Excellent Business Institute

Excellent Business Institute

Share

Management Training School

22/01/2024

“အကောင်းမြင်စိတ်ရဲ့ အဓိပ္ပါယ်”
~~~~~~~~~~~~~~~~~~
🔳 အကောင်းမြင်စိတ်၊ အဆိုးမြင်စိတ်နဲ့ ပတ်သက်ရင် ပေးလေ့ရှိတဲ့ ဥပမာက ရေတစ်ဝက် ထည့်ထားတဲ့ ဖန်ခွက်ပေါ့။

အကောင်းမြင်သူက တစ်ဝက်တောင် ရှိသေးတာပဲလို့ မြင်တယ်။ အဆိုးမြင်သူကတော့ တစ်ဝက်ပဲ ကျန်တော့တယ်လို့ ပြောမယ်။

ဒါကြောင့်လည်း တချို့က နေရာတကာ အကောင်းမြင်နေလို့ မဖြစ်ဘူးလို့ ပြောကြတာ။ တစ်ဝက်တောင် ကျန်သေးတာပဲ ဆိုပြီး ခပ်အေးအေး နေလိုက်ရင် အဲ့ဒီတစ်ဝက်လည်း ကုန်ရော၊ ခွေးဖြစ်ရောလေ။

သို့သော် တစ်ဝက်ပဲ ကျန်တော့တယ်၊ ဒုက္ခပဲဆိုပြီး တစ်နေ့ တစ်နေ့ တွေးပူနေပြန်ရင်လည်း စိတ်ဆင်းရဲရတာပေါ့။

🔳 ဒါဖြင့် ဘယ်လိုမြင်သင့်တာလဲ။ ဘယ်ဟာက ကောင်းတာလဲ။

တစ်ဝက်တောင် ကျန်သေးတာပဲ လို့တွေးရင် ကျေနပ်စရာတော့ ကောင်းတယ်။ သို့သော် တိုးတက်ဖို့ မလွယ်ဘူး။

တစ်ဝက်ပဲ ကျန်တော့တယ် ဆိုသူကတော့ နေ့နေ့ညည ကြိုးစားနေမယ်။ သို့သော် သူ့ကြည့်လိုက်ရင် အမြဲပူလောင်နေရမယ်။

🔳 ကျွန်တော် လက်ခံထားတဲ့ အကောင်းမြင်စိတ် ဆိုတာကတော့ အဲ့ဒီလို မဟုတ်ဘူး။

လူဟာ အမှန်ကို အမှန်အတိုင်းပဲ မြင်ရမယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိနေတယ်။ တစ်ဝက်ပဲ ကျန်တယ် မဟုတ်သလို၊ တစ်ဝက်တောင် ကျန်သေးတာပဲလည်း မဟုတ်ဘူး။ “တစ်ဝက် ရှိနေတယ်”

အကောင်းမြင်စိတ် ဆိုတာက ဘယ်တော့မှစလဲ ဆိုရင်တော့ အဲ့ဒီဖန်ခွက် ကျကွဲသွားမှ၊ ဒါမှမဟုတ်လည်း တစ်ယောက် ယောက်‌သောသူက တိုက်ချလိုက်လို့ ရေတွေ မှောက်ကျသွားတဲ့အချိန်မှ စပါတယ်။

သွားပါပြီ၊ ဖန်ခွက်တော့ ကွဲသွားပြီ၊ ဒုက္ခပဲ၊ ရေတွေကုန်ပါပြီ စသဖြင့် ညည်းမနေဘဲ ဒီရေတွေ ပြန်ပြည့်အောင် ငါ ဘာဆက်လုပ်ရမလဲလို့ စဉ်းစားတာ၊ ဒီရေတွေ ပြန်ပြည့်လာအောင် ငါလုပ်နိုင်တယ်လို့ ယုံကြည်ထားတာကို အကောင်းမြင်စိတ်လို့ ခေါ်တယ်။

🔳 ပြောရရင် “အခက်အခဲတစ်ခု၊ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခု၊ ဘေးဒုက္ခတစ်ခုကို ကိုယ် ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ” ဆိုတာပါပဲ။

တစ်ခါလည်း ရေးဖူးပါတယ်။ အဆိုးမြင်စိတ် ရှိသူမှာ P ၃ လုံး ရှိတယ်။

• Personalization - ငါ့ကြောင့်လို့ တွေးပစ်တာ။ ဒီလိုဖြစ်တာ ငါ့ကြောင့်၊ ငါ အသုံးမကျလို့ စသဖြင့်ပေါ့။

• Pervasiveness - တခြားသော ဘဝအစိတ်အပိုင်းတွေမှာပါ ထိခိုက်ကုန်တော့မယ်လို့ တွေးတာ။

• Permanence - ဒီအခက်အခဲ၊ ဒီဒုက္ခဟာ ထာဝရ တည်မြဲနေတော့မယ်လို့ ထင်တာ။

