Nanda Ko Gyi
မြန်မာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအတွင?
28/01/2023
“သီတဂူဆရာတော်ကြီးအား စော်ကားနေသူ လူ့ဗာလများ သိစေရန်”
********************************
အရာရာကို အဆင့်ချင်းတူမှ စကားပြောရတာအဆင်ပြေပါလိမ့်မယ်။ စစ်တပ်မကောင်းကြောင်း ပြောလိုက်။ ကြံ့ဖွံ့ပါတီမကောင်းကြောင်းပြောလိုက်၊ မဘသသံဃာတော်တွေကို မကောင်းကြောင်းပြောလိုက်၊ ဆဲလိုက် ဆိုလိုက်၊ ကဲ့ရဲ့ ရှုံ့ချလိုက်၊ ပြစ်မှားစော်ကားလိုက်နဲ့ အဆုံးမသတ်နိုင်သေးဘဲ ယခုတစ်ခါ သီတဂူဆရာတော် ဘုရားကြီးကိုပါ အငြိုးကြီးစွာဖြင့် တိုက်ခိုက်ဝေဖန် လှောင်ပြောင်သရော်လာတာကို တွေ့နေရပါပြီ။ ပိုဆိုးတာက ဆရာတော်ကြီးတွေကို လှောင်ပြောင်သရော်နေတာတွေ၊ ဆဲဆိုတိုက်ခိုက်နေတာတွေကို မိုက်ရိုင်းတယ်လို့ မမြင်တာပါပဲ။ ဒါ့အပြင် တချို့က ဆရာတော်ကြီးတွေကို ဆဲဆို စော်ကားနေတဲ့သူတွေကို မိုက်ရိုင်း လိုက်တာလို့ မမြင်တဲ့အပြင် အားပေး အားမြှောက်လုပ်နေကြတာကိုပါ ကြက်သီးထဖွယ် မြင်တွေ့နေရတာဖြစ်ပါတယ်။
ကိုယ်ကိုယ်တိုင်က အများအကျိုးအတွက် ဘာတစ်ခုမှ မယ်မယ်ရရ ဆောင်ရွတ်ထားတာမရှိဘဲ သာသနာ အကျိုးပြုလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေကို အသက်အရွယ် ကျန်းမာရေးငဲ့ကွက်တော်မမူဘဲ နေ့မအား ညမနားသာသနာပြုတော်မူနေတဲ့ ဆရာတော်ကြီးကို စော်ကားမော်ကား တိုက်ခိုက်တာကတော့ အတော်လေး မိုက်မဲရာ ကျက်သရေတုံးရာ ရောက်နေပါတယ်။ သီလချင်းလည်းမတူ၊ ကိုယ်ကျင့်တရားချင်းလည်းမတူ၊ ရည်ရွယ်ချက်ခြင်းလည်းမတူ၊ တန်ဖိုးချင်းလည်းမတူ၊ အရာရောက်ပုံခြင်းလည်းမတူ၊ မတူတာတွေကိုချရေးရင် ဆုံးမှာမဟုတ်ပါဘူး။
ဆရာတော်ကြီးက(၂၂၇)သွယ်သော သီလတရားနှင့်နေတာပါ။ သင်တို့ရော ဥပုသ်ဘယ်နှစ်ကြိမ်လောက် စောင့်ထိန်းဖူးပါလဲ။ နေ့တိုင်းငါးပါးသီလနဲ့ နေဖြစ်ရဲ့လားဆိုတာပြန်စဉ်းစားစေချင်ပါတယ်။ ဆရာတော်ကြီးရဲ့ ခြေမှာကပ်နေတဲ့ ဖုန်တစ်မှုန်လောက်မှ မဖြူစင်တဲ့သူတွေက ထပြီး စော်ကားတာ အလွန် ကျက်သရေမဲ့လွန်း ပါတယ်။ ဆရာတော်ကြီးကို ကြည်ညိုလို့လှူဒါန်းထားတဲ့ အလှူတော်တွေဟာ ဆရာတော်ကြီးတစ်ပါးအတွက် မသုံးပါဘူး။ ဆရာတော်ကြီးရဲ့ အဖွဲ့အစည်းတစ်ခုအတွက် သုံးတာမရှိပါဘူး။ အများအတွက် သုံးတာဖြစ်ပါတယ်။ သင်တို့ရော သင်တို့ရှာဖွေလို့ရတဲ့ ငွေကြေးတွေ ဘယ်နေရာမှာသုံးနေသလဲ၊ ဘယ်သူတွေ အတွက်သုံးနေတယ်ဆိုတာ စဉ်းစားပါ။ ဆရာတော်ကြီးကတော့ စစ်ကိုင်းမှာ နေ့စဉ် ရေဂါလံပေါင်း ခြောက်သိန်း လှူဒါန်းနေပါတယ်။ သင်တို့ရော သင်တို့ပိုက်ဆံနဲ့ ဘယ်ကျောင်းတိုက်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်သူတွေအတွက်များ ရည်ရွယ်ပြီး ရေတွင်းတစ်တွင်းလောက်၊ ရေအိုးစဉ်တစ်ခုလောက်၊ ရေသန့်ဗူး တစ်ဗူးလောက်များ နေ့စဉ်လှူဒါန်းမှုရှိပါသလား။
