Myanmar
ပြည်သူများအတွက် အများအကျိုးပြုသော ?
09/12/2021
ကောလင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကျွဲဝင်ခတ်၊ စစ်သားတယောက် အူပွင့်သေ
ကောလင်းမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်များကို ကျွဲတစ်ကောင်ဝင်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး အူပွင့်ပြီး ဒီဇင်ဘာလ ၈ရက်က သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် ကြို့ပင်အုပ်စု အုတ်တိုက်ကုန်းကျေးရွာ အတွင်း နှောက်ယှက်ဖျက်ဆီးပြီး ပြန်အလာ ညောင်ပင်ရိုးကျေးရွာမှ အနောက်ဘက် ပျဉ်းပင်ရွာသို့အကူး တာဝါတိုင်အနီးအရောက်တွင် ကျွဲတစ်ကောင်မှ ဝင်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ကောလင်းအနောက်ခြမ်းဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထွက်နေတုန်း ကျွဲဝင်ခတ်တာပဲ။ တယောက် အူပွင့်ပြီးသေသွားတယ်။ ကျွဲကိုတော့ ပြည်သူချစ်သောကျွဲလို့ နာမည်ပေးထားတယ်။ စစ်ကောင်စီတပ်တွေ ပြည်သူ့ကျိန်စာသင့်နေတာ” ဟု ကောလင်းဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။
ကောလင်းခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ရင်ဆိုင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထားသည့်အတွက် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုများ ရပ်တန့်နေချိန်လည်း ဖြစ်သည်။
06/12/2021
အပြင်မှာအေးပြီး
ရင်မှာ ပူတဲ့ဆောင်း
ဒီတစ်ခါကြုံတာ
နောက်ဆုံးဖြစ်ပါရစေ
#မင်းကိုနိုင်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Thingangyun
11401