Vehicle Insurance Myanmar

Vehicle Insurance Myanmar

Share

ရာသီဉတုကို ထိန္းခ်ဳပ္နိုင္တယ္ဆိုရင

12/08/2020

အာမခံ၏ထူးဆန်းဖြစ်ရပ် အပိုင်း( ၂ )
အာမခံဝယ်ဝယ် မဝယ်ဝယ်နောက်ဆုံးတော့နောင်တရမှာပါပဲ!!!
အာမခံဆိုတာမျိုးက ဝယ်တဲ့အချိန်မလိုအပ်ဘူး။ ဒါပေမယ့်လိုအပ်တဲ့အချိန်ဆိုရင်ဝယ်လို့မရတဲ့အရာတစ်ခုပါ။ အာမခံဝယ်တဲ့အချိန်အများကြီးမစဉ်းစားပါနဲ့ “ငါ့မှာလူမှုဖုံလုံရေးအတွက်ထည့်ရမယ်၊ ငါရင်းနှီးမြုပ်နှံရမယ်၊ ငါအိမ်ဝယ်ရမယ်၊ ငါ့မိသားစုနဲ့တိုင်ပင်လိုက်ဦးမယ်၊ အားမှသွားလုပ်မယ်၊ ခနပြန်စဉ်းစားလိုက်ဦးမယ်၊ လက်ထဲငွေကျန်မှလုပ်မယ်။ အာမခံဆိုတာစောင့်လို့ရတဲ့အရာမဟုတ်ပါဘူး။ ဝယ်လိုက်မှရတဲ့အရာတစ်ခုပါ။
ရောဂါကျွမ်းနေတဲ့လူက ကျန်းမာရေးအာမခံအရမ်းဝယ်ချင်ပေမယ့်၊ ဝယ်လို့မရတော့ပါဘူး
အက်ဆီးဒင့်ဖြစ်တဲ့အချိန်ကျမှ Personal Accident ဝယ်ချင်လို့လည်းမဖြစ်နိင်တော့ပါဘူး တော်တော်နောက်ကျသွားပါပြီ
ကျွန်တော်တို့ဆီက အာမခံထားတဲ့လူတွေပြောနေကျစကားက
အရင်က ကျွန်တော်/ကျွန်မ မယုံဘူး၊ ခုကတော့ အာမခံအပေါ်ယုံကြည်သွားပြီ
အရင်က ကျန်းမာရေးမကောင်းမှဝယ်မှာပေါ့၊ ခုတော့သိသွားပြီ ကျန်းမာရေးမကောင်းရင် ဝယ်လို့မရတော့ပါဘူး
အရင်က အသုံးမကျတဲ့လူမှ အာမခံဝယ်တာ၊ ခုတော့ အာမခံဝယ်တဲ့လူက အသုံးမကျလို့မဟုတ်တာ သိသွားပါပြီ
အရင်က ကိုယ့်ကိုကိုယ် အက်ဆီးဒင့်မဖြစ်ဘူထင်နေတာ၊ ခုတော့ ကိုယ်တခုခုဖြစ်မှာကိုမကြောက်ဘူး ကြိုပြီး သေချာမပြင်ဆင်ထားမှာကိုပဲကြောက်တာ
အရင်ကထင်တာ ဆေးရုံကအသက်ကယ်တဲ့နေရာ၊ ခုမှသဘောပေါက်သွားတာ ဆေးရုံဆိုတာ ပိုက်ဆံရှိမှတက်လို့ရတာနေရာ
အရင်ကနားလည်ထားတာ အာမခံထားတယ်ဆိုတာ ကိုယ့်ဝင်ငွေထဲကဖဲ့ပေးနေရတဲ့အရာ၊ ခုမှသိလိုက်ရတာ အာမခံဆိုတာ ဒုတိယအသက်တစ်ချောင်း
အရင်ကထင်တာ ဖြစ်တော့မှကြည့်လုပ်တာပေါ့ကွာ၊ ခုမှသိတာ ဖြစ်သွားရင်ကြည့်လုပ်ခွင့်တောင်ရမှမဟုတ်ဘူးဆိုတာ
အရင်ကထင်တာ အာမခံထားတဲ့ငွေက အာမခံကုမ္မဏီကအမြတ်ထုတ်သွားတာ၊ ခုအာမခံဝယ်ပြီးမှ သိလိုက်ရတာ အာမခံကုမ္မဏီကကျွန်တော်တို့ကိုလျော်နိုင်ဖို့အတွက်ပိုက်ဆံရှာနေတယ်ဆိုတာ
အရင်ကထင်နေတာ ကိုယ့်ဘာကိုယ်နည်းနည်းဂရုစိုက်လိုက်ရင်အဆင်ပြေမယ်ပေါ့၊ ခုမှသဘောပေါက်သွားတာက အက်ဆီးဒင့်(ဘေးအန္တရာယ်ဆိုတာ) အချိန်မရွေး နေရာမရွေးဖြစ်နိုင်တဲ့အရာပါ
ကျွန်တော့်အာမခံအကြောင်းစိတ်ဝင်စားသူထဲက တစ်ဦးပါ။
အားလုံးဘေးအန္တရာယ်ကင်းကျန်းမာကြပါစေ

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Latha Tsp.
Yangon