ဆရာတော်ကြီးကတော့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ သန်လျင်စတဲ့မြို့တွေမှာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ဗုဒ္ဓတက္ကသိုလ်ကြီးတွေ တည်ထောင်ပြီး ပညာတတ် စာတတ် ပေတတ် ရဟန်းတော်၊ သီလရှင်ဆရာကြီးဆရာလေးတွေကို နှစ်စဉ်မွေးထုတ်ပေးနိုင်နေပါပြီ။ သင်တို့ရော မူလတန်း စာသင်ကျောင်း တစ်ကျောင်းလောက် တည်ထောင်နိုင်နေပြီလား၊ နှစ်စဉ် ပညာသင်ဘယ်နှစ်ယောက်လောက်များ မွေးထုတ်နိုင်ပြီလဲ။ စာအုပ်၊ ခဲတံတောင်လှူဖူးရဲ့လား စဉ်စားပါ။ ဆရာတော်ကြီးကတော့ တစ်နိုင်ငံလုံးမှာ ခေတ်မှီဆေးရုံအလုံးပေါင်းလေးဆယ်ကျော်တည်ထောင်နိုင်ခဲ့ပြီး မျက်စိဝေဒနာရှင်တွေအပါအဝင် လူနာပေါင်း မြောက်များစွာကို နိုင်ငံတကာက ဆရာဝန်များကိုဖိတ်ခေါ်ကာ ခေတ်မှီဆေးဝါးများဖြင့် ကုသပေးနိုင်နေပြီ။ သင်တို့ရော ဆေးပေးခန်းလေးတစ်ခန်းလောက်ဖွင့်နိုင်နေပြီလား။ ဒါမှမဟုတ် လူနာဘယ်နှစ်ယောက်ကို ဆေးဝါးကုသစရိတ်အကုန်အကျခံပြီး ကုသပေးနိုင်ပါသလား၊ အကိုက်အခဲပျောက်ဆေးလေးတစ်ကဒ်၊ လိမ်းဆေးလေးတစ်ဗူးလောက်တောင် လှူနိုင်ခဲ့ပြီလား စဉ်းစားကြည့်ပါ။
အပိုင်း(၂)ကို ဆက်လက်ရေးသားပါဦးမည်။
ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
06/02/2022
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေခင်ဗျာ။
သီတဂူဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ကို မေးဖူးတယ်။
"ကမ္ဘာမှာ OIC အစ္စလာမ် နိုင်ငံပေါင်း ဘယ်နှယ်နိုင်ငံရှိလဲ" တဲ့။
ဒေါ်အောင်ဆန်းစုကြည်က မဆိုင်းမတွ "(၅၅) နိုင်ငံပါ"လို့ ဒေါက်ကနဲ ပြန်ဖြေလိုက်တယ်။
"ဗုဒ္ဓဘာသာ နိုင်ငံပေါင်း ဘယ်လောက်ရှိသလဲ" လို့ ဆရာတော်ကြီးက ထပ်မေးတယ်။
ဒေါ်အောင်ဆန်းစုကြည် စဉ်းစားမရဘူး။တွေတွေကြီး ရပ်နေတယ်။သီတဂူဆရာတော်က "(၅) နိုင်ငံပဲရှိတယ်"လို့ ပြောလိုက်ရတယ်။
နောက်ပြီး ကမ္ဘာမှာ "အစ္စလာမ်ဘာသာ၀င် ဘယ်လောက်ရှိသလဲ" လို့ ဆရာတော်ကြီးက ထပ်မေးပြန်တယ်။
ဒေါ်အောင်ဆန်းစုကြည်က "သန်းပေါင်း (၁၇၀၀) ရှိတယ်"လို့ ဒေါက်ကနဲဖြေနိုင်တယ်။
ဆရာတော်ကြီးက "ဗုဒ္ဓဘာသာ၀င် ဘယ်လောက်ရှိလဲ"လို့ ထပ်မေးတော့ မဖြေနိုင်ပြန်ဘူး။
ဆရာတော်ကြီးကပဲ "သန်း (၄၀၀) ရှိတယ်"လို့ ဖြေပေးလိုက်ရတယ်။
ဆရာတော်ကြီးက - ဒကာမကြီးလည်း ကမ္ဘာပတ်နေတယ်၊ဆရာတော်လည်း ကမ္ဘာပတ်နေတယ်။OIC နိုင်ငံတွေကျတော့ အတိအကျသိတယ်။စိတ်၀င်စားတယ်။ဗုဒ္ဓဘာသာနိုင်ငံ နည်းနည်းလေးတောင် အတိအက် မသိဘူး ဖြစ်နေတယ်။မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာရဲ့ နောက်ဆုံး ခံတပ်ကြီးဖြစ်တယ်။ဆရာတော်တို့ ကာကွယ်ရမယ်လို့ မိန့်တော်မူတယ်။