🔳 အကောင်းမြင်သမားကတော့ အဲဒီ ၃ ခုနဲ့ လွတ်တယ်။ ကိုယ့်အမှားကို သင်ခန်းစာယူတယ်။ ဒါပေမဲ့ ငါ ညံ့လို့ လို့တော့ Negative label မကပ်ဘူး။

စီးပွားရေး ထိခိုက်ရင် စီးပွားရေးပဲ။ ကျန်တဲ့ လူမှုရေး၊ ကျန်းမာရေးဘက်တွေပါ လာမထိအောင် လုပ်နိုင်တယ်။ အကန့်ခွဲ မြင်နိုင်တယ်။

ဒါ အခိုက်အတန့် ကြုံရတာပဲ၊ ဖြေရှင်းလို့ရတယ်လို့ မြင်ထားတယ်။ ဒါကိုမှ Positive attitude လို့ ခေါ်ပါတယ်။

မိုးတွင်းကြီး အပြင်ထွက်တာကို မိုးမရွာလောက်ပါဘူးကွာ ဆိုပြီး ထီးထားခဲ့တာ အကောင်းမြင်တာ မဟုတ်ဘူး။ ပေါ့တာ။ ကြိုတင်ပြင်ဆင်မှု မရှိတာ။

သေရင်လည်း ထားခဲ့ရတာပဲ ဆိုပြီး ဘာမှ မကြိုးစားတာကလည်း အကောင်းမြင်တာ မဟုတ်ဘူး။ ပျင်းတာ။ ဖြစ်ချင်စိတ် မရှိတာ။

ဒါတွေကို ရောထွေးမပစ်ဖို့ လိုတယ်။

🔳 ထီးယူသွားပါလျက်နဲ့ မိုးတအားသဲလို့ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေတဲ့အခါ ပြစ်တင်ဆဲဆိုမနေဘဲ ဘယ်လိုဆက်သွားမလဲ စဉ်းစားတာ။

အကောင်းဆုံး ကြိုးစားပါလျက်နဲ့ ထင်မှတ်မထားတာတွေကြောင့် ရှုံးနိမ့်မှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုကျော်ဖြတ်မလဲ အဖြေရှာတာ၊ ဒါတွေကသာ အကောင်းမြင်စိတ် ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းမြင်စိတ်ရဲ့ အစဟာ အခြေအနေကို အမှန်မြင်ခြင်းကနေ စပါတယ်။

ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေနဲ့ ပတ်သက်ရင် အမှန်ကို မြင်ရမယ်။ ငွေကြေးမပြည့်စုံရင် မပြည့်စုံဘူး။ ရုပ်မလှရင် ရုပ်မလှဘူး။

လေ့လာအား နည်းနေသေးရင် နည်းနေသေးတယ်။ ကိုယ်မှားသွားတယ်ဆို မှားသွားတယ် စသဖြင့် သိနေရမယ်။ လက်ခံရမယ်။ ဖြေသိမ့်ပြီးလည်း တွေးနေလို့ မရသလို၊ ပူလောင်နေလို့လည်း မဖြစ်ဘူး။

အခြေအနေကို အမှန်အတိုင်းမြင်၊ လက်သင့်ခံနိုင်အောင် ကြိုးစား၊ ပြီးမှ ရှေ့ဆက်ဖို့ အဖြေရှာကြရမှာ ဖြစ်ပါတယ်။

🔳 ကျွန်တော်ကတော့ ဒီကာလမှာ “မျှော်လင့်ချက်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ပိုပိုပြီး နားလည်လာပါတယ်။

ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့အချိန်၊ ဘယ်ဆက်သွားလို့ သွားရမယ်မသိတဲ့အချိန်မှာ ကိုယ့်ကို လမ်းပြခေါ်ဆောင်ပေးနိုင်တာ၊ စိတ်ဓါတ်ကျ လက်လျှော့မနေစေတာ “မျှော်လင့်ချက်” ဆိုတဲ့ အလင်းရောင်ပဲ ဖြစ်ပါတယ်။

မနက်ဖြန်ကျ ဒီနေ့ထက် ပိုကောင်းလာလိမ့်မယ် ဆိုပြီး တစ်ယောက်ယောက်က ဖန်ဆင်းပေးမှာ၊ လုပ်ပေးလိုက်မှာမျိုးကို မျှော်လင့်နေတာတော့ မဟုတ်ပါဘူး။

မနက်ဖြန်ကျ ဒီနေ့ထက် ငါပိုကောင်းအောင် လုပ်မယ်၊ ပိုကြိုးစားမယ်၊ ဒါဆို ကောင်းတဲ့အရာတွေ တစ်ချိန်ကျ ဖြစ်လာလိမ့်မယ်၊ ကြိုးစားသမျှ အရာထင်လာလိမ့်မယ်လို့ ယုံကြည်ထားခြင်းကို ဆိုလိုတာပါ။

