မြန်မာအငွေ့အသက်တွေ၊ ယဥ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေအများဆုံးတွေ့ရတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကလည်း တချိန်က ဇင်းမယ်မှာ မြန်မာဘုရင်ခံအုပ်ချုပ်ခဲ့တာကြောင့်လို့လည်း ပြောလို့ရပါတယ်။

ဘုရင့်နောင်ရဲ့သားတော်ငယ်တစ်ပါးဖြစ်တဲ့ နော်ရထာစောဟာ ဖခင်ဘုရင့်နောင်ရဲ့စေခိုင်းမှုကြောင့် ဇင်းမယ်ကို ပထမဆုံးဘုရင်ခံအဖြစ်အုပ်ချုပ်ခဲ့ပြီး ဇင်းမယ်ပြည်သူတွေရဲ့ချစ်ခင်မှုကိုခံခဲ့ရတဲ့ ပထမဆုံးဘုရင်တစ်ပါးပဲဖြစ်ပါတယ်။ ဒါ့အပြင် ကဗျာစာဆိုဖြစ်ကြတဲ့ မင်းနဲ့ မိဘုရားနှစ်ပါးတို့ရဲ့ ရတုကဗျာတွေဟာ ဇင်းမယ်ရတုတွေထဲမှာ ထင်ရှားကျော်ကြားခဲ့ကြပါတယ်။

နှစ်ကာလအလီလီကြာ‌ညောင်းခဲ့ပြီးနောက်မှာတော့ ဇင်းမယ်ဆိုတဲ့အမည်ကနေ ချင်းမိုင်အဖြစ်ပြောင်းလဲသွားခဲ့ပြီး အခုဆိုရင် ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့အဖြစ်တည်ရှိနေပြီပဲ ဖြစ်ပါတယ်။

လန်နမြို့ပြနိုင်ငံရယ်လို့ ထင်ရှားခဲ့တဲ့ တချိန်က ဇင်းမယ်၊ အခု ချင်းမိုင်လို့ခေါ်တဲ့ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတောင်တန်းတွေရှိရာ တချိန်က ဇင်းမယ်မြို့ခရီးစဉ်လေးကို 𝟐𝟖 𝐍𝐨𝐯𝐞𝐧𝐛𝐞𝐫 𝟐𝟎𝟐𝟓 မှာ ကျွန်တော်တို့ “ပြောချင်လွန်းလို့” ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤, 𝐘𝐨𝐮𝐭𝐮𝐛𝐞, 𝐓𝐢𝐤𝐓𝐨𝐤 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐧𝐧𝐞𝐥 တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာ။

28/03/2025

ကျွန်တော့် မန္တလေး အဆင်မှ ပြေရဲ့လားဗျာ

Want your business to be the top-listed Realtor/realty Service in Thingangyun?
Click here to claim your Sponsored Listing.

Website

Address


Thingangyun