Vita Store
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vita Store, Medical supply store, Yangon.
22/09/2022
အမျိုးသမီးများနှင့်ဓမ္မတာသွေးခဲ🩸
မိန်းကလေးတိုင်း လစဥ် ဓမ္မတာလာသည့်အခါ တစ်ဦးနှင့်တစ်ဦး ရာသီစက်ဝန်း ၊ ရာသီသွေးပမာဏ ၊ ကြာချိန် နှင့် ခံစားရသော လက္ခဏာများ ကွဲပြားလေ့ရှိကြပါတယ်။ အမျိုးမျိုးသော ဓမ္မတာ ဆိုင်ရာအကြောင်းအရာတွေထဲကမှ ဒီနေ့အတွက်တော့ " ရာသီသွေး နှင့် သွေးခဲပါခြင်း " ဆိုင်ရာအကြောင်းအရာကို ဆွေးနွေးပေးချင်ပါတယ် ။
🙋🏻♀️ရာသီသွေးထဲတွင်သွေးခဲပါခြင်းသည် ပုံမှန်လား ?
ပုံမှန်ရာသီစက်ဝန်းတွင် ဓမ္မတာသွေးဆင်းသည့်အခါ သွေးခဲသွေးစ ပါဝင်ခြင်းသည် သာမန်ဖြစ်စဥ်တစ်ခုဖြစ်နိုင်ပါတယ် ။
🙋🏻♀️ရာသီသွေးခဲဆိုတာဘာလဲ ?
ဓမ္မတာလာသည့်အခါ သားအိမ်ဘေးနံရံအလွှာသည် ကွာကျပြီး ခန္ဓာကိုယ်ပြင်ပသို့ ထွက်သွားရန်အတွက် သားအိမ်အောက်ခြေမှာ သွားစုပါတယ် ။ ခန္ဓာကိုယ်က anticoagulants လို့ခေါ်တဲ့ သွေးမခဲသည့် ပဋိပစ္စည်များ ထုတ်လုပ်ပေးပါတယ် ။ သို့သော် ရာသီသွေးများသည့်အခါ ၊သွေးဆင်းနှုန်းမြန်သည့်အခါ မျိုးတွင် anticoagulants ကို အချိန်မှီ မထုတ်လုပ်နိုင်ခြင်း ကြောင့် သွေးခဲများဖြစ်ပေါ်စေပါတယ် ။ သွေးခဲသွေးစများတွင် သွေးဆဲလ်များ ၊ ပရိုတိန်းများ ၊ သားအိမ်နံရံတစ်ရှူးစများပါဝင်ပါတယ် ။
🙋🏻♀️သွေးခဲရဲ့ ပုံမှန် အရောင် ၊ အရွယ်အစားက ဘယ်လိုရှိသလဲ ?
သွေးစသွေးနများသည် ဓမ္မတာအစပိုင်းတွင် အနီတောက်တောက် ဖြစ်နိုင်ပြီး ဓမ္မတာပြီးခါနီးရက်တွင် အနီရင့်ရောင် သို့ ညိုပုပ်ပုပ်အရောင် သို့ ပြောင်းလဲ သွားနိုင်ပါတယ် ။ ပုံမှန် ဂျယ်လီကဲ့သို့ အနေအထားရှိပြီး ဆယ်ပြားစေ့ထက် သေးသောအရွယ်အစားရှိပါတယ် ။
🙋🏻♀️ဒါဆိုဘယ်လိုအခြေအနေမျိုးတွေကို သတိထားရမလဲ ?
သွေးခဲသွေးစသည် ဆယ်ပြားစေ့ပမာဏထက် ကြီးသည့်အရွယ်ဆိုပါက ရောဂါတစ်ခုခု၏ လက္ခဏာဖြစ်နေနိုင်ပါတယ် ။
🩸ဟော်မုန်းအပြောင်းအလဲဖြစ်စေသည့် ရောဂါတစ်ခုခုရှိခြင်း (ဥပမာ -သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ၊ သားဥအိမ်တွင်အလုံးတည်ခြင်း )
🩸သွေးဆုံးခါနီးခြင်း
🩸သားအိမ်ပြင်ပသန္ဓေတည်ခြင်း
🩸သားပျက်ခြင်း
🩸သားအိမ်တွင်အလုံးတည်ခြင်း
🩸သားအိမ်ပြင်ပအခြားနေရာများတွင်သားအိမ်နံရံကဲ့သို့ကြီးထွားပြီးသွေးဆင်းခြင်း
တို့ကြောင့်ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် မိမိသည် ဓမ္မတာလာသည့်အခါ ရာသီသွေးများခြင်း ၊ သွေးခဲကြီးကြီးပါခြင်း ၊ အလွန်အမင်း ဗိုက်အောင့်ခြင်း ကဲ့သို့ မူမမှန်သည့် လက္ခဏာများခံစားနေရပြီဆိုပါက အမြန်ဆုံး ဆရာဝန်နှင့်ပြသသင့်ပါတယ်။
----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။
▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
11/09/2022
ဇီဝဗီတ ရဲ့ စာဖတ်မိတ်ဆွေများအတွက်..✅✅
🤩တစ်မူထူးခြားတဲ့ အစီအစဉ်တွေပါဝင်တဲ့ ကျန်းမာရေးပညာပေး ဗီဒီယိုလေးတွေနဲ့အတူ ဆန်းသစ်တဲ့ရှုထောင့်ကနေ တင်ဆက်ပေးဖို့ရှိတာကြောင့် Ziwa Vita (ဇီဝဗီတ) ရဲ့ Instagram ကို အခုပဲ Follow ထားကြဖို့ တောင်းဆိုချင်ပါတယ်။
ဇီဝဗီတရဲ့ ကျန်းမာရေး အစီအစဉ်နှင့် ဆောင်းပါးများအပေါ် အကြံဉာဏ်ပေးချင်တာများရှိရင်လည်း ယခုပို့စ်အောက်မှာ ကွန့်မန့်ပေးသွားနိုင်ပါတယ်ခင်ဗျာ။
Instagram link- https://www.instagram.com/ziwavita/
----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။
▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
22/08/2022
ဆေးလိပ်ကင်းစင် ပြုံးပျော်ရွှင် 🚭
ဆေးလိပ်ဆိုတာမကောင်းဘူး သိကြတယ် ဟုတ် ?
🫁ကိုယ်ခန္ဓာကို နည်းမျိုးစုံနဲ့ အဘက်ဘက်က ဒုက္ခပေးနေတဲ့ ဒီဆေးလိပ်ကို ဘာလို့ ဆက်သောက်နေအုန်းမှာလဲ ?
🚬ဇီဝဗီတ စာဖတ်ပရိသတ်တွေထဲမှာ ဒါမှမဟုတ် အသိမိတ်ဆွေ ထဲမှာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတဲ့သူတွေရှိကြလား ? ရှိရင် ဇီဝဗီတနဲ့အတူ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြည့်ရအောင် ဒီစာလေးကို အဆုံးထိ လိုက်ဖတ်ပေးနော် ။ဒီစာလေးရဲ့အဆုံးမှာ သူငယ်ချင်းတို့ အတွက် ဆေးလိပ်ဖြတ်ဖို့ ခွန်အား ၊ တွန်းအားတွေရသွားမယ် ၊ နည်းလမ်းကောင်းတွေရသွားမယ်ဆိုရင် ဇီဝအတွက် မျှဝေရကျိုးနပ်ပါပြီ။🧡
----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။
▶️Like and follow us on Facebook, Instagram & Telegram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita
Click here to claim your Sponsored Listing.
Category
Website
Address
Yangon