🔳 ဒါကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကိုယ့်လက်ထဲက ရေဖန်ခွက် ကျကွဲသွားတဲ့အခါ ကိုယ် ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ ဆိုတဲ့အချက်က သိပ်စကားပြောပါတယ်။

အဲဒီဖွင့်ဆိုချက်ပေါ် မူတည်ပြီး မျှော်လင့်ချက် အားကောင်းခြင်း၊ အားမကောင်းခြင်းက ကွာခြားလာမယ်။ အဲဒီမျှော်လင့်ချက် အားကောင်းခြင်း၊ မကောင်းခြင်းပေါ် မူတည်ပြီး လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှု (Resilience) ချင်းက ကွဲပြားလာမယ်။ အားထုတ်မှုချင်းလည်း မတူတော့ဘူး။

တစ်ခါ ကျော်ဖြတ်ဖူးတဲ့သူက နောက်တစ်ကြိမ် ထပ်ကြုံရတဲ့အခါ ထပ်ကျော်ဖြတ်နိုင်ဖို့ လွယ်သွားတယ်။ ဦးနှောက်ကိုက အလေ့အကျင့် ရသွားတာ။

အဲဒီလိုပဲ တစ်ကြိမ်လက်လျှော့ဖူးသူကလည်း နောက်တစ်ကြိမ် ထပ်ကြုံရင် လက်ထပ်လျှော့မိဖို့ များပါတယ်။ သူ့ဦးနှောက်ကမှ အလေ့အကျင့် ရမထားတာ။

🔳 အခက်အခဲ ကြုံနေရတဲ့ လူတစ်ယောက်ဆီ သွားပြီး “မင်း ဒါကို ကျော်ဖြတ်နိုင်တယ် ယုံကြည်ထားစမ်းပါ” အားပေးနေရုံနဲ့တော့ မရပါဘူး။

သူကိုယ်တိုင်က ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုကို ကျော်လွှားဖူးတော့မှသာ ယုံကြည်စိတ်က ရလာနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် "အကောင်းမြင်စိတ်"ကို သေချာနားလည်ထားဖို့၊ ပျိုးထောင်ထားဖို့ သိပ်အရေးကြီးလှပါတယ်။


copy

18/01/2024

ဖား(၆)ကောင် ပုံပြင်
********************
တစ်ခါတုန်းက
နံနက်စောစောအချိန်မှာ ဖား(၆)ကောင်
အစာရှာထွက်လာကြတယ်။

အစာရှာကြရင်း မထင်မှတ်ဘဲ ရေတွင်းပျက်တစ်ခုထဲကို ဖား(၆)ကောင်စလုံး ပြုတ်ကျသွားတယ်။

ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ရေတွင်းထဲမှာ ရေတွေရှိနေသေးတော့ ဖားတွေ သေကံ မရောက် အသက် မပျောက်ကြရဘူး။

ဖား(၆)ကောင်လည်း
အကူအညီရလို ရငြား “ ကယ်ပါ ယူပါ ”
တစ်စာစာအော်နေကြတော့ ရေတွင်းထဲမှာ ဖားသံတွေနဲ့ ဆူညံ့နေတာပေါ့။

ဒီလိုနဲ့ အော်ရတာ
မောတဲ့အခါ အော်သံတွေ ရပ်ရင်း တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။

ဘာသံမှ မကြားဘဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အချိန်မှာ ပထမဖားဆီက အသံထွက်လာတယ်။

“ ငါတို့တော့ ဒီတွင်းထဲက
လွတ်မှာ မဟုတ်ပါဘူး ကယ်မယ့်သူလည်း မရှိဘ၀ကတော့ ဆုံးပါပြီ ” ညည်းတွားရင်း စိတ်ပျက်လက်ပျက် ငိုကြွေးနေတယ်။

ဒုတိယဖားကတော့ ငိုနေတဲ့ ပထမဖားကို
“ ငိုမနေပါနဲ့ကွာ ဘ၀ဆိုတာ နေတတ်ရင်
ကျေနပ်စရာကွ၊ ငိုမနေနဲ့ ရောက်ရာအရပ်မှာ ပျော်ပျော်နေ အချိန်တန်ရင် ဒီနေရာက လွတ်မှာပါကွ ငိုမနေနဲ့ ” ဟု နှစ်သိမ့်ရင်း သီချင်းတွေကို ပျော်ရွှင်စွာဆိုနေတယ်။

တတိယဖားကတော့ မိုးနတ်မင်းကို
တိုင်တည်ရင်းဆုတောင်းနေတယ်။

“ မိုးနတ်မင်းကြီး
ကယ်ပါ မိုးရွာချပေးပါ မိုးရွာမှ ရေတွင်းထဲရေတွေပြည့်ပြီး ကျွန်တော်မျိုးတို့လွတ်မြောက်ခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်မျိုးတို့ လွတ်မြောက်တဲ့အခါ မိုးနတ်မင်းကြီးကို အရင်ကထက် တိုးပြီး ပူဇော်ပသပါမယ် ဟု" တတွက်တွက်နဲ့ တိုင်တယ်ဆုတောင်းနေတယ်။

စတုတ္ထဖားကတော့ အပြစ်တွေပဲ တင်နေတယ်။

“ ဒီနေ့ အစာရှာ ထွက်မလာခဲ့ရင်
ကောင်းသား၊ ဒီကောင်တွေနဲ့ လိုက်လာမိတာ ငါ့အမှား၊ ဘုရားသခင်ကလည်း ငါတို့ဖားတွေကို အတောင်ပံတွေ ဖန်ဆင်းပေးထားရမှာ ဒါမှ ငါတို့ဖားတွေ ဘယ်နေရာသွားသွား အဆင်ပြေမှာပေါ့ ” တလောကလုံးကို အပြစ်တွေချည်း တင်နေတယ်။

ပဉ္စမဖားကတော့ ငြိမ်သက်စွာ စဉ်းစားနေတယ်။

“ အပေါ်ကို တွယ်တတ်ရင်ကောင်း
မလား၊ တွယ်တက်လို့လည်း ငါ့အစွမ်းနဲ့
ရောက်နိုင်မလား၊ တွယ်တက်လို့ ပြုတ်ကျရင် ဟိုဖားတွေ ငါ့ကို လှောင်ရီကြမှာပဲ၊ တွယ်တက်လို့ မအောင်မြင်ဘဲ နံရံနဲ့ရိုက်မိရင် သေသွားနိုင်တယ်၊ ဒီအတိုင်း ကယ်မယ့်သူကို စောင့်မျှော်နေရင်ကောင်းမလား ” စဉ်းစားနေတယ်။

ဒီလိုနဲ့ ဖား(၅)ကောင်ဟာ ငိုတဲ့ဖားကငို
သီချင်းဆိုတဲ့ဖားကဆို ဆုတောင်းတဲ့ဖားကတောင်း စဉ်းစားတဲ့ဖားကစဉ်းစာရင်း သူတို့အားလုံးရဲ့အဖော် ဆဌမမြောက်ဖားကို သတိရလို့ ကြည့်တဲ့အခါ ရေတွင်းထဲမှာ မရှိဘဲ ပျောက်နေတာကို သတိထားမိကြတယ်။

ဘယ်ရောက်သွားပါလိမ့် အားလုံးဝိုင်းရှာကြတဲ့အခါ မက်ဆောက်လှတဲ့ ရေတွင်းပျက်နံရံရဲ့ ခပ်မြင့်မြင့်တစ်နေရာမှာ ရှိတဲ့ ကျောက်စွန်း တစ်ခုပေါ်ကို ကြိုးစာတက်ရင်း အပေါ်ကိုလည်း မရောက် အောက်ကိုလည်း မကျဘဲ တန်းလန်းဖြစ်နေတဲ့ ဆဌမမြောက်ဖားကို တွေ့လိုက်ရတယ်။

“ ဟာ ဒီကောင်တော့ ပြုတ်ကျ သေတော့မှာပဲ ”

“ ဟေ့ ပြန်ဆင်းခဲ့ကွ မင်း မတက်နိုင်ဘူး
မဖြစ်နိုင်တာတွေ မလုပ်နဲ့ ”

“ ဒီကောင် ကိုယ့်ကိုကိုယ် အထင်ကြီးနေတယ် သူ့ကိုယ်သူ သူရဲကောင်းများ ထင်နေလားမသိဘူး ”

“ အရူးကောင် ပြုတ်ကျတော့မယ် ဟား ဟား ဟား ”

“ သူ့ဘာသာ ပြုတ်ကျတာ အရေးမကြီးဘူး ငါ့ အပေါ် ပြုတ်ကျရင် ငါပါ သေနေဦးမယ်လွတ်ရာ ရှောင်နေမှ ”

ဝေဖန်သံတွေ အမျိုးမျိုးပေးနေပေမယ့်
ဆဌမမြောက်ဖားကတော့ တွယ်တက်ဆဲ ကျောက်စွန်းပေါ်ကို ရှိသမျှ အားတွေကိုသုံးရင်း အမိအရတက်လိုက်ပြီး ကျောက်စွန်းပေါ်မှာ အမောဖြေနေလိုက်တယ်။

အောက်က ဖား(၅)ကောင်လည်း
ပါးစပ်ညောင်းတဲ့အခါ ပြစ်တင်ဝေဖန်သံတွေ တိတ်ဆိတ်သွားသလို ဆဌမမြောက်ဖားကိုလည်း ဂရုတစိုက်နဲ့ မကြည့်ဖြစ်တော့ပဲ သူတို့လုပ်နေကြပုံစံတွေအတိုင်း ငိုတဲ့ဖားကငို သီချင်းဆိုတဲ့ဖားကဆို ဆုတောင်းတဲ့ဖားကတောင်းစဉ်းစားတဲ့ ဖားကစဉ်းစား ပြန်လုပ်ရင်း ဆဌမမြောက်ဖား ဆက်တက်နေလား အပေါ်ရောက်လား ပြုတ်ကျလာမလား သတိမထားမိကြတော့ဘူး။

ဒီလိုနဲ့ အချိန်တွေ ကုန်လာရင်း
ညနေ့ နေ၀င်ချိန်ရောက်လာပါတော့တယ်။

ရေတွင်းထဲမှာ
အလင်းရောင် နည်းလာသလို ကယ်မယ့်သူများ ပေါ်လာလေမလား မျှော်လင့်ချက်နဲ့ ရေတွင်း အ၀ဆီ မှန်းမျှော်ကြည့်ရင်း “ ကယ်ပါ ယူပါ ” ဖားတွေ အော်ဟစ် အကူအညီတောင်းကြပြန်တယ်။

အဲဒီလို အော်သံတွေနဲ့ရေတွင်းထဲမှာ
ဆူညံနေတုန်း ရေတွင်းထဲကို မြွေကြီးတစ်ကောင် ဆင်းလာပါတော့တယ်။

အော်နေတဲ့ ဖားတွေလည်း
အသံတိတ်သွားသလို ဒီတစ်ခါတော့ သူတို့ဘ၀လမ်းဆုံးသွားပြီ ဖြစ်ကြောင်း မျှော်လင့်ချက်မဲ့စွာ ဆောက်တည်ရာမရ ဖြစ်သွားပါတော့တယ်။

မြွေကြီးလည်း တစ်ဖြည်းဖြည်းနီးကပ်လာသလို ဖားတွေလည်း သေခြင်းတရားကို မငြင်းဆန်လိုတော့ဘဲ မျက်လုံးတွေကို မှိတ်ချလိုက်ပါတော့တယ်။

“ ဟေ့ သူငယ်ချင်းတို့ ငါချလိုက်တဲ့
နွယ်ကြိုးမှီရဲ့လား မှီရင် မြန်မြန်တက်လာကြ ဟေ့ မှောင်တော့မယ် ”

အထက်ပါ အသံကို ကြားတော့
ရေတွင်းထဲက ဖားတွေလည်း အံသြ၀မ်းသာမှုတွေနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူတို့ထင်ထားတဲ့ မြွေက သူတို့ရဲ့သူငယ်ချင်း ဆဌမမြောက်ဖား ချပေးတဲ့ နွယ်ကြိုးဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။

ဖားတွေလည်း ၀မ်းသာ ပျော်ရွှင်သွားကြရင်း နွယ်ကြိုးကို တွယ်တက်ကာရေတွင်းထဲမှလွတ်မြောက် သွားကြတယ်။

သူတို့အားလုံးကို ကယ်တဲ့ ဆဌမမြောက်ဖားကို ကျေးဇူးတင်စကားတွေ ပြောလို့ မ၀သလို ဆဌမမြောက်ဖားရဲ့ ဇွဲ လုံ့လ ဝီရိယနဲ့ ကြိုးစား အားထုတ်မှုတွေကိုလည်း ချီးကျူး ဂုဏ်ပြုစကား ပြောဆိုကြရင်း သီချင်းများ သံပြိုင်သီဆိုကာ ပျော်ရွှင်စွာအိမ်သို့ ပြန်သွားကြပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။

သင့်ရဲ့ဘ၀မှာ အခက်အခဲပြသနာတွေနဲ့
ကြုံတွေ့ရတဲ့အခါ ... ပထမ ဖားလို ...
စိတ်ဓာတ်ကျလွယ် ဘ၀ကို အရှုံးပေးလွယ်တဲ့သူ မဖြစ်ပါစေနဲ့။

ဒုတိယ ဖားလို ...
ဘ၀ကို ရေစုန်မျောသလို ဘ၀ကို
အလေးအနက်မရှိ မဖြစ်ပါစေနဲ့။

တတိယ ဖားလို ...
ကိုယ်ရဲ့အစွမ်းအစကို မထုတ်ဖော်ဘဲ
သူတစ်ပါးအပေါ် မှီခိုသူ မဖြစ်ပါစေနဲ့။

စတုတ်ထ ဖားလို ...
ကြိုးစားလိုစိတ်မရှိ အဆိုးမြင်စိတ်တွေနဲ့
အပြစ်မြင်သူ မဖြစ်ပါစေနဲ့။

ပဉ္စမ ဖားလို ...
မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ
တွေဝေသူ မဖြစ်ပါစေနဲ့။

ဘ၀မှာ အောင်မြင်ချင်ရင် ...
ဆဌမ ဖားလို ...
