LEVEL UP - English Language School
Make Your Dream!
27/09/2025
👶 Flashcards တွေက ကလေးငယ်တွေအတွက် ဘာကြောင့် အသုံးဝင်တာလဲ?
📌 1. စကားလုံး အသစ်များ သင်ယူနိုင်စေနိုင်တယ်
ကလေးငယ်လေးတွေ အတွက် Vocabulary အသစ်တွေကို လွယ်ကူစွာ မှတ်မိစေပါတယ်။
➡️ ဥပမာ – သစ်သီး၊ တိရစ္ဆာန် အမည်တွေကို ရုပ်ပြထားလို့ အလွယ်တကူ သင်ယူနိုင်မှာပါ။
📌 2. မှတ်ဉာဏ်ကို အားကောင်းစေတယ်
ကဒ်တစ်ချို့ကို တကြိမ်၊ နှစ်ကြိမ် ပြန်ပြန်ကြည့်တာကြောင့် မှတ်မိမှု ပိုကောင်းစေပါတယ်။
📌 3. စကားပြော အတတ်ပညာ တိုးတက်စေပါသေးတယ်။
Flashcards ပြပြီး မိဘက ဖတ်ပြ၊ ကလေးက ထပ်ပြော → Listening + Speaking တို့ကောင်းစေမယ်။
📌 4. ဂိမ်းပုံစံနဲ့ သင်နိုင်လို့ စိတ်ဝင်စားစေနိုင်တယ်
Flashcards ကို ဂိမ်းနဲ့ တွဲပြီး လေ့လာစေလိုက်ရင် ကလေးတွေ ပိုကြိုက်၊ ပိုဖတ်ချင်ကြပြီပေါ့။
📌 5. ဂရုတစိုက်ခြင်း & အာရုံစိုက်မှု တိုးစေမယ်
ကဒ်တစ်ချို့ကို တပြန်ပြန်ကြည့်ရတဲ့အခါ ကလေးတွေ အာရုံစိုက်ပြီး စိတ်ထဲမှတ်နေတတ်ပါတယ်
💡 Parent Tip:
Flashcards ကို မိဘနဲ့ ကလေးက ညအချိန် ၁၀ မိနစ်လောက်အချိန်ပေးပြီး ဂိမ်းလိုမျိုး ပြန်ကြည့်လိုက်ရင် လေ့လာမှု ပိုကောင်းလာမယ် 💛
ဒီတစ်ခါတော့ သားသားမီးမီးတို့ လေ့လာဖို့ ချစ်စရာ insects flashcards လေးကို share ပေးလိုက်ပါတယ် ရှင့် ။
20/11/2022
ဒီနေ့ တော့ Meaning တွေ Vocab တွေ လေ့လာရာမှာပါ သိထားသင့်တဲ့ Compound Words လေးတွေ လေ့လာကြရအောင်နော်
Compound word ရဲ့ သဘောကတော့ ဥပမာ အနေနဲ့💁♀️
Lip + Stick = Lipstick
(နှုတ်ခမ်း) (တုတ်ချောင်း) (နှုတ်ခမ်းနီ)
Sun + Flower = Sunflower
(နေ) (ပန်း) (နေကြာပန်း)
အလွယ်ဆုံး ပြောရရင်တော့ စကားလုံးတလုံး တည်းအနေနဲ့ အဓိပ္ပါယ်တမျိုး ထွက်ပေမဲ့ 🤷♀️🤷♀️
စကားလုံး ၂လုံး ၃လုံး ပေါင်းလိုက်ရင် အဓိပ္ပါယ်တမျိုးပြောင်းသွားတာကို compound word လေး အဖြစ် အကြမ်းဖျင်း မှတ်သားနိုင်ပါတယ်နော် 💁♀️💁♀️
သာယာသော နေ့လေးပိုင်ဆိုင်ကြပါစေရှင့် 🙆♀️🙆♀️🙆♀️
...
19/11/2022
ဒီတခေါက်က sharing လုပ်သွားမှာက တော့ supermarket သွားတာဖြစ်ဖြစ်
English စာတန်းထိုး Cooking video🖥️🖥️ တွေ ကြည့်တဲ့
အခါတွေမှာ ပဲ ဖြစ်ဖြစ် အဆင်ပြေနိုင် အောင်
အသီးအရွက်လေးတွေ 🥦🥬🍅ရဲ့ နာမည် နဲ့အသံထွက် တွေ လည်း သိဖို့ လိုအပ်မယ်နော်
နောက်ရက် တွေ လည်း ထပ်ပီး sharing လုပ်သွားပါ့မယ် နော် 👩💻👩💻👩💻
...
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon