Doctor Supplement Store
100% Authentic USA made retail & wholesale
တနိုင်ငံလုံးလက်လီ လက်ကားဖြန်ဖြူးရောင်းချပေးနေပါတယ်
24/05/2024
ကလိုရင်းအကြောင်းလေးမျှဝေပြီးသွားပြီဆိုတော့ကလိုရင်းပါဝင်တဲ့အစားအစာပုံလေးမျှဝေချင်လို့ပါ။
15/03/2024
ကယ်လဆီယမ်နှင့်မဂ္ဂနီစီယမ်အချိုးပမာဏများကိုကြည့်၍ကျန်းမာရေးနှင်ညီညွတ်အောင်စားသုံးကြရအောင်ပါနော်။
ကယ်လစီယမ်နှင့်မဂ္ဂနီစီယမ်တို့ရဲ့ဆက်နွယ်မှုလေးအကြောင်းလေးမျှဝေချင်လို့ပါ။အဲဒီဒြပ်စင်နှစ်မျိုးစလုံးကအရိုးကျန်းမာရေးအတွက်ကောင်းမွန်စေပြီးခန္တာကိုယ်အတွက်အရေးကြီးသည့်နေ့စဉ်လုပ်ငန်းဆောင်တာများအတွက်လည်းအရေးကြီးသည့်အခန်းကဏ္ဍမှာပါဝင်ပါတယ်။ခန္တာကိုယ်သည်ကယ်လဆီယမ်ကိုစုတ်ယူရန်မဂ္ဂနီစီယမ်အပေါ်မှီခိုအားထားစရာမလိုပါသော်လည်းမဂ္ဂနီစီယမ်မရှိပါကကယ်လဆီယမ်သည်အရိုးများတွင်အကျိုးပြုရမည့်အစားနူးညံသောတစ်ရှူး၊ကျောက်ကပ်၊သွေးလွှတ်ကြောနှင့်အရွတ်များတွင်စုပုံခြင်းဖြင့်ခန္တာကိုယ်ကိုအဆိပ်ဖြစ်စေပါတယ်။မဂ္ဂနီစီယမ်ကကယ်လဆီယမ်စုတ်ယူခြင်းကိုထောက်ပံ့နိုင်သည့်ဗီတာမင်များအဖြစ် အင်ဆိုင်းများမှပြောင်းလဲစေရန်ကူညီပေးပါသည်။
ခန္တာကိုယ် ရှိတချို့သောအင်ဆိုင်းများကဗီတာမင်ဒီကိုသူ့၏calcitriolဟုခေါ်သည့်အသုံးဝင်သည့်ပုံစံအဖြစ်ပြောင်းလဲရန်မဂ္ဂနီစီယမ်လိုအပ်ပါသည်။ကယ်လဆီယမ်ကကြွက်သားများကိုချုံ့နိုင်ချဲ့နိုင်စေ၍မဂ္ဂနီစီယမ်ကသက်တောင့်သက်သာဖြစ်စေပါသည်။အဆိုပါသတ္ထုဓာတ်နှစ်မျိုးစလုံးကနှလုံးခုန်သံကိုပုံမှန်အတိုင်းဖြစ်စေပါတယ်။မဂ္ဂနီစီယမ်နှင့်ကယ်လဆီယမ်ကိုဖြည့်စွက်စာအဖြစ်သောက်သုံးမည်ဆိုပါကခန္တာကိုယ်ကစုတ်ယူရန်ခက်ခဲသည့်ကာဗွန်နိတ်(carbonate)ကိုရှောင်၍magnesium chlorideနှင့်citrates(calcium citrate or magnesium citrate)တို့ကိုသောက်သုံးသင့်ပါသည်။
သုတေသနပြုစမ်းသပ်ချက်များ၏တွေ့ရှိချက်များအရကယ်လဆီယမ်နှင့်မဂ္ဂနီစီယမ်အချိုးအနေဖြင့်(2:1)နီးပါးကကျန်းမာရေးအတွက်ကောင်းမွန်ပြီး(2.6:1)အထက်နှင့်(2:1)အောက်အခြေအနေများကနှလုံးရောဂါနှင့်အခြားအခြေအနေများကိုဖြစ်ပွားစေနိုင်ပါသည်။ပေါပေါများများတွေ့ရသည့်ဟင်းသီးဟင်းရွက်များနှင့်အသီးများ၏ကယ်လဆီယမ်နှင့်မဂ္ဂနီစီယမ်အချိုးများကိုမျှဝေပေးပါအုန်းမယ်နော်။
29/12/2023
ရာသီအပြောင်းမှာဖျားနာခြင်းမဖြစ်ရအောင်နှင့်သောက်သုံးနေရသောဆေးများအာနိသင်ပိုမိုကောင်းမွနိစေနိုင်သည့်အရေးကြီးသည့်
ဖြည့်စွက်စာများကိုကုန်ကျစရိတ်မများဘဲသောက်သုံးခြင်းဖြင့်ကောင်းကျိုးများကိုနှစ်သစ်မှစ၍ရယူလိုက်ကြရအောင်ပါ။
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon
11081