ကျောက်စွန်းမှ ပြုတ်ကျတော့မယ့်
အနေအထားလို ကြိုးစားရမယ်။

အောက်ပြုတ်ကျရင် သေမယ်၊ အသေခံမလား အောင်မြင်သူ အဖြစ်ရပ်တည်မလား။

အင်္ကျီမှာ မီးဆွဲလောင်တဲ့အခါ ချက်ခြင်းငြိမ်းသတ်ဖို့ အားသွန် ခွန်စိုက် ကြိုးစားသလိုမျိုး နေ့ရက်တိုင်းမှာ ကြိုးစားမှုတိုင်းမှာ ဇွဲ လုံ့လ ဝီရိယအပြည့်နဲ့ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်မှု ရှိရမယ်။

ဘယ်သူတွေ ဘာပဲပြောနေနေ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်မှုတွေဘယ်လောက်ပဲရှိနေနေ ယုံကြည်ရာ လမ်းကို စိတ်ဓာတ်ခိုင်မာစွာ အောင်မြင်အောင် အရောက်လှမ်းရမယ်။

မိမိကိုယ်ကိုမြင် အားနည်းချက်တွေပြင်ရင်း ဘ၀မှာ အောင်မြင်သူတွေ ဖြစ်နိုင်ကြပါစေ။

ပြန်လည်မျှဝေပါသည် 😍

17/01/2024

ဆရာကြီးအောင်သင်းရဲ့ စကားလေး
=======================

လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး

တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ

ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး

"ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့

ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်
ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်

ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်
ကြီးလာတော့ ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ

အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘာလို့ လက်မခံနိုင်ကြတာလဲ
တခါတလေ ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်
ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်မပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်

အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်

ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့
အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ

ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်

ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ

ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက မယုံမရှိပါနဲ့ တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။

"ဒါတွေ ဖြစ်လာပြီ ဆိုရင် အတော်အသင့် ရင့်ကျက်လာပြီ"
*******************
#အချစ် ဆိုတာ
ဘဝရဲ့ အစိတ်အပိုင်း
တစ်ခုလောက် ပါပဲ ဆိုတာ
တစ်ဖြည်းဖြည်း နားလည် လာခဲ့ရပါပြီ။

ဘဝ နဲ့ အချစ် မှာ
ပိုင်ဆိုင်ရမယ့် အရာတွေ၊
လက်လွှတ်ရမယ့် အရာတွေ ရဲ့
အကြောင်း တွေကိုပါ သိလာပြီ ဆိုခဲ့ပါရင်
ဒါဆို သင် ရင့်ကျက်လာပြီ။

#ငယ်ငယ်တုန်း ကတော့
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့
ယုံကြည် ခဲ့ ဖူးပါတယ်

လက်တွေ့ ဘဝ မှာတော့
ဘာတွေကို ကြိုးစား ရမယ်၊
ဘာတွေကို လျစ်လျှူ ရှု တတ်ရမယ်
ဆိုတာ သဘောပေါက် သွားခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

#အရှုံး ဆိုတာ
နာကျင် စရာ မဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ

အရှုံးတွေနဲ့ မကြာခဏ ဆိုသလို
ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့
တံဆိပ်ကပ် မခံရအောင်
သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပါပြီ။

#ဟိုးတုန်းက
သင်ယူတယ် ဆိုတာ
ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ်

နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ
အသုံးချဖို့၊
မျှဝေဖို့၊
စတဲ့ တိကျတဲ့
အကြောင်းအရင်းတွေနဲ့
သင်ယူ လာတယ်။

ဒါဆို သင် ရင့်ကျက်လာပြီ။

#ဝမ်းနည်း နေပေမယ့် ပြုံးနေမိတယ်

ရင်ထဲ ဝမ်းသာပေမယ့်
တည်ငြိမ်အောင် နေနေ လာနိုင် တယ်

ဒါဆို သင် ရင့်ကျက်လာပါပြီ။

#လူဆိုတာ
အကောင်းနဲ့အဆိုး ရောနေတဲ့
သူတွေ မှန်း သိလာရတယ်

ဒါပေမယ့်
ကောင်းတဲ့အချက်တွေကိုပဲ
မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို
လျစ်လျူ ရှု တတ်လာ ပါမယ်

ဒါဆို သင် ရင့်ကျက်လာပြီ။

#အစပိုင်းမှာ
လူတွေ သတ်မှတ် ထားတဲ့
အောင်မြင်မှုကို ရှာတယ်

နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်

ဒါဆို ရင့်ကျက်လာပြီ။

#ဘယ်အချိန်မှာ ပြောရမယ်၊

ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

#လူတွေရဲ့ စကားကို
ဂရု မစိုက်တတ်ဘူး

ဒါပေမယ့်
ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့
ဂရုစိုက် တတ်လာပြီ

ဒါဆို ရင့်ကျက်လာပြီ။

#အဆိုးတွေ နဲ့ ကြုံရတိုင်း
ဝမ်းမနည်း တတ်တော့ဘူး

ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ
သိ သွားပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။

မူရင်းလေးသားတင်ပြသူအား
လေးစားစွာဖြင့် Credit. ပေးပါတယ်။

16/12/2023

#ပန်းကမ်းသောလက်

#တခါတုန်းက ...
ပန်းသည်မလေးတစ်ဦးဟာ
ပန်းအများစုကို ရောင်းချပြီးနောက်
မိုးချုပ်လာတာကို သတိပြုမိပါတယ်။

ဒီတစ်နေ့တော့ ...
