YMP Digital Marketing

YMP Digital Marketing

Share

Digital Marketing School Myanmar

04/01/2021

ဒေါ်လာတစ်သောင်း အသုံးပြုပြီး Boost ထိုးခဲ့သော်လည်း

တစ်လ အတွင်း ဒေါ်လာတစ်သောင်း အသုံးပြုကာ Ads Run တဲ့ သူ
ပြောပြတဲ့ ဒေါ်လာတစ်သောင်း သုံးပြီး ဘာဖြစ်လဲ ဆိုတဲ့အကြောင်းအရာ
လေးကို အားလုံးကို မျှဝေပြီး ပြန်လည်ပြောပြပေးချင်ပါတယ်...

Facebook မှာ လူတွေ ဆီ ကို ကိုယ့် ကြော်ငြာတွေ ရောက်ရှိအောင် ဒေါ်လာတွေ အသုံးပြုပြီး
Boost ထိုးကြရပါတယ် ... ဒါကို Ads Run တယ်လို့ Marketer တွေ က အသုံးပြုကြပါတယ်
တစ်ချို့ က ဒေါ်လာ တစ်ရာ တစ်ချို့ကျ ဒေါ်လာ တစ်ထောင် စသဖြင့် Boost Budget ထားပြီး ကြော်ငြာကျတယ် ...

ဒီလိုပဲ Boost Budget ကို ဒေါ်လာတစ်သောင်း အသုံးပြုပြီး ကြော်ငြာခဲ့သူ ပြောပြပေးတဲ့
အတွေ့အကြုံက ဒီလိုပါ

" ကျွန်တော် Ads ကို တစ်ရက် $ 350 နီးပါး အသုံးပြုပြီး Run ခဲ့တယ် ... အဲ့လိုမျိုး run တော့
အရောင်းပိုင်းမှာ ရောင်းချရတယ် နေ့တိုင်း အမှာစာတွေ ရတယ် .... ဒီလိုမျိုး တစ်လ Run ခဲ့တော့ ဒေါ်လာတစ်သောင်း($10,000) လောက်ကုန်ခဲ့တယ်ပေါ့နော် Ads Budget က အဲ့လောက်ဖြစ်သွားခဲ့တယ် ဗျ ... နောက်ဆုံး စာရင်း ပြန်တွက်ကြည့်တော့ ရောင်းတော့ရောင်းရတယ် ဒါပေမယ့် ပြန်ရတဲ့ ငွေက အရင်းပဲ ပြန်ရတာမျိုး ဖြစ်နေတယ်"

ဘာကြောင့်လဲ ဒီလောက် အများကြီး သုံးပြီး အရင်းလောက်ပဲ ပြန်ရတယ်ဆိုတာ
သုံးသပ်ကြည့်မယ်ဆို Right Audiences လို့ခေါ်တဲ့ ကိုယ် ကုန်ပစ္စည်းကို တကယ်စိတ်ဝင်စားမယ့် လူတွေ ဆီကိုပဲ မရောက်ခဲ့လိုပါ ဒါကလည်း Ads Run (Boost ထိုး) တော့မယ်ဆို Target မှန်မှန်ကန်ကန် ရွေးဖို့လိုအပ်ပါတယ်။ Target မမှန်ရင် လူအများကြီး ဆီတော့ ကိုယ့် ကြော်ငြာရောက်သွားတယ် ဒါပေမယ့် အထက်မှာပြောခဲ့သလို တကယ်ဝယ်လိုတဲ့ သူတွေ ဆီ ထိရောက်စွာ မရောက်ရှိခဲ့လိုပဲ။

နောက်တစ်ချက် Content တွေ ပုံတွေ က ထိရောက်မှု မရှိဘူး...Boost တော့ထိုးပါရဲ့နဲ့လူတွေ ဆီ သိပ်မရောက်ဘူး ဆိုရင် တော့ Content တွေ ပုံတွေ က လွဲနေလို့ပဲ တစ်ခုခုလိုနေလို့ပဲ ... တစ်ရက်လောက် Boost ထိုးကြည့်လိုက် Boost ထိုးပြီးရင်လည်း အမြဲ စောင့်ကြည့်နေဖို့လိုမယ် ... ဒါမှ သာ ကိုယ့် Ads ရဲ့အခြေအနေကို သိမှာပါ Reach နည်းနေလား Engagement နည်းနေလား သိမှ တစ်ခါတည်း ပြန်ပြင်စရာပြင်လို့ရမှာပါ ဒီလိုမှ မဟုတ် Boost ထိုးတယ်ဆိုပြီး ဒီတိုင်းထားလိုက် ဒေါ်လာသာကုန်သွားမယ် ကိုယ့် ကြော်ငြာက ထင်သလောက်မရောင်းရတာတွေ ဖြစ်တက်ပါတယ် ...

နောက်တစ်ချက်ကတော့ Sale Strategy မရှိလို့ပဲ ကိုယ်က ရောင်းချင်တာပဲ သိတယ် ဘယ်လို ပိုရောင်းကောင်းအောင် လုပ်မလည်းဆိုတာ မရှိရင်တော့ ကိုယ့် ပစ္စည်းက ပိုရောင်းရမှာ မဟုတ်ပါဘူး ဒါကြောင့် Sale အပိုင်း ကိုလည်း ကြိုပြင်ဆင်ထားဖို့လိုပါတယ် ...
ကိုယ်က ကြော်ငြာထဲမှာ နှစ်ခု ဝယ်မယ်ဆို အခမဲ့ ပိုဆောင်ပေးမှာပါ ဆိုရင် ပုံမှန် တစ်ခုပဲ ဝယ်မယ့်သူက ပို့ခ အခမဲ့ဆိုတော့ နှစ်ခု ဝယ်သွားတာမျိုး ဒါမျိုးပေါ့ Strategy တွေ လိုအပ်ပါတယ် ... Marketing သမားဆိုတာ ရောင်းအားတက်ဖို့ ရောင်းချနိုင်ဖို့ ကိုယ့် Product ကို လူတွေ သိအောင် (Brand Awareness) ကိုယ့် Product က Branding ဖြစ်ဖို့စတာတွေ ဆောင်ရွက်တက်ရပါတယ် ... အရင်က ဆိုရင်တော့ Marketing ဆိုပြီး အလုပ်တွေ မှာ ခေါ်ကျတယ် ... အပြင်မှာ ကိုယ့်ပစ္စည်း (Product) ကို လူတွေ ဆီ လိုက် မိတ်ဆက်ရတယ် ..
ဈေးတွေ မှာလိုက်ပြီး ဆိုင်တွေ လိုက် စပ်ရတယ် ပိုရောင်းရအောင် လုပ်ရတယ် ရောင်းရမှ လည်း % ရတာကို ။ ဒီလိုပဲ အခုခေတ် Digital ခေတ်မှာကျတော့ Digital နည်းပညာနဲ့ပေါင်းပြီး
Marketing လုပ်ဆောင်ခြင်းကို Digital Marketing လို့ ခေါ်လာတယ်...Digital Marketer လို့ ခေါ်လာတယ် ... Marketer တစ်ယောက် ဆောင်ရွက်ရမယ့် ကိစ္စ တွေ ကို နောက် တစ်ပုဒ်မှာ အကျယ်ထပ်ရှင်းပြမယ် ဆိုတော့ Stay Tune...!

အခု ဒေါ်လာတစ်သောင်း သုံးပြီး ကြော်ငြာခဲ့တဲ့သူအကြောင်း ကို အဆုံးသတ်ပြောပြရမယ်ဆို
ဒေါ်လာတွေ အများအပြားသုံး တာမှန်သော် လည်း ကိုယ့် ရဲ့Right Customer ဆီ မရောက်ခဲ့ဘူး
၊ Content ကောင်းကောင်း Graphic ကောင်းကောင်း မသုံးခဲ့ဘူး ၊ Sale Strategy ကို အစကတည်းက မစီမံခဲ့ဘူး ဒါကြောင့် ဒေါ်လာတွေ အများသုံးပြီး အရင်းကျေသလောက်ပဲ ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါရစေ .. မိတ်ဆွေတို့လည်း အခုလိုမျိုး မဖြစ်ရအောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(ခွင့်ပြုချက်တောင်းပြီးဖြစ်ပါတယ်)

OK Tech မှာ ဆိုရင် Boost သီးသန့်ပဲ တက်ရောက်လိုသလား၊ မဟုတ်ဘူး Facebook Marketing ကို မှ ကျွမ်းကျင်ချင်တယ် ၊ ဒီလိုမှ မဟုတ် Digital Marketer တစ်ယောက်ဖြစ်ချင်တယ် ... Online Shop ကို လုပ်ချင်တယ် ဘယ်လိုတွေ လုပ်ရမှန်းမသိဘူး ... Page မှာ Content ကောင်းတွေ တင်ချင်တယ် ၊ ပုံလှလှလေးတွေ ကိုယ်တိုင် ဖန်တီးချင်တယ် ... Video ကြောငြာလေးတွေ တင်ချင်တယ် ... ဘယ်လိုပဲဖြစ်ချင်တာပဲ ဖြစ်ဖြစ် အားလုံးကို သင်ယူနိုင်ပါတယ်။
အကောင်းဆုံး သင်ယူတက်မြှောက်နိုင်ဖို့တာဝန်ယူပါတယ်။

သင်တန်း စုံစမ်းလိုပါက - m.me/oktechmm

27/06/2020

MSG Catalog

09/04/2020

Canvas

Want your school to be the top-listed School/college in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thingangyun