Save The Trees

Save The Trees

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Save The Trees, Nonprofit Organization, Toungoo.

Photos from Save The Trees's post 29/04/2025

#အင်းလေးရဲ့မနက်ဖြန်များစွာ(၄)
ကျွန်တော်တို့ အင်းလေးအတွက် ကူညီကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးတွေဟာ နှစ်စဉ်ကူညီနေရမယ့်အခြေနေတခု ဖြစ်လာဖို့ရှိပါတယ်
အင်းလေးကန် ကောလာမှုနဲ့အတူ အင်းလေးရဲ့ဂေဟစနစ်ပျက်သုံးပြီး ဇီ၀မျိုးစိတ်‌တွေဟာလည်း ပျောက်ကွယ်သွားမှာပါ လက်ရှိအခြေနေတိုင်းသာဆို တောင်ပေါ်ဒသရဲ့ ရေချိုကန်လို့ ကမ္ဘာကသိတဲ့ အင်းလေးဟာ နှစ်၃၀အတွင်း လုံး၀ပျောက်ကွယ်သွားမှာပါ

အင်းလေးကန်တိမ်ကောလာမှုနဲ့အတူ နှစ်စဉ်ဆိုးဝါးတဲ့ရေကြီးရေလျှံမှုကို ကြုံတွေ့လာရတော့မှာပါ အဲ့တော့ အင်းလေးကန်တည်မြဲဖို့ အင်းလေးကန်ထဲ နုန်းတွေ့ပို့ချပေးနေတဲ့ ရေဝေရေလဲဒေသတွေကို ပြုပြင်ထိမ်းသိန်းကာကွယ်ဖို့လိုပါတယ် သစ်ပင်တွေစိုက်ဖို့လိုပါတယ်
အင်းလေးရဲ့ ဂေဟစနစ်ဟာ ‌ပြီးခဲ့တဲ့ရေကြီးမှုကတည်းကတော်တော်ပျက်စီးသွားပါတယ်အထူးသဖြင့် အင်းမျိုးရင်ငါးတွေ ရဲ့ အစာဖြစ်တဲ့ ရေညှိရေမှော်တွေ နုန်းတွေပိပြီးသေဆုံးကုန်တာရယ် အင်းရေနောက်ကျိပြီး အောက်ဆီဂျင်နည်းသွားတာကြောင့် ဒေသငါး‌တွေ သေကုန်ပါတယ် အောက်စီဂျင်နည်းပါးလည်း အသက်ရှင်နိုင်တဲ့ ကျုးကျော်မျိုးစိတ်ငါးတွေ မတရားပွားများလာပါတယ်

အင်းအပေါ်မှီတင်းနေထိုင်တဲ့ငါးအပါအ၀င်အခြားသော ငှက်တွေ မွေ့တွေအင်းဆက်တွေရဲ့ အစာကွင်းဆက်နဲ့ ရှိနေတဲ့အတွက် ဒေသ မျိုးစိတ်တွေကို ထိမ်းသိန်းရေးအတွက်ပါ တပါတည်းလုပ်ဆောင်ဖို့လိုပါတယ်

ဒီနေ့‌ ကျွမ်းကျင်ပညာရှင်တချို့နဲ့ အင်လေးရဲ့ ငှက်နဲ့မြွေမျိုးစိတ်တွေကို လေ့လာမှတ်တမ်းတင်ခဲ့ပြီး မနက်ဖြန်ရောက်မည့် ငါးနဲ့ရေနေသတ္တာဝါပညာရှင်
တွေနဲ့အတူ ငါးနဲ့ ရေနေသတ္တဝါ‌တွေကို လေ့လာမှတ်တမ်းတင်ပြီး ငလျင်ရဲ့သတ်ရောက်မှုကြောင့် အင်းလေးရဲရေအရင်းမြစ် နုန်းပို့ချမှု မြစ်ကြမ်းပြင်အခြေနေ ရေအတိမ်အနက်ပြောင်းလဲမှုတွေကို ခေတ်မှီစက်ကိရိယာတွေနဲ့ လေ့လာမှတ်တမ်းတင်သွားမှာပါ
ဆက်ရန်

22/04/2025

#အင်းနဲ့မနက်ဖြန်များစွာ(၃)
အင်းလေးကန်ကို ရေစီး၀င်တဲ့ ရေဝေရေလဲ‌နေရာတွေမှာ ကိုလိုနီခေတ်က အင်္ဂလိပ်တွေ နုံး တားကန် ကိုးခုဆောက်ပြီး ‌ ထိမ်းသိန်းခဲ့ပါတယ်
ကန်မရှိတဲ့ အခြမ်းတွေမှာတော့ ကန်တူးဖို့ ရွေ့ပြောင်းတောင်ယာနဲ့ ဓားမဦးချပိုင်ဆိုင်မှု ဓလေ့တွေကြောင့် အကောင်ထည်ဖေါ်ဖို့အခတ်ခဲရှိနေပါတယ်