စောစောပြန်မယ်လို့ ဆုံးဖြတ်
လိုက်ပါတယ်။

ရောင်းလို့ကျန်နေတဲ့
နှင်းဆီပန်းတစ်ပွင့်ကို
လမ်းဘေးမှာရှိတဲ့
တောင်းစားနေတဲ့
သူတောင်းစားတစ်ယောက်ကို
ပေးလိုက်ပြီး
ပျော်ပျော်ရွှင်ရွှင်နဲ့
ပြန်သွားပါတော့တယ်။

သူတောင်းစားလေးဟာ
ဒီလောက်ကောင်းမွန်တဲ့ အဖြစ်အပျက်
မိမိအပေါ်မှာ ကျရောက်လာခဲ့လိမ့်မယ်ဆိုတာ
ဘယ်တော့မှ မျှော်လင့်မထားခဲ့ပါဘူး။

အဲဒီနေ့
တောင်းစားဖို့ စိတ်ဆန္ဒမရှိတော့ပါဘူး။

သူအိမ်ပြန်ဖို့ ဆုံးဖြတ်ပြီး
အိမ်ပြန်သွားပါတယ်။

အိမ်လို့သာခေါ်တာပါ...

ရှုပ်ပွနေပါတယ်။ တဲစုပ်သာသာရှိတဲ့
အဆောက်အဦးငယ်တစ်ခုမှာပါ။

မြို့ပြင်မှာတည်ရှိပါတယ်..

အိမ်ရောက်တာနဲ့
သူတောင်းစားလေးဟာ

ဖန်ပုလင်းတစ်ခုကို ရှာဖွေလိုက်တယ်။

ရေဖြည့်လိုက်တယ်။

ပြီးရင် နှင်းဆီပန်းကို ထိုးလိုက်ပါတယ်။

ပြီးရင်စားပွဲခုံမှာ တင်လိုက်ပါတယ်။

ကြည့်ရင်းကြည့်ရင်း သူတစုံတခုကို
ချက်ချင်းသတိရလိုက်သလိုပဲ
နှင်းဆီပန်းကို ပုလင်းထဲက ပြန်ထုတ်တယ်။

ပုလင်းကို သေသေချာချာ
ဆေးကျောတယ်၊ ရေပြန်ဖြည့်တယ်။
ပြီးရင် ပန်းပြန်ထိုးတယ်။

ပြီးရင် သေသေချာချာထိုင်ပြီး
ပန်းကိုပြန်ကြည့်တယ်။

ချက်ချင်းဆိုသလိုပါပဲ
သူတစ်ခုခုသိလိုက်တယ်။

ပန်းနဲ့ပုလင်းတော့
ကြည့်ကောင်းလာပေမဲ့
တင်ထားတဲ့ စားပွဲနဲ့မလိုက်ဘူး။

စားပွဲက ညစ်ပတ်လွန်းတယ်၊
သူစားပွဲကို သန့်ရှင်းအောင်
ရှင်းလင်းပြန်တယ်။

နောက်တစ်ဆင့် စားပွဲဘေးကို ရှင်းတယ်။
ရှင်းရင်းရှင်းရင်း အခန်းတစ်ခုလုံးကိုရှင်းတယ်၊
နံရံကို ဆေးကြောပြီး ရှင်းတဲ့ အထိဖြစ်သွားတယ်။

ပစ္စည်းအားလုံးကိုလည်း သူ့နေရာနဲ့သူ
အစီအစဉ်ကျအောင် ရှင်းလိုက်ပါတယ်။

အားလုံးရှင်းပြီးလို့ သူပြန်ထိုင်တယ်။
နှင်းဆီပွင့်ကို သေသေချာချာပြန်ကြည့်ပါတယ်။

နှင်းဆီပွင့်မှ ထွက်ရှိလာတဲ့
ပန်းရနံ့လေးကို သူရှုရှိုက်မိတယ်။

နှင်းဆီပွင့်ကို ယစ်မူးနေတဲ့အချိန်မှာပဲ
အခန်းထောင့်မှာ ခုနက ထားထားတဲ့
ကြည့်မှန်တစ်ချပ်ကို သူတွေ့လိုက်တယ်။

သူကြည့်မှန်ကို ကောက်ကိုင်ပြီး
ကြည့်လိုက်တယ်။

မှန်အထဲကလူ

ဆံပင်က ဖရိုဖရဲ

အ၀တ်အစားကလည်း
စုတ်ပျက်ပျက်၊

မျက်နှာကလည်း မဲတူးတူး

သူဒီလို ရုပ်မျိုးဖြစ်တယ်ဆိုတာ
သတိမထားမိတာ ကြာလှပါပြီ။

အဲဒီတော့ ဘာလုပ်မလဲ၊
အနီးအနားမှာရှိတဲ့ ချောင်းတစ်ခုကို
ပြေးပြီး ရေချိုးတယ်။

နည်းနည်းဟောင်းနွမ်းနေပေမဲ့
ကြည့်လို့ကောင်းတဲ့ အ၀တ်တစ်ထည်ကို
ရွေး၀တ်လိုက်ပါတယ်။

မုတ်ဆိတ်ရိတ်လိုက်တယ်။

ဆံပင်ကို သပ်ရပ်အောင်
သေသေချာချာ ပြင်ဆင်ဖီးလိုက်ပါတယ်
မှန်ထဲကိုပြန်ကြည့်လိုက်တယ်။

ရုပ်သန့်သန့်လူငယ်တစ်ယောက်
သူမြင်လိုက်တယ်။

စားပွဲမှာတင်ထားတဲ့ နှင်းဆီပွင့်နဲ့
တော်တော်လိုက်ဖက်လာပြီလို့
သူခံစားလိုက်ရတယ်။

အသိတစ်ခုထပ်၀င်သွားတယ်၊

ငါဒီလောက်တောင်
ခြေလက်အင်္ဂါကောင်းပြီး ရုပ်သန့်တာ
ဘာဖြစ်လို့ တောင်းစားနေရပါလိမ့်

တစ်သက်နဲ့တကိုယ်
ဒီလိုမေးခွန်းမျိုး
ကိုယ့်ကိုယ်ကို
တစ်ခါမှ မမေးခဲ့ပါဘူး။

သူတစ်ကိုယ်လုံး
ကြက်သီး ထသွားတယ်။

သူ့ရဲ့ လိပ်ပြာနိူးထလိုက်သလိုပါပဲ။

သူနှင်းဆီပွင့်ကို စူးစူးကြည့်လိုက်တယ်။

ဘ၀အတွက်
အရေးကြီးဆုံးဖြစ်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို
သူခိုင်ခိုင်မာမာ ချလိုက်ပါတယ်။

သူတောင်းစားလေး
နောက်တစ်နေ့ မတောင်းစားတော့ပါဘူး။

သူအလုပ်သွားရှာပါတော့တယ်၊

ညစ်ပတ်တာကို
မကြောက်တာရယ်၊

မောပန်းတာကို မစိုးရိမ်တာရယ်ကြောင့်
သူ အဲဒီနေ့မှာပဲ အလုပ်ရသွားပါတယ်။

သူကြိုးကြိုးစားစားလုပ်ပါတယ်။

သူစိတ်ထဲမှာ
နှင်းဆီတွန်းအားရှိနေတာကိုး၊

ဒီလိုကြိုးစားရင်းကြိုးစားရင်းနဲ့
ကိုယ်ပိုင်အလုပ်
သူတည်ထောင်နိုင်သွားပါတယ်။

နောက်ပိုင်းအောင်မြင်တဲ့
လုပ်ငန်းရှင်ဖြစ်သွားပါတယ်။

နှစ်ပေါင်းတော်တော်ကြာသွားပါတယ်။

သူ နှင်းဆီပေးတဲ့ကောင်မလေးကို
ပြန်တွေ့အောင်ရှာပါတယ်။

သူပိုင်တဲ့ စည်းစိမ်တစ်၀က်
ပေးလိုက်တယ်လို့ဆိုပါတယ်။

နှင်းဆီတစ်ပွင့်ထဲ
အဲ့လောက်ဖြစ်နိုင်လားလို့
အမျိုးသမီး ကမေးပါတယ်။

ကောင်မလေးက
အမျိုးသမီးကြီးတောင်ဖြစ်နေပါပြီ။

#အဲဒါနှင်းဆီမဟုတ်ဘူး။

#အဲဒါမျှော်လင့်ချက်၊

#ဘ၀အတွက်အရေးပါဆုံးမျှော်လင့်ချက်၊

#လှပတဲ့အနာဂတ်တည်ဆောက်ဖို့
မျှော်လင့်ချက် လို့ သူကပြန်ဖြေပါတယ်။

ပန်းကမ်းသောလက်ဟာ
မွေးရနံ့တော့
လက်မှာ ကျန်ခဲ့တတ်ပါတယ်။
ဆိုတဲ့စကားပုံ အဲဒီပုံပြင်က
လာတယ်လို့ဆိုပါတယ်။

လူတိုင်းမှာ
အရည်အသွေးကိုယ်စီ ရှိပါတယ်။

လူတိုင်းဟာ ထူးချွန်ပါတယ်။
ကိုယ့်ကိုယ်ကို
ယုံကြည်မူအပြည့်ရှိဖို့သာလိုအပ်ပါတယ်။

ဘယ်သောအခါမှ ကိုယ့်ကိုယ်ကိုယ်
မစွန့်လွှတ်ဖို့၊
ဘ၀ကို အရှုံးမပေးဖို့
တိုက်တွန်းလိုပါတယ်။

#ဘဝအားမာန်
crd

01/12/2023

တရားတဲ့အလုပ်ရယ် မတရားတဲ့အလုပ်ရယ် နှစ်မျိုးရှိတယ်
မိတ်ဆွေ ဘာတွေလုပ်နေလဲ

Want your school to be the top-listed School/college in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thingangyun