ClementAung Life Insurance

ClementAung Life Insurance

Share

Let us protect your wealth, finance and family ���

Photos from ClementAung Life Insurance's post 22/05/2022

“Living too short is a problem
Living too long is also a problem “

အခုခေတ် လူတိုင်းလည်း ကားစီး နေကြချိန်မှာ
ကိုယ့် ကိုကိုယ် ပြန်မေးကြည့်ကြည့်ပါ …

Airbags ပါ တဲ့ ကား စီးမလား Airbags မပါတဲ့ ကား စီးမလား ?

အဖြေ ကတော့ သိသာလွန်းပါတယ် အသက်အန္တရယ် ကိုကာကွယ် ဖို့ လူတိုင်းကတော့ Airbags ပါတဲ့ ကားကိုပဲ သေချာပေါက် ရွေးချယ် ကြမှာ ပါပဲ ။
ဘာလို့ လည်း ဆိုရင် မမျှော် လင့်ပဲ တစ်ခုခု ဖြစ်လာခဲ့ရင် အနည်းနဲ့ အများ အကာအကွယ် လိုချင်ကြလို့ပါပဲ …

ထို့ အတူ အခုခေတ် ကားဝယ်ရင် Airbags မပါတဲ့ ကားလည်း ဝယ်လို့ မရပါဘူး … ငါ့ ကားထဲ ဒီ Airbags မထည့်ချင်ဘူး ဆိုပီး မရပါဘူး မဖြစ်မနေ Airbags က ပါကို ပါလာမှာ ပါ ….

ကျွန်တော် တို့ ဘဝ တွေ မှာ လည်း အဲ့လိုပါပဲ … ကားထဲ က Airbags တွေလိုပဲ အသက်အာမခံ ကလည်း တကယ်လို့ သာ မမျှော်လင့် ထားတဲ့အရာ တွေ ဖြစ်လာရင် ငွေရေးကြေးရေး နဲ့ ပတ်သတ်ပီး ကိုယ်ကို တိုင်ရော ကိုယ်တာဝန်ယူထားရတဲ့ ကိုယ်ချစ်တဲ့ တန်ဖိုးမဖြတ် နိုင်တဲ့ မိသားစုလေး အတွက်ရော ငွေရေးကြေးရေးဆိုင်ရာ အကာအကွယ် ရရှိဖို့ မဖြစ်မနေ ရှိကို ရှိထားသင့် တာကတော့ အသေအချာပါပဲ ။

တကယ်တော့ ကျွန်တော် တို့က အဓိက ကို မေ့နေကြတာပါ ။
ကျွန်တော် တို့ က အရေးကြီးတာ ကို ကံပေါ် ပုံချပီး မျက်ကွယ်ပြုပီး ဘဝ ကို ရှင်သန်နေခဲ့ ကြမိတာပါ ။

မိတ်ဆွေ တို့လည်း အသက်အာမခံ အကြောင်း သေချာမသိသေးလို့သာ မလိုအပ်သယောင် ထင်နေခဲ့ကြတယ် ဆိုတာ ကျွန်တော်ကိုယ်တိုင် လူထဲ က လူတစ်ယောက်ပဲ မို့ ခံစားမိတယ် …

အသက်အာမခံ အကြောင်း ဗဟုသုတ ရရုံဖြစ်ဖြစ် သိချင်ရင်ကို ကျွန်တော် messenger ကနေ တဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်း လို့ရပါတယ် ။

Aung Kyaw Thet
Insurance advisor
[email protected]

13/05/2022

သင်ကိုယ်တိုင်နဲ့ သင်ချစ်ရတဲ့မိသားစု အတွက် Manulife Myanmar ကနေပြီးတော့ “Love & Care for Shwe Mandalar”ခေါင်းစဉ်ဖြင့် ရွှေမန်းလေးသားတို့ အတွက် ပိုမိုကောင်းမွန်သော ငွေကြေးအနာဂတ်ကို ဖန်တီးပေးဖို့ အတွက် မြန်မာနိုင်ငံမှာ အသက်အာမခံ ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဏ နဲ့ ကြီးမားတဲ့ Business အခွင့်အလမ်း အကြောင်းကို Manulife Game Changer Region မှ လာရောက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။

စိတ်ဝင်စားသူတွေအနေနဲ့ အခုပဲ messenger (or) QR linkကနေ တဆင့် စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်။

မနက်ဖြန် K Mandalay မှာ ဆုံတွေ့ကြမယ်နော်။

ပိုမိုကောင်းမွန်သော ငွေကြေးအနာဂတ်ကို ဖန်တီးပေးကြမယ်နော်။

29/10/2021

အကယ်၍ သင့်ရဲ့ ဘဏ်အကောင့်ထဲမှာ (သို့) လက်ထဲမှာ အနည်းဆုံး ငွေ သိန်း ၃၀နဲ့အထက် ရှိတယ်ဆိုရင်…
၁။ အဲ့ငွေတွေကို ဒီတိုင်း ဘဏ်ထဲမှာ စုထားမလား???
၂။ ဒါမှမဟုတ် စုငွေ+မိသားစုအနာဂတ် အကာအကွယ်ပါရမယ့် တခြားနေရာမှာ ငွေစုမလား???

သင့်အနေနဲ့ ၂ကို ရွေးချယ်မယ်ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်ပေးပါ…

“စုငွေ+မိသားစုအနာဂတ် အကာအကွယ်ယူခြင်း”
ဆိုတာဟာ အသက်အာမခံ (Life Insurance)မှာ ငွေစုရင်း ကိုယ်ချစ်တဲ့ မိသားစုအနာဂတ် ငွေကြေးဆိုင်ရာ အကာအကွယ်ယူခြင်းကို ဆိုလိုတာပါ…

ကျနော်တို့တွေဟာ မိဘအတွက်၊သားသမီးအတွက်၊အနာဂတ်ရည်မှန်းချက်တွေအတွက်ဆိုပြီး ငွေကို စုဆောင်းလေ့ရှိကြပါတယ်…ဒီလို ငွေစုဆောင်းတဲ့အခါမှာ လစဉ်ဝင်ငွေရဲ့ အစိတ်အပိုင်းတစ်ခုကို ဘဏ်မှာ စုဆောင်းပြီး အချိန်စေ့ရင် ပြန်ထုတ်ပြီး အိမ်မက်ကို အကောင်အထည်ဖော်လေ့ရှိကြပါတယ်…
အဲ့ဒီမှာ အိမ်ရဲ့ဝင်ငွေကို အဓိကရှာဖွေသူ(မိသားစုကို အဓိကထောက်ပံ့နေသူ)ဟာ ကံကြမ္မာရဲ့ မမျှော်လင့်တဲ့အခြေအနေကြောင့် မတော်တဆမှုကို ကြုံတွေ့ရတဲ့အခါ သူကိုယ်တိုင်နဲ့ သူ့မိသားစုအနာဂတ်မှာ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုနည်းပညာအရ မိသားစုဘဝ ဆက်လက်ရပ်တည်ရေးအတွက် ပြင်ဆင်ထားနိုင်ခြင်းမရှိရင် အနာဂတ်မိသားစုဘဝ လှပနိုင်မှာ မဟုတ်ပါဘူး…
Life Insurance အာမခံဝယ်ယူတယ်ဆိုတာ ကိုယ့်ရဲ့အသက်ကို အကာအကွယ်ယူတာမဟုတ်ပါဘူး…
ရှောင်လွှဲမရတဲ့အရာတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးကြပ်တည်းမှုကို ဖြေရှင်းဖို့ ပြင်ဆင်ထားခြင်းပါပဲ…
အာမခံသဘောတရားရဲ့အခြေခံကို မသိရှိသေးတဲ့အခါ အာမခံအပေါ် မကောင်းဝေဖန်ခြင်းတွေရှိနိုင်ပေမယ့် တိုးတက်နေတဲ့နိုင်ငံတွေမှာတော့ ခေတ်မီတိုးတက်လာတဲ့ခေတ်နဲ့အညီ လူသားတွေရဲ့ နေ့စဉ် နေထိုင်မှုပုံစံ ပြောင်းလဲလာမှုတွေ၊ငွေကြေးသုံးစွဲရတာများလာတာတွေအပေါ်မှာ အနာဂတ်စိတ်အေးရအောင် ကိုယ့်ရဲ့ငွေကြေးကို အာမခံမှာငွေစုရင်း အကာအကွယ်ပါယူလာကြပါပြီ…
ကျနော်တို့နိုင်ငံမှာလည်း အာမခံမှာ ငွေစုရင်း ငွေကြေး အကာအကွယ်ယူတဲ့စနစ် မဖွံ့ဖြိုးသေးတဲ့အတွက် တချို့မိသားစုတွေမှာ ငွေကြေးဆိုင်ရာအခက်အခဲတွေ ကြီးကြီးမားမား ကြုံကြရပါတယ်…
ဒါကို Life Insurance က အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်…

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ကိုယ်စောင့်ရှောက်နေရတဲ့ ကိုယ့်မိသားစုဝင်တွေကို တကယ်ချစ်တယ်ဆိုရင် သူတို့အနာဂတ်စိတ်အေးရအောင် ခုတည်းက ကြိုတင်ပြင်ဆင်သင့်ပါပြီ…

ပြင်ဆင်တဲ့အခါမှာ အကောင်းဆုံးသော ပြင်ဆင်ချက်ဖြစ်ဖို့အတွက် ကျွမ်းကျင်တဲ့ အာမခံအကြံပေးရဲ့ ကူညီမှုကိုလည်း ကျိန်းသေလိုအပ်ပါတယ်…
ဒါမှသာ ကိုယ်နဲ့ကိုက်ညီတဲ့ အာမခံ planကို ရရှိမှာဖြစ်ပါတယ်…

အသေးစိတ်သိရှိလိုပါသလား???
ကျနော့်ကို ဆက်သွယ်လိုက်ပါခင်ဗျာ ။

Aung Kyaw Thet
Insurance Advisor
09799444566

Want your business to be the top-listed Finance Company in Yagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yagon