အင်းလေးကန်ကို ရေစီး၀င်တဲ့ ရေချောင်းသုံးခုထဲကတခုကိုရောက်ခဲ့ပါတယ် တချိန်က အတန်သင့်ကျယ်၀န်းတဲ့ချောင်းတခုပါ သုံးနှစ်တကြိမ် နုံး တွေပြည့်သွားလို့ ဘက်ဖိုးနဲ့ဖော်လိုက် ချောင်းဘေးပုံလိုက်နဲ့ ကြာတော့ မြောင်းသာသာဖြစ်ပြီး ကောသွားတာပါ

ချောင်းထိပ်မှာတော့ တာပိတ်ပြီး နုံးတွေကို ချောင်းထဲစုပုံစေပြီး အပေါ်ကရေကြည်ကိုဘဲ အင်းထဲစီး၀င်စေတာပါ အဲ့လိုမှမဟုက်ရင် အင်းလည်ဟာ ငါးနှစ်အတွင်းကောပြီး စက်လှေသွားမရတဲ့ အထိဖြစ်သွားမှညပါ မြောင်းကလည်း သုံးနှစ်တကြိမ်ဖေါ်နေရပါတယ်

ဒါတွေကလည်း လုံလောက်တဲ့ အနေထားတခုလုံးမဟုတ်သေးပါဘူး
ဆက်ရန်

21/04/2025

#အင်းလေးနဲ့မနက်ဖြန်များစွာ(၁)
ကျွန်တော်က လူမှုကူညီရေးတွေ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဆောင်ကူညီနေတဲ့အပြင် ကျွန်တော့ရဲ့မူရင်းပင်မအလုပ်က သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုတာလည်း တချို့သိကြမယ်ထင်ပါတယ်

အင်းလေးကန် ငလျင်ဘေးသင့် ပြန်လည်ထူထောင်ရင်း အင်းလေးကန်ရဲ့ ဂေဟစနစ်ပျက်စီးမှုနဲ့အတူ တဖြည်းဖြည်းနဲ့ တိမ်ကောပျောက်ကွယ်သွားတော့မည့် အင်းလေးကန်ရဲ့ အနာဂတ်ကိုလည်း မြင်ရ လေတော့ ဗီဇစိတ်ကမနေနိုင်ခဲ့ပါဘူး

ပထမကြိမ်ရေးဘေးသင့်ပြီး ဒုတိအကြိမ်ငလျင်ဘေးသင့်ခဲ့တဲ့ အင်းသားတွေရဲ့ သောကတွေဟာ ထက်ပြန်တလဲလဲ ကြုံရမည့် ရေကြီးမှုတွေကို ဂျာအေးသူ့အမေရိုက် ကူညီနေတာထက် ဖြစ်လာမည့်အရင်းမြစ်ကို ရှာဖွေပြီး ကာကွယ်ပေးဖို့လိုပါတယ်

ဒီအတွက် နိုင်ငံတကာအဖွဲ့စည်းအစုံ ပြည်တွင်းအဖွဲစည်းစုံ ၀င်ရောက်ကူညီဖို့ လုပ်ဆောင်ခဲ့ကြပေမည့် ငါးနှစ်တာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားခဲ့ပါတယ် ဘယ်သူကူကူမကူကူ
ကိုယ်ထုကိုယ်ထပြီး အင်းသားတွေနဲ့အတူ သုံညကပြန်စပြီး ‌အခြေနေတခုရောက်အောင် ၀န်းရံကူညီဖို့
ကျိုးစားနေပါတယ်
လက်တလောပြန်လည်ထူထောင်ရေးအတွက်အခက်ခဲတွေနဲ့ ဘာတွေလိုအပ်ချက်ရှိတယ်ဆိုတာရယ်
အင်းလေးကန်ဂေဟစနစ်ပျက်စီးမှု
ရေဝေရေလဲဒေသတွေပျက်စီးမှု
သဘာ၀ဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံမှုတွေကိုကာကွယ်နိုင်ဖို့
နယ်ခံပရဟိတအသင်းတွေ အင်းလေးကိုရောက်ရှိကူညီနေတဲ့အသင်းတွေနဲ့ သဘက်ခါတွေ့ဆုံဆွေးနွေးတိုင်ပင်အဖြေရှာသွား ဖို့ရှိပါတယ် ဒီနေ့သွားရောက်ခဲ့တဲ့ videoမှတ်တမ်းလေးကိုလည်း တင်ပေးထားပါတယ်

Want your organization to be the top-listed Non Profit Organization in Toungoo?
Click here to claim your Sponsored Listing.

Telephone

Website

Address


Toungoo