WWLSkincare& knowledge
I Like
Hello သဲလေးတို့ရေ မင်မင် page လေး ပြန် run တဲ့ အထိန်းအမှတ်နဲ့ HM Skincare 2 မျိုးဝယ်ယူသူတိုင်း Soap 1 လက်ဆောင် ပေးမယ်နော်
(27-4-2022) ထိပဲနော်
11/01/2022
“ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ ”
သင် နံနက်အိပ်ယာထတဲ့အခါ မျက်နှာသစ်ပြီးမှ သွားတိုက်ပါသလား???
ဒါမှမဟုတ် သွားကို သွားပွတ်တံနဲ့ အရင်တိုက်ပြီး ပလုတ်ကျင်း၊ ခံတွင်း
သန့်စင်ပြီးမှ မျက်နှာသစ်လေ့ရှိသလား။ ဒီလို အကျင့်လုပ်ခဲ့တာကော
နှစ်ပေါင်းကြာပြီလား???
ညအိပ်ပျော်သောအခါတွင် ၀မ်းတွင်းအစာခြေ အင်္ဂါစုများမှာ အနားရလေသည်။
ထိုအခါ အစာဟောင်းအိမ်မှ အပုပ်အခိုးများသည် အကြောများမှတဆင့် အထက်
မျက်နှာ၊ မျက်စိ၊ ဦးခေါင်း အထိ တက်ကြလေသည်။ အစာသစ်အိမ်မှလည်း အစာ
ခြေပြီး ကြွင်းကျန်သည့် အစာခြေဝမ်းမီးခေါ် အက်ဆစ်အခိုးအငွေ့များသည် လည်
ချောင်းမှတဆင့် သွား၊ သွားဖုံး၊ အာခေါင်များသို့ တက်နေကြလေသည်။
နံနက်ထ၍ မျက်နှာသစ်လိုက်သောအခါတွင် အောင်းနေသော အခိုးအငွေ့များ
သည် အအေးရှိရာ အပူလာသည်ဆိုသည့်အတိုင်း ရေအေးနှင့် ထိတွေ့ပွတ်သပ်
ပေးရာ မျက်နှာပြင်သို့ အငွေ့ပျံပြီး ထွက်သွားကြလေသည်။ ထိုအခါ မျက်စိမှုန်စေ
မည့် အခိုးအငွေ့များ သွားနှင့် သွားဖုံးတို့တွင် အောင်းနေသော အခိုးအငွေ့များ
လည်း ပါသွားကြပြီး ရှင်းလင်းသွားလေသည်။
ထို့နောက်မှ သွားတိုက်သောအခါတွင် အခိုးကုန်ပြီးသော သွားနှင့် သွားဖုံးတို့မှာ
ပို၍ သန့်ရှင်းစင်ကြယ်သွားရလေသည်။
မျက်နှာမသစ်ဘဲ သွားတိုက်လျှင် အာခေါင်မှတစ်ဆင့် အပုပ်အခိုးအငွေ့များသည်
ဦးခေါင်းနောက်စေ့နှင့် မျက်စိအာရုံကြောများအထိ ရောက်သွားခြင်းကြောင့် မျက်စိ
ဝေခြင်း၊ ကြည့်မကောင်းခြင်း၊ အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ မျက်မှန်စောစောတပ်
ရခြင်းတို့ဖြစ်နိုင်လေသည်။
နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ သွား၊ သွားဖုံးနဲ့ ခံတွင်းမှာ
အပုပ်အခိုးရှိရင် အဲဒီ အခိုးအငွေ့တွေဟာ အာခေါင်ကတဆင့် နှာရိုးရင်းနဲ့ မျက်စိ
အထိတက်ပြီးဒုက္ခပေးတယ်ဆိုတဲ့ တွေ့ရှိချက်ပါပဲ။ ဒါကြောင့် လူတစ်ယောက်ဟာ
သွားမကောင်းရင် မျက်စိလည်းမွဲတာတွဲပြီး ဖြစ်လေ့ရှိပါတယ်။
“ မဟာစည် ဆရာတော်ကြီးကလည်း မျက်နှာသစ်ပြီးမှ သွားတိုက်ရန် မိန့်ကြား
ခဲ့ဖူးပါသည် ”
မျက်နှာသစ်ပြီးမှ သွားတိုက်ကြပါ...........။
-------------------------------------------------------------
(ကြည်လွင်မြင့်(မုဒြာ)၏ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ စာအုပ်မှထုတ်နုတ်ဖော်ပြ
ပါသည်) --------------------------------------------------------------- တဆင့်ပြန်လည်မျှဝေပါတယ်ရှင်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yamethin