အဲဒီလို သီတဂူဆရာတော်နဲ့ တွေ့ပြီးနောက်ပိုင်း ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်ဆိုပီး အသံထွက်လာတော့တာပဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေနောက်မှာ OIC နိုင်ငံတွေရဲ့ ထောက်ပံ့မှု အများကြီးပါတယ်။
အဟောင်းဆိုင်မှာရောင်းရင် (၂) သိန်းလောက်ပဲရမယ့် သံတံခါး အဟောင်းကို သိန်း (၅၀၀၀) လောက်ပေး၀ယ်တာ OIC နိုင်ငံက သူဌေးပါ။
ဘာလို့ပေး၀ယ်တယ်ထင်လဲ။
နောက်ဆုံးခံတပ်ကို ဖြိုဖျက်ဖို့ ငွေလက်နက် တပ်ဆင်ပေးတာပဲ။သူပိုင်ပစ္စည်းတွေလေလံတင် ရောင်းချတယ်ဆိုတာ အဲဒီလို အတိအလင်း ထောက်ပံ့ပေးလို့ရအောင် လုပ်ကြံထားတဲ့
အချက်တွေပဲ။
NLD ပါတီ၀င် တော်တော်များများနဲ့ ပြည်သူတွေကို ဝါဒမှိုင်းတိုက်ထားတာကတော့ ဦးသိန်းစိန်အစိုးရကို စစ်အစိုးရလို့ ခေါင်းစဉ်တပ်ပီး တိုက်ဖျက်မယ်ပေါ့။
တကယ်တမ်းက ဒီ့ထက်ကြီးတဲ့ နှစ်ရှည် ရည်ရွယ်ချက် ရည်မှန်းချက်တွေ ရှိနေတယ်။
ဥာဏ်ရည်ဥာဏ်သွေး နိမ့်ပါးတဲ့ ပြည်သူတစ်ချို့က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်ကြပါတယ်။
အစိုးရကို ပုတ်ခတ်တဲ့ စကားပြောရင် သူတောင်းစား စင်ပေါ်တက်ပြောလဲ လက်ခုပ်တီးနေတဲ့ခေတ်ဆိုတော့ လုပ်တိုင်းဖြစ်နေတာပေါ့။
ဒါပေမယ့် တစ်ခုတော့ ပြောလိုက်မယ်။ NLD အာဏာရလာလို့ OIC နိုင်ငံတွေနဲ့ ပြုထားတဲ့ ဂတိက၀တ်တွေ လိုက်လျောရတော့မှာပါ ..OIC ရဲ့ ပြည်တွင်းကိုယ်စလှယ်တွေဖြစ်တဲ့ ဟာဂျီငနီတို့ကို အစိုးရအဖွဲ့အတွင်း နေရာပေးခြင်း..
၈၂ နိူင်ငံသားဥပဒေတွေ ၅၉(စ) တို့လို နိူင်ငံသား မဟုတ်သူ နိူင်ငံခြားသား ဇနီး ခင်ပွန်းတွေကို သမ္မတဖြစ်ခွင့်တွေ..နိူင်ငံခြားစစ် အခြေစိုက်စခန်း
ဖွင့်ခွင့်လို ဥပေဒေတြ မျိုးစောင့်ဥပဒေလို ဥပေဒေတြကို ဖ်က်ဆီး ပြင်ဆင်ပါတော့မယ်..
သူတလူ ငါတမင်းနဲ့ လက်နက်ကိုင် တိုင်းရင်းသားပြည်နယ်တွေကို နာမည်ကောင်းရပြီးရော အနောက်နိူင်ငံတွေအကြိုက် ခွဲထွက်ခွင့်ပြုပြီး ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာကွဲလို့ နောက်ဆုံး တပ်မတော်ကနေဘဲ ၀င်ရောက်ထိမ်းသိမ်းပြီး တိုင်းပြည်နာကြရအုံးမှာပါ..။
အသေအချာဖတ်ပြီး စဉ်းစားသုံးသပ်ကြည့်ကြပါ...တစ်ဦးနဲ့တစ်ဦး မငြင်းခုန်ကြပဲ နှဖူးပေါ်လက်တင်ပီး ခဏေလး တဒင်္ဂလေးပဲ တွေးကြည့်ကြစေချင်ပါတယ် အဆွေတော်တို့ရယ်။
#မူရင်းCrd
နန္ဒကိုကြီး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yamethin
Yamethinn