LearnHub Myanmar

LearnHub Myanmar

Share

“Education for All” and “No One Left Behind”

11/12/2023

Your knowledge is far more important than your degree.
ဘွဲ့လက်မှတ်တွေထက် အသိပညာရှိဖို့က ပိုအရေးကြီးတယ်။

11/11/2023

“MBA Programကို ဘယ်သူတွေ တက်ရောက်လေ့လာသင့်လဲ?”

🎓MBAကို ဌာနအလိုက် Functional အရာရှိတွေ မန်နေဂျာရာထူးနဲ့အထက်ကို ထမ်းဆောင်ရတော့မယ်ဆိုရင် ဌာနပေါင်းစုံနဲ့ အချိတ်အဆက် ကောင်းမွန်စေဖို့၊ ဌာနပေါင်းစုံကို ထိန်းကျောင်းနိုင်ဖို့ သင်ယူရတာ ဖြစ်ပါတယ်။

🎓 စီးပွားရေး ဘွဲ့ရမဟုတ်သူတွေ၊ ဆရာ၀န်တွေ၊ အင်ဂျင်နီယာတွေ၊ နည်းပညာသမားတွေလည်း စီမံအုပ်ချုပ်ရတဲ့ရာထူးမျိုး တက်လှမ်းဖို့အတွက် MBA ဘွဲ့ လိုအပ်လေ့ရှိပါတယ်။

🎓 နိုင်ငံတကာမှာတော့ ကုမ္ပဏီတွေက သူတို့အတွက် အရေးပါတဲ့ ဝန်ထမ်းကောင်းတွေ ရာထူးမြင့်တွေအတွက် ပြင်ဆင်ပေးဖို့ကို MBA အတန်းကို ထားပေးလေ့ရှိပါတယ်။

🎓 ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူတွေ၊ လုပ်ကိုင်လိုသူတွေလည်း စီးပွားရေး စီမံခန့်ခွဲမှု ဘာသာအားလုံးကို ခြုံပြီးလေ့လာနိုင်တဲ့ MBA ကို တက်ကြပါတယ်။

🎓 အနည်းဆုံး အသက် ၂၅-၃၀ လောက်ရှိပြီး လုပ်သက် ၅ နှစ်လောက် ရှိရင်တော့ အကောင်းဆုံးပါပဲ။

MBAကို တက်ရောက်လေ့လာလိုသူများအတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

09/11/2023

“မှတ်ဉာဏ်အားကောင်းစေတဲ့ အစားအစာများ”

စာကြိုးစားနေသူတို့အတွက် မိမိသင်ယူနေတဲ့ ဘာသာရပ်တွေကို ကောင်းမွန်စွာ ကျက်မှတ်လေ့လာနိုင်ဖို့အတွက် မှတ်ဉာဏ်မြင့်မားဖို့လည်း အထူးအရေးကြီးပါတယ်။ ဉာဏ်ကောင်းတဲ့ ဦးနှောက်လေးရဲ့ ပိုင်ရှင်ဖြစ်ဖို့အတွက် မိမိနေ့စဉ်စားသုံးတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်ပါတာမို့ မှတ်ဉာဏ်အားကောင်းစေပြီး ဦးနှောက်နဲ့ အာရုံကြောကို ကျန်းမာသန်စွမ်းစေတဲ့ အစားအစာများကို ဝေမျှပေးလိုက်ပါတယ်။

🍊 လိမ္မော်သီး
လိမ္မော်သီးတစ်လုံးစားခြင်းဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်စီ အားလုံးကို ရရှိနိုင်ပါတယ်။ ဗီတာမင်စီက စိတ်ဓာတ်ကျဆင်းမှုကို ဟန့်တားပေးနိုင်တဲ့အတွက် ဦးနှောက်ကျန်းမာရေးကောင်းမွန်ဖို့အတွက် အထောက်အကူပြုပါတယ်။ သွေးထဲတွင် ဗီတာမင်စီ ပမာဏ မြင့်မားနေခြင်းက အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်တို့ကို အားကောင်းစေပါတယ်။ ဗီတာမင်စီသည် ဦးနှောက်ဆဲလ်များကို ပျက်စီးစေနိုင်တဲ့ ဖရီးရယ်ဒီကယ်များကို တိုက်ထုတ်ရန် အစွမ်းထက်တဲ့ Antioxidantလည်း ဖြစ်တာကြောင့် အသက်ကြီးလာတာနဲ့အမျှ ကြီးမားတဲ့ စိတ်ကျရောဂါ၊ စိုးရိမ်သောက၊ စိတ်ကစဉ့်ကလျားရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါတို့ကဲ့သို့သော အခြေအနေများကို ကာကွယ်ပေးနိုင်တာမို့ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

🐳 အဆီကြွယ်တဲ့ ငါးများ
ဆော်လမွန်ငါး၊ ဆာဒင်းငါးနဲ့ တူနာအစရှိတဲ့ ငါးအမျိုးအစားများမှာ Omega-3 Fatty Acids ကြွယ်ဝစွာ ပါဝင်တာကြောင့် ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုစေပါတယ်။
လူ့ဦးနှောက်ဆဲလ်တွေရဲ့ ၆၀% ကို အဆီတွေနဲ့ ဖွဲ့စည်းထားပြီး အဆီတွေရဲ့ တစ်ဝက်ကတော့ Omega-3 အဆီတွေပဲ ဖြစ်ပါတယ်။ ဦးနှောက်က Omega-3 ကို အာရုံကြောနှင့် ဦးနှောက်ဆဲလ်တွေ တည်ဆောက်ရာမှာ အသုံးပြုပြီး မှတ်ဉာဏ်စွမ်းရည် တိုးတက်စေကာ ဦးနှောက်စွမ်းရည်ကျခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ငါးစားခြင်းက စိတ်ကျဝေဒနာနဲ့ စိတ်ရှုပ်ထွေးမှုတို့ကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။

💡 ဖရုံစေ့
ဖရုံစေ့မှာ ခန္ဓာကိုယ်နှင့် ဦးနှောက်ကို Free Radical ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် Antioxidant များ ပါဝင်ပါတယ်။ ဖရုံစေ့မှာ Magnesium၊ Iron၊ Zinc နှင့် Copper ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ၄င်းအာဟာရဓာတ်တိုင်းဟာ ဦးနှောက်ကျန်းမာရေးအတွက် အရေးပါကြပါတယ်။

သင်တို့ရဲ့ ဦးနှောက်လေး ကျန်းမာသန်စွမ်းပြီး မှတ်ဉာဏ်စွမ်းရည်မြင့်မားစေဖို့ ဖော်ပြပါအစားအစာလေးတွေကို ရွေးချယ်စားသုံးပေးဖို့ မမေ့နဲ့နော်။

Want your school to be the top-listed School/college in Yagon?
Click here to claim your Sponsored Listing.

Category

Website

Address


Yagon