ATK Phyo Pyae Aung Pages
ကိုယ်ပိုင် ဘလော့
08/09/2023
မတိုးတက်သော ရွာ /ရပ်ကွက်..
======
၁။ လူတတ်ပေါ၍ ဆရာများခြင်း
၂။ လူကပ်ပေါ၍ ကန့်လန့်တိုက်ခြင်း
၃။ အမှားကို ဝန်မခံဘဲ အငြင်းသန်ခြင်း
၄။ မှန်တယ်ထင်၍ မတိုင်ပင်ဘဲ
ရမ်းလုပ်ခြင်း..
၅။ အလုပ်ကိစ္စမှန်သမျှ တွက်ကပ်ခြင်း..
၆။ ဗဟုသုတ၊စာဖတ်အား နည်းပါး ခြင်း..
၇။ ကိုယ်တိုင်ဦးမဆောင်နိုင်ဘဲ
သူတစ်ပါးကို အပြစ်ပြောခြင်း...
၈။ ညီညွတ်တိုင်ပင်စွာ မပြုလုပ်ဘဲ
ကန့်လန့်တိုက်ငြင်းခုန်ုခြင်း..
၉။ ခေါင်းဆောင်ကောင်းနဲ့
နောက်လိုက်ကောင်း မရှိခြင်း..
၁၀။ တတ်ယောင်ကန်းများ ပေါများခြင်း..
ထိုလူများ ပေါများပါက ရပ်ရွာတိုးတက်မှု၊စည်းလုံးညီညွတ်၊သာယာဖို့ဆိုတာ မဖြစ်နိုင်ချေ။
လှည်းဘီး နွံထဲ ကျွံနေသည်..
မင်း မတွန်းရင် ငါလည်း မတွန်းပါက
လမ်းပိတ်နေရင် ရောက်လိုသောခရီး
အချိန်ကြာတတ်ပါသည်။
#ခွန်အားဖြစ်စေသောစာများ
07/09/2023
နာရီမှာ လက်တံ ၃ ခုရှိတယ်။
အဲ့ထဲကတစ်ခုကတော့
စက္ကန့်တံဆိုပြီး ကျော်ကြားတယ်။
ဒီစက္ကန့်တံက ရှိတော့ရှိတယ်။
ဒါပေမယ့် သူ့ကို ထည့်မပြောကြဘူး။
အားလုံးပြောကြတာက
"ဆယ်နာရီ ဆယ်ငါးမိနစ် ရှိပြီ" လို့ပဲ
ပြောကြတယ်။
ဘယ်သူကမှ
"ဆယ်နာရီ ဆယ်ငါးမိနစ် လေးစက္ကန့်" ဆိုပြီး
ထည့်မပြောကြဘူး။
တကယ်တော့ ဒီစက္ကန့်တံဟာ ကျန်လက်တံ
နှစ်ခုထက် ပိုပြီးအလုပ်တွေ လုပ်သလို
ကျန်လက်တံနှစ်ခု ရှေ့ရောက်ဖို့လဲ
ကူညီပေးတယ်။
အလားတူ
ကျနော်တို့ဘဝထဲမှာလဲ အဲ့ဒီလို စက္ကန့်တံနဲ့ တူတဲ့
သူတွေ ရှိတတ်ကြပါတယ်။သူတို့ကိုတော့
စကားထဲမှာထည့် မပြောပေမယ့် ကျနော်တို့ တိုးတက်ဖို့ သူတို့ရဲ့ကြိုးစားမှု့တွေ မုချပါပါတယ်။
စကားထဲ ထည့်မပြောရင်တောင် သိဖို့နဲ့ တန်ဖိုးထားဖို့ လိုတယ်........
Credit.. Original uploader
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon