Knowledge Bank

Knowledge Bank

Share

Knowledge Has A Beginning But Not End

Photos from Knowledge Bank's post 09/12/2020

Periodic Table ရဲ့ ပဲ့ကိုင်ရှင်



Credit ...

08/12/2020

ပုံပြင်ကပြောသော ဘဝဒဿနများ
*******************

တစ်ခါတုန်းကပေါ့
လမ်းဆုံလမ်းခွ တစ်ခုမှာ ဆောက်ထားတဲ့ဇရပ်အိုကြီး
တစ်လုံးရှိတယ်။

ဇရပ်ဆိုတဲ့အတိုင်း အရပ်လေးမျက်နှာက လာသမျှလူတွေ
ခေတ္တခဏ အမောဖြေအနားယူကြတဲ့နေရာပေါ့။

ညဘက်တွေ ခရီးမဆက်နိုင်တဲ့အခါလည်း
အိပ်ဆက်အနားယူကြတဲ့နေရာပေါ့။

ထူးဆန်းတာက ညဘက်ဆို ဇရပ်အမိုးပေါ်က
အသံကြီးတစ်သံ အမြဲ ကြားရလေ့ရှိသတဲ့။

ဒါကြောင့် ညဘက်ဆို သိပ်မအိပ်ရဲကြဘူး။

လူအိပ်ပြီဆိုတာနဲ့ အပေါ်တည့်တည့်ကနေ

"ချလိုက်ရမလား"

"ချလိုက်ရမလား"ဆိုတဲ့
အသံကြီး ထွက်လာတဲ့အခါ လူတွေဟာ
ကြောက်လန့်တကြား ထွက်ပြေးကြတာပေါ့။

ဘာမှန်းမသိတဲ့အသံကြီးကြောင့် ညဘက်မအိပ်ရဲကြတော့သလို
ဇရပ်မှာတောင် မနားဖြစ်ကြတော့ဘူးဆိုပါတော့။

တစ်နေ့တော့ လူတစ်ယောက်ဟာ ခရီးသွားရင်း
အဲဒိဇရပ်မှာ ညအိပ်ဖြစ်ပါသတဲ့။

ထုံးစံအတိုင်း ညဘက်ရောက်တော့ သူ့အပေါ်က
အသံကြီးထွက်လာပါရော

"ချလိုက်ရမလား"

"ချလိုက်ရမလား"

အကြောက်အလန့်မရှိ စွန့်စားလိုစိတ် လေ့လာလိုစိတ်တွေနဲ့
ခရီးထွက်လာတဲ့ ထိုလူက ထွက်ပြေးဖို့ စိတ်ပင်မကူး

အပေါ်ကို မော့ကြည့်ပြီး
ချချင် ချလိုက်ဗျာ လို့ ပြောလိုက်သတဲ့

အဲဒိအချိန်မှာပဲ အပေါ်က အထုပ်တစ်ထုပ်ပြုတ်ကျလာပါရော
ကျလာတဲ့အထုပ်ကို ဖွင့်ကြညိ့လိုက်တဲ့အခါ

ရွှေတွေအများကြီးကိုတွေ့လိုက်ရပါသတဲ့။

ငယ်စဉ်ကလေးဘဝ က အိပ်ယာဝင်ပုံပြင်တစ်ပုဒ်အဖြစ်သာ
ဖတ်ခဲ့ နားထောင်ခဲ့မိတဲ့ ပုံပြင်လေးဟာ

အရွယ်ရောက်လာချိန်မှာတော့ ကျနော့်ကိုတွေးစရာတွေ
အများကြီးပေးခဲ့လေပြီ။

ဟုတ်တယ် ကျနော်တို့ အများစုဟာ
တစ်စုံတစ်ခုသော အလုပ်ကို လုပ်ဖို့ကြိုးစားကြတဲ့အခါ

ဘာကိုမှန်းမသိကြောက်စိတ် စိုးရိမ်စိတ်တွေနဲ့
တွေဝေ ကြောက်ရွံ့နေတတ်ကြတယ်။

အခွင့်အရေးဆိုတာ ဘယ်တော့မှနှစ်ကြိမ်မလာဘူး တဲ့
ကျနော်တို့ဘဝတွေမှာ ရှားရှားပါးပါး ရလာတဲ့
အခွင့်ရေးကောင်းတွေကိုလည်း

ဖြစ်မှဖြစ်ပ့ါမလား ဟုတ်မှဟုတ်ပါ့မလား
ငါ လုပ်နိုင်ပါ့မလား ဆိုတဲ့ ဘာကို ကြောက်ရွံ့နေမှန်းမသိတဲ့

စိုးရိမ်စိတ်တွေကြောင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပေါင်းများပြီ။

ဘဝမှာ အခွင့်အခါကောင်းတွေကြုံတွေ့လာတဲ့အခါ
သတ္တိရှိရှိ ဆုံးဖြတ်ချက်ချရဲ ဖို့လိုအပ်သလို

စိုးရိမ်ကြောက်ရွံ့စိတ်တွေကို ဖယ်ရှားပြီး
လေ့လာစူးစမ်းလိုစိတ်အပြည့် ရှိဖို့လည်းလိုအပ်ပါတယ်။

ဘာကိုကြောက်မှန်းမသိကြောက်ရွံ့စိုးရိမ်ပြီး
တစ်ခုခုလုပ်မယ်ကြံတိုင်း တွေဝေ စိတ်နဲ့ ရှောင်ပြေးနေရင်တော့

ကိုယ့်ရှေ့ကျလာမယ့် ရွှေထုပ်ကြီးနဲ့ လွဲနေဦးမှာပါပဲ။

ဒါကြောင့် သတ္တိရှိပါ။

#ငြိမ်းစေရာ

Credit

08/12/2020

#နှုတ်စောင့်စည်းပါ

♻️ သူများအတွင်းရေးကို
ကိုယ်က သိပြီးလည်း
တစ်ဆင့်ပြန်မပြောလို့
ဘာမှမဖြစ်ပါဘူး။

♻️ ကိုယ့်ရဲ့ အတွင်းရေးလည်း
သူများကိုယုံကြည်ပြီးလည်း
မပြောလိုက်ပါနဲ့ ။

♻️ သူများအတွင်းရေးကို
လက်ဆင့်ကမ်းမိတော့
မုန်းသူတစ်ယောက်ပဲ
တိုးလာစေမယ်။

♻️ ကိုယ့်အတွင်းရေးကို
ပြောမိရင်လည်း
ကိုယ့်အားနည်းချက်ကို
ထိုးနှက်မယ့် လူတစ်ယောက်ပဲ
တိုးလာစေလိမ့်မယ်။

📛 နှုတ်စောင့်စည်းပါ။

credit...

#မေခ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon