Glow Everyday with Hsak Streaming
Skincare လုပ်ရင်း ဂိမ်းဆော့မယ့် Personal blogger လေး ❤️🤩😘😘
Sheet mask skin Booster reviews လေးပါ
DISCOUNT ချတုန်း ၃၀၀၀ နဲ့ ဝယ်လိုက်ပြီး
အသက် ၂၅ကျော် Anti-aging ဖြစ်တဲ့ အိုမင်းရင့်ရော်မှုအတွက် အထောက်အကူပြုတဲ့ ပန်းရောင် skin Booster လေးပါ
သုံးပြီးသွားတော့ မျက်နှာက တင်းတင်းလေးနဲ့ နေလို့အရမ်းကောင်းပါတယ် အနံ့လေးက သင်းသင်းလေးပါ
အသေးစိတ်လေးကိုတော့ Video လေးမှာ ရှင်းပြပေးထားပါတယ် အသက် ၂၅ ကျော်လာရင်တော့ ကျိန်းသေ Sheet mask ကပ်ပေးရင် skin တွက်အများကြီး အထောက်အကူပြုပါတယ်ရှင့်
ခုသုံးပြထားတာလေးက
BYPHASSEMyanmar က ဝယ်ယူထားတာပါရှင့်
10 out of 7 ပါ 🩷
Sheet mask ကပ်ရတာ ကြိုက်တဲ့သူမို့ ခုချိန် ၃၀၀၀နဲ့ချတုန်း ဝယ်ထားသင့်လို့ လက်တို့လိုက်ပါတယ်ရှင့်
19/12/2024
အသက် ၂၅ ကျော်လာပြီဆိုရင် Collagen က မရှိမဖြစ် ထည့်ပြီး အသုံးပြုပေးရမဲ့ item ၁ခုဆို မမှားပါဘူး
ကျွန်မတို့လို ကလေးနို့တိုက်နေတဲ့ မိခင်တွေ မေမေတွေဆိုရင် ဟော်မုန်း အပြောင်းအလဲကြောင့် အသားအရေ တွေဟာ သိသိသာသာ ပြောင်းလဲလာတဲ့အပေါ် အနည်းအကျဉ်းလေးတော့ ဂရုစိုက် ပေးဖို့ လိုအပ်ပါတယ် လုံးဝ ဂရုမစိုက်ပေးရင် အသားရေတွေက ဒီနေရာမှာ ပျက်စီး လွယ်ပါတယ်
🤱 နို့တိုက် မေမေ ဖြစ်နေသေးတဲ့အတွက် Collagen သောက်သုံးပေးလို့မရသေးလို့ 🙅
အရေပြားပေါ်ကနေ ထည့်သွင်း အသုံးပြုလို့ရတဲ့ item ထဲမှာ ပါဝင်တဲ့ Products လေးတွေစပြီး ရွေးသုံးပေးသင့်ပါတယ် 🤍
အသုံးပြုတဲ့ products က Chemical အရမ်းများလို့လည်း မရသေးပါဘူး
အဲ့ကြောင့် Facial foam 🧖 လေးကို ကျွန်မသုံးတာ ၁လ ကျော်လောက်ရှိနေပါပြီ
သူ့ထဲမှာ -
Red Yeast Rice, Niacinamide နဲ့
Hyaluronic Acid ပါဝင်လို့ အသားအရေကို
အတွင်းပိုင်းထိ ရေဓါတ်ပြည့်ဝစေပြီး ဟိုးအောက်က အညစ်အကြေးတွေပါ ပြောင်စင်စေတဲ့အပြင်
ကော်လာဂျင်ထုတ်လုပ်မှုပါ မြှင့်တင်ပေးလို့ မျက်နှာ အသားရေကို တင်းရင်းချောမွေ့ စေတဲ့ Glow glass skin လေးကို
ရရှိစေပါတယ်
ဈေး အနေနဲ့လည်း ၁၅၀၀၀ မကျော်တော့ collagen ပါဝင်တဲ့ budget products ဖြစ်တဲ့အတွက် အဆင်ပြေမယ်ထင်လို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင့်
Hearty Heart
Hearty Heart
03/12/2023
❄️ အကြောပြတ်ရာတွေကင်းစင် မှေးမှိန်ပြီး ဆောင်းတွင်းဘက် မရှိမဖြစ် 🧴Body Lotion လေးရယ် နဂိုထက် တဆင့်ပိုဖြူစေမဲ့
Secret လက်နက် Body lotion လေး တစုံကို ပြောပြပေးပါမယ် 🧡
ဒါလေးက အားလုံးနဲ့ တကယ် အထောက်အကူဖြစ်စေမှာပါ 🧡
➡️ အမဲစက် အမာရွတ် အကြောပြတ်ရာ မဲတာ ညိုတာ အသား ညစ်တဲ့ Skin type တွေအတွက်ပါ 🧡
(FOR All Skin type)
❄️ အမရဲ့ အသားက ညိုပါတယ် လက်တွေညိုတာ က ပြသနာမရှိပေမယ့် အသားရေက မွဲခြောက်ခြောက်နဲ့ အမာရွတ် လေးတွေရှိလို့ အဲ့တော့ စိတ်က လုံးဝ confidence မရှိပါဘူး အတိုအပြတ်ဝတ်ရင် နည်းနည်း ရှက်တတ်တ့ဲ ဘက်ပိုသွားပါတယ် 😁
ခု အဲ့လိုမဖြစ်အောင် သေချာလေး Body ပြန် care နေတာ အရင်ကလည်း Lotion တွေလူးပါတယ်
ဒါမဲ့ပုံမှန်ပါပဲ လိမ်းခဏပဲ လိမ်းပြီးရင် ဟိုလို ဖြူ ကြည် လာတာ ဘာညာမရှိဘူး ခု ဒီလိုအတွဲလေး တွဲလိုက်တာ လုံးဝ အသားလေးက ကြည်လာပြီး အမာရွတ်လေးတွေ ပါးလာတဲ့ အပြင် အကြောပြတ်ရာပါမရှိဘူး တဆင့် တကယ်ဖြူလာလို့ ဒါလေးက လုံးဝ Honest review ေလးပါ
✅ Results လေးတွေလည်း
ထည့်ပေးထားပါတယ် ဒါတောင် လ အနည်းငယ် ပဲရှိသေးတဲ့ Results ပါ ကြားထဲ အပျင်းနဲနဲတစ်ပြီး မလိမ်းဖြစ်တဲ့နေ့လေးတွေတောင်ပါသေးတယ် 😅😅😅
ခြုံပြောရရင် သိသာတဲ့ Results ကြောင့် sharing ပေးတာပါ 🧡
➡️သူ့ရဲ့ Results က အမဲစက်တွေ အကြောပြတ်ရာတွေ မှိန်ပြီး ပါးစေတယ် skin က ကြည်ကြည်လေးဖြစ်လာတော့ တဆင့်ပိုလင်းလာတယ် အရမ်းကြီး ကြည်တောက်ရှင်း မဖြစ်သေးဘူး ဒါမဲ့ လ အနည်ငယ်တွင်း သိသာတဲ့ Results ကြောင့် စွဲလူးရင် လုံးဝ လိုချင်တဲ့ Target ရောက်မယ်လို့မြင်တယ် ✅
🧴 Bio-Oil Myanmar Bio-oil လိုးရှင်းမှာက အဆီဓာတ်လေးပါ ပါတော့ ခုလို ဆောင်းရာသီအတွက် လိုအပ်တဲ့ ဓာတ်စာဆိုလည်းမမှားဘူး
သူတို့ တဘူးခြင်းဆီကို လိမ်းတာ Results က သိပ်မသိသာဘူး တွဲလိမ်းလိုက်တော့
🧴 BYPHASSEMyanmar Byphasse ရဲ့ Nourishing Body milk က Royal Jelly ပါပါတော့ Toneup effects ကြောင့် အမဲစက်တွေပါးပြီး တဆင့်ပိုဖြူဖို့ကို အထောက်အကူ ပို ပြုတယ်လို့ မြင်တယ် အဲ့ကြောင့် ဒီအတွဲလေး ရွေးချယ်လိုက်တာ ✅
❄️ Texture က Bio-oil Lotion က အရည်ကြဲကြဲလေး ကို ဆီပါတယ်
🧴 Byphasse ရဲ့Nourishing Body milk with Royal Jelly ကကြ အပြစ်ဘက်သွားတယ် သူ့တမျိုးထဲ လိမ်းရင် စွဲလိမ်းကတယ် သိပ်မကြိုက်ဘူး အဲ့ကြောင့် Bio-oil လူးပြီး သူ့လိမ်းတော့ လုံးဝ Perfect ပဲ တကယ်မိမိုက်တဲ့ အတွဲ Results လည်းကောင်း ✅
အနံ့လေးတွေကတော့ သိပ်မပါဘူး ပါတော့ပါတယ် အရမ်းကြီး မပါဘူး သင်းသင်းလေးနဲ့ တော်တော်အဆင်ပြေတယ်
Byphasse ကို ပုံမှန် Toner ေလာက်ပဲ အသိများကြတော့ ဒါလေးကိုပါ Try ေစချင်တယ် တကယ် ရလာတဲ့ Results ကို လုံးဝ ကြိုက်မှာ 🧡
သူတို့ ၂ဘူးက Brand မတူလို့ ရှာလို့လွယ်အောင် Page တခုစီပါ ထည့်ပေးထားပါတယ်ရှင့် 🧡
➡️ ဈေးလေးတွေန့ဲ အသေးစိတ်ကိုတော့ Page လေးမှာ မေးကြည့်ပေးနော် အမက အတွဲလိုက်ဝယ်ထားတာ ကြာပြီမို့ သိပ်မမှတ်မိတော့လို့ 🙏
Products လေးတွေကို သေခြာလေး အသုံးပြုပြီးမှ ရေးလို့ စိတ်ချတဲ့ Quality ကို အမြဲပေးချင်တာမို့ Post တခုနဲ့ တခု ကြာတာရယ် ကလေးလေးတဖက်နဲ့မို့ Reply လေးတွေ မပြန် နိုင်တာကို ခွင့်လွှတ်ပေးပါနော် 🙏
မိန်းကလေးတိုင်း အမြဲအလှတိုး နုပျိုကြပါစေ 🙏
လအနည်းငယ်လေး အတွင်းမှာပဲ Results လေးကောင်းလို့ ပေးတာ ခြေထောက်ပုံလေးမို့ အနောက်ဆုံးမှာပဲ ထည့်ပေးလိုက်ပါတယ် Results ပြချင်လို့ ရိုင်းသလိုဖြစ်ရင် တောင်းပန်ပါတယ် 🙏